by Moenge Aung on Monday, November 19, 2012 at 3:37pm
Photo
Android Device တွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် Application
တွေကို အွန်လိုင်းမှတစ်ဆင့် အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအခမဲ့
ရယူနိုင်တဲ့ ဝက်ဘ်ဆိုက်တွေဟာလည်း များစွာပေါ်ထွက်လျက် ရှိနေပြီး ထိပ်တန်း
Android Application Download ဝက်ဘ်ဆိုက် ၁၀ ခု အကြောင်းကို ဖော်ပြပေးလိုက်
ပါတယ်။
1. 1mobile
1mobile ကတော့ Android User အများစု သိရှိပြီးသားဖြစ်မယ့် ဝက်ဘ်ဆိုက်တစ်ခု
ဖြစ်ပါတယ်။ Page ပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော် ပါဝင်တဲ့ 1mobile
မှာတော့ အခြားဝက်ဘ်ဆိုက်တွေထက်ကို ဝင်ရောက်လေ့လာပြီး ဒေါင်းလုပ်ရယူသူ
များပြားလှပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.1mobile.com
2. Approb
Android Application တွေ အခမဲ့ ရယူနိုင်မယ့် ဝက်ဘ်ဆိုက်တွေအကြောင်းကို
ပြောမယ်ဆိုရင် Approb ကို ကျော်သွားလို့ရနိုင်မှာ မဟုတ်ပါဘူး။
နေ့စဉ်ဝင်ရောက်ကြည့်ရှုသူပေါင်း နှစ်သောင်းကျော်ရှိပြီး ပမာဏကြီးမားတဲ့
ဂိမ်းများကိုပါ ရယူနိုင်မှာ ဖြစ်ပါတယ်။ Application Installation
ပိုင်းနဲ့ပတ်သက်လို့လည်း ရှင်းလင်းချက်များ ပါဝင်နေပါတယ်။
ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.approb.com ဖြစ်ပါတယ်။
3. Android freeware
ဝက်ဘ်ဆိုက်ရဲ့ နာမည်ကိုက Android freeware ဖြစ်ပြီး Android Application
တွေကို အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။ အခမဲ့ ရယူနိုင်မယ့် Application နဲ့
Game များစွာကို ဝက်ဘ်ဆိုက်အတွင်းမှာ ထည့်သွင်းပေးထားပြီး Android freeware
ရဲ့ Fan ပေါင်း နှစ်သောင်းလေးထောင်ကျော် အသုံးပြုနေတဲ့
ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.androidfreeware.net
4. Androidapps
Androidapps ဟာလည်း Android Application တွေကို အခမဲ့ ရယူနိုင်မယ့်
ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Application တွေကို Category အလိုက်
ခွဲခြားပေးထားပြီး စာမျက်နှာပေါင်း တစ်သောင်းငါးထောင်ကျော် ပါဝင်နေပါတယ်။
ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.androidapps.com
5. Androidgamesroom
Android Application နဲ့ Game အမျိုးအစားပေါင်းစုံလင်စွာရှိတဲ့
ဝက်ဘ်ဆိုက်တစ်ခုကို ထပ်မံဖော်ပြပေးရမယ် ဆိုရင်တော့ Androidgamesroom မှာ
ဝင်ရောက် လေ့လာရယူနိုင်မှာ ဖြစ်ပါတယ်။ မိမိဒေါင်းလုပ်ရယူလိုတဲ့ Application
နဲ့ Game တွေကို အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပြီး နေ့စဉ်ဝင်ရောက်
ကြည့်ရှုသူပေါင်း တစ်သောင်းနှစ်ထောင်ကျော် ရှိပါတယ်။
ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.androidgamesroom.com
6. Playandroid
နံပါတ် ၆ နေရာမှာရှိတဲ့ Playandroid ကိုတော့ နေ့စဉ်ဝင်ရောက်လေ့လာသူပေါင်း
တစ်သောင်းကျော်ရှိနေတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ Category
အလိုက်ခွဲခြားထားတဲ့ Application နဲ့ Game တွေကို အခမဲ့
ရယူနိုင်မှာဖြစ်ပြီး Register ပြုလုပ်ထားသူများအနေနဲ့ ပိုမိုများပြားတဲ့
Application တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့လင့်ကတော့ www.playandroid.com
7. Best android downloads
Best android downloads မှာတော့ အရွယ်အစားကြီးမားတဲ့ ဂိမ်းအမျိုးအစား http://www.appdoll.com
8. Appsapk
ရိုးရှင်းတဲ့ ဒီဇိုင်းသွင်ပြင်ရှိပြီး၊ Application တွေကို အခမဲ့
ရယူနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူများအတွက် အဆင်အပြေဆုံးပုံစံနဲ့
တည်ဆောက်ထားပြီး နေ့စဉ်အသုံးပြုသူပေါင်း နှစ်ထောင်ကျော် ရှိပါတယ်။
အလွန်ကောင်းမွန်တဲ့ ရှာဖွေမှုစနစ်ကို ထည့်သွင်းထားတဲ့ Appsapk ရဲ့
လင့်ကတော့ www.appsapk.com
9. Android software download
Android software download ကတော့ စာမျက်နှာပေါင်း ငါးရာကျော်နဲ့
နံပါတ်ကိုးနေရာမှာ ရှိနေပါတယ်။ Android Application နဲ့ Game တွေကို အခမဲ့
ရယူနိုင်မှာဖြစ်ပြီး လင့်ကတော့ www.androidsoftwaredownload.com
10. Appdoll
နံပါတ်တစ်ဆယ်နေရာမှာတော့ Appdoll က ရယူထားပတယ်။ ဒီဝက်ဘ်ဆိုက်အတွင်းမှာတော့
Android နဲ့ပတ်သက်တဲ့ Application နဲ့ Game တွေကို အခမဲ့
ရယူနိုင်မှာဖြစ်ပြီး အလွယ်တကူ ရယူနိုင်ဖို့အတွက် Category အလိုက်
ခွဲခြားပေးထားပါတယ်။ ဝက်ဘ်ဆိုက်လင့်ကတော့ www.appdoll.com
ေ၇ွှမန်းသားလေးဝေယံ (နည်းပညာ) ဆိုက်ကူးယူဖေါ်ပြသည်။
0 ကွန်မန့်ရေးရန်:
Post a Comment