Wednesday, November 21, 2012

နိုင်ငံတကာ ရွှေတိုင်းတာမှု စတင်ပြောင်းလဲ သုံးစွဲတော့မည်



New MyanmarFoundation shared Myanmar Online News's photo.
နိုင်ငံတကာ ရွှေတိုင်းတာမှု စတင်ပြောင်းလဲ သုံးစွဲ တော့မည်
Monday, 19 November 2012

နိုင်ငံတကာ ဈေးကွက် အတွင်း အသုံးပြု တိုင်းတာ လျက်ရှိတဲ့
ရွှေအလေးချိန်နဲ့ သိပ်သည်းဆ တိုင်းတာမှု ပုံစံအတိုင်း ပြည်တွင်းမှာ စတင် ပြောင်းလဲသုံးစွဲတော့ မယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

နိုင်ငံတကာ ဈေးကွက်မှာ ရွှေအလေးချိန်ကို ဂရမ်၊ ကီလိုဂရမ်၊ ထရိုင်အောင်စ၊ ပေါင် အစရှိတဲ့ အတိုင်း သုံးစွဲ လျက်ရှိတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဈေးကွက် မှာတော့ ရွေး၊ ပဲ၊ တစ်မတ်၊ ငါးမူး၊ တစ်ကျပ်သား အစရှိတဲ့အတိုင်း သုံးစွဲလျက် ရှိတာကြောင့် နိုင်ငံတကာ ပုံစံအတိုင်း
ပြောင်းလဲ သုံးစွဲဖို့ စီစဉ် ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံ အတွင်းမှာ နိုင်ငံတကာ အလေးချိန် အတိုင်းအတာ တွေကို စံအဖြစ် သတ်မှတ် သုံးစွဲနေ ပေမယ့် ရွှေထွက်ရှိတဲ့ နေရာများ အပေါ် မူတည်ကာ အလေးချိန် တိုင်းတာမှု အနည်းငယ် ကွာခြားလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း အဆိုပါ ကွာခြားမှုများ မရှိစေဖို့နဲ့ လက်ရှိ သုံးစွဲနေတဲ့ ရွှေအလေးချိန် တွေကို နိုင်ငံတကာ ဈေးကွက် အရ ၀ယ်ယူသူတွေ ရှင်းလင်းမှု မရှိတာကြောင့် နိုင်ငံတကာမှာ သုံးစွဲလျက် ရှိတဲ့ ဂရမ်နဲ့ ထရိုင် အောင်စကို စံတစ်ခု သတ်မှတ်ကာ ပြောင်းလဲ သုံးစွဲသွားဖို့ တစ်ဆင့်ခြင်း စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒီလို ရွှေအလေးချိန် တိုင်းတာမှုမှာ တစ်ထရိုင် အောင်စကို ၁.၈၇၅ ကျပ်သား ရှိပြီး တစ်ကျပ်သားမှာ ၁၆.၆၀၀ ဂရမ် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းထွက် ရွှေတွေကို ရွှေရည် ပြည့်မီစေဖို့နဲ့ ရွှေရဲ့သိပ်သည်းဆ ကိုပါ တသမတ်တည်း ဖြစ်အောင် ပြုလုပ် သွားဖို့ ရှိတာလည်း
ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ရွှေသိပ်သည်းဆ ၁၉.၂၅ ရှိရမှာ ဖြစ်ပြီး လက်ရှိ နိုင်ငံတကာ ရွှေသိပ်သည်းဆ ကိုတော့ ၁၉.၃ နဲ့ ၁၉.၃၂ ကြားမှာ သုံးစွဲလျက် ရှိတယ်လို့ သိရပါတယ်။

MRTV - 4

Monday, 19 November 2012

နိုင်ငံတကာ ဈေးကွက် အတွင်း အသုံးပြု တိုင်းတာ လျက်ရှိတဲ့ရွှေအလေးချိန်နဲ့ သိပ်သည်
းဆ တိုင်းတာမှု ပုံစံအတိုင်း ပြည်တွင်းမှာ စတင် ပြောင်းလဲသုံးစွဲတော့ မယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

နိုင်ငံတကာ ဈေးကွက်မှာ ရွှေအလေးချိန်ကို ဂရမ်၊ ကီလိုဂရမ်၊ ထရိုင်အောင်စ၊ ပေါင် အစရှိတဲ့ အတိုင်း သုံးစွဲ လျက်ရှိတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဈေးကွက် မှာတော့ ရွေး၊ ပဲ၊ တစ်မတ်၊ ငါးမူး၊ တစ်ကျပ်သား အစရှိတဲ့အတိုင်း သုံးစွဲလျက် ရှိတာကြောင့် နိုင်ငံတကာ ပုံစံအတိုင်း
ပြောင်းလဲ သုံးစွဲဖို့ စီစဉ် ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံ အတွင်းမှာ နိုင်ငံတကာ အလေးချိန် အတိုင်းအတာ တွေကို စံအဖြစ် သတ်မှတ် သုံးစွဲနေ ပေမယ့် ရွှေထွက်ရှိတဲ့ နေရာများ အပေါ် မူတည်ကာ အလေးချိန် တိုင်းတာမှု အနည်းငယ် ကွာခြားလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း အဆိုပါ ကွာခြားမှုများ မရှိစေဖို့နဲ့ လက်ရှိ သုံးစွဲနေတဲ့ ရွှေအလေးချိန် တွေကို နိုင်ငံတကာ ဈေးကွက် အရ ၀ယ်ယူသူတွေ ရှင်းလင်းမှု မရှိတာကြောင့် နိုင်ငံတကာမှာ သုံးစွဲလျက် ရှိတဲ့ ဂရမ်နဲ့ ထရိုင် အောင်စကို စံတစ်ခု သတ်မှတ်ကာ ပြောင်းလဲ သုံးစွဲသွားဖို့ တစ်ဆင့်ခြင်း စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒီလို ရွှေအလေးချိန် တိုင်းတာမှုမှာ တစ်ထရိုင် အောင်စကို ၁.၈၇၅ ကျပ်သား ရှိပြီး တစ်ကျပ်သားမှာ ၁၆.၆၀၀ ဂရမ် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းထွက် ရွှေတွေကို ရွှေရည် ပြည့်မီစေဖို့နဲ့ ရွှေရဲ့သိပ်သည်းဆ ကိုပါ တသမတ်တည်း ဖြစ်အောင် ပြုလုပ် သွားဖို့ ရှိတာလည်း
ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ရွှေသိပ်သည်းဆ ၁၉.၂၅ ရှိရမှာ ဖြစ်ပြီး လက်ရှိ နိုင်ငံတကာ ရွှေသိပ်သည်းဆ ကိုတော့ ၁၉.၃ နဲ့ ၁၉.၃၂ ကြားမှာ သုံးစွဲလျက် ရှိတယ်လို့ သိရပါတယ်။

MRTV - 4

0 ကွန်မန့်ရေးရန်:

Post a Comment