This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 24, 2012

ဒေါ်အောင်ဆန်းစုကြည် CNN မှာ ဘာတွေ ပြောခဲ့သလဲ





• CNN ။ ။ ဒေါ်စုကို အရမ်းကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေမှာ တွေ့နေရတယ်နော် ။ အခုဘဲ အမေရိကန် လွှတ်တော်က ပေးတဲ့ Congressional Gold Medal ဆုကို လက်ခံခဲ့ပြီးပြီ ။ နိုဘယ်ဆုလည်း ယူပြီးသွားပြီ ။ ဒေါ်စုကို သူရဲကောင်းတစ်ယောက်လို ကြိုဆိုမှုတွေ တွေ့ရတယ် ။ လူတွေက အကြာကြီး မတ်တပ်ရပ် လက်ခုပ်တွေ တီးကြရင် ဒေါ်စုပုံကို ကြည့်ရတာ သိသိသာသာ မနေတတ် ဖြစ်နေသလိုဘဲ ။ အဲဒါမျိုးလုပ်ကြတာ ဒေါ်စုအတွက် တမျိုးကြီးများ ဖြစ်နေလို့လား ။

 • ဒေါ်အောင်ဆန်းစုကြည် ။ ။ တမျိုးကြီးဖြစ်တာတော့ မဟုတ်ရပါဘူး ။ ကျမ အရမ်းကျေးဇူးးတင် သဘောကျ ပါတယ် ။ ဒါပေမယ့် တခါတလေ နေရထိုင်ရခက်တာမျိုးတော့ ရှိပါတယ် ။ 

• CNN ။ ။ အဲဒါ ဘာကြောင့်များလဲ ။

 • ဒေါ်အောင်ဆန်းစုကြည်။ ။ အလွန်အကျွံ အာရုံစိုက်ခံရရင် ဘယ်သူမှ နေတတ်မှာ မဟုတ်ဘူးလေ ။ 

• CNN ။ ။ ဒါပေမယ့် ဒေါ်စုလုပ်ခဲ့တာတွေဟာ တကယ့်ကို ကြီးကြီးကျယ်ကျယ် သက်ရောက်မှုတွေ ရှိခဲ့တယ်လေ ။ ဘယ်အရာကများ အကြီးကျယ်ဆုံး အောင်မြင်မှုလို့ ဒေါ်စု ထင်သလဲ ။ အားလုံးကို ပြန်ပြီး အနှစ်ချုပ်ရရင် ဘယ်လိုလုပ်ရပ်ကြောင့် ဒီလိုဆုတွေရတာလို့ ထင်ပါသလဲ ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ ဘယ်ဟာက အကြီးကျယ်ဆုံးအောင်မြင်မှုတွေရ လဲဆိုတာ ပြောဖို့ စောနေ ပါသေး တယ် ။ ဒီဆုတွေကို ရတာက ကျမတိုင်းပြည်က ပြည်သူ ပြည်သားတွေ ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ကြိုးစားပေးခဲ့လို့ လို့ ထင်တာပါဘဲ ။

 • CNN ။ ။ ပန်းတိုင်ရောက်ဖို့ ခရီးကတော့ လိုသေးတာပေါ့လေ ။ ဒါပေမယ့် အခုအခြေအနေက အရင်နဲ့ အတော်ကွာတာ သိသာပါတယ် ။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကထိ ဒေါ်စုအနေနဲ့ ဒီနေရာမှာ ဒီလိုထိုင်ပြီး အင်တာဗျူးတွေ ဖြေနေဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေ မဟုတ်လား ။ အခု ဒေါ်စုအနေနဲ့ မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို အဆုံးသတ်ဖို့ တိုက်တွန်းတော့မလား ။ အထူးသဖြင့် မြန်မာ့ ပြည်တွင်းထုတ်ကုန်တွေအပေါ် ချထားတဲ့ ပိတ်ဆို့မှု export sanction ကို ပယ်ဖျက်ဖို့ တိုက်တွန်းမလားဆိုတာ သိပါရစေ ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ အမေရိကန်ကို သွင်းတဲ့ မြန်မာ့ထုတ်ကုန်တွေအတွက် ပြောတာလား ။ 

• CNN ။ ။ ဟုတ်ပါတယ် ။

 • ဖြေ ။ ။ ဟုတ်ကဲ့ ။ ရုပ်သိမ်းသင့်ပြီလို့ ထင်ပါတယ် ။ လုံးဝကြီး ရုပ်သိမ်းတာ မဟုတ် ရင်တောင် လျှော့ချ တာ မျိုး လုပ်လို့ရပါတယ် ။ အဲလို လုပ်တာကို ကျမ အားပေးမှာပါ ။ ကျမတို့ ပြည်သူတွေကို သူတို့ လုပ်နိုင်တာ လုပ်ပြဖို့ အခွင့်အရေး ပေးရမယ့် အချိန် ရောက်ပြီထင်ပါတယ် ။ ကျမ အရင်ကလည်း ပြောခဲ့ပါတယ် ......ပန်းတိုင်ကို ရောက်ဖို့ဆိုတာ ပြင်ပအားတွေကိုချည်း အမြဲကိုးစားနေ လို့ မရပါဘူး ။ ကျမတို့ကို ပြင်ပ မိတ်တွေတွေက ကူညီတာကို အရမ်းကို ကျေးဇူးတင် ၀မ်းမြောက်ပါတယ် ။ ဆက်ပြီးကူညီလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ။ ဒါပေမယ့် ကျမတို့ကိုယ်တိုင်လည်း ကိုယ့်ကြမ္မာ ကိုယ် တာဝန်ယူ ဖန်တီးဖို့ လိုပါတယ် ။ 

• CNN ။ ။ ဆိုလိုတာက မြန်မာပြည်က တွင်းထွက်ပစ္စည်းတွေ ၊ ဂက်စ်တွေ နဲ့ သဘာဝ သယံဇာတ တွေ.....ဘာဘဲဖြစ်ဖြစ်.....အမေရိကန်ကို သွင်းဖို့ အချိန်ရောက်ပြီ ထင်တယ်ပေါ့ ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ကဲ့ ။ ပွင့်လင်းမြင်သာမှု transparency နဲ့ ကိုယ်လုပ်တာကို တာဝန်ခံနိုင်မှု accountability တို့ တော့ ရှိရမယ်လေ ။ 

• CNN ။ ။ နိုင်ငံရေး အကျဉ်းသားတွေကိစ္စကရော......... ။ သမ္မတကြီးက သိပ်မကြာခင်တုန်းက လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာတယ်မဟုတ်လား ။ အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါတာကို ဒေါ်စု အနေနဲ့ အားရ ကျေနပ်ရဲ့လား ။ ကိုယ်မျှော်လင့်ထားသလောက် လွတ်ရဲ့လား ။ 


• ဒေါ်အောင်ဆန်းစုကြည်။ ။ ဟင့်အင်း.....ကျမတို့ စာရင်းမှာ ပါသလောက် မလွတ်လာပါဘူး ။ နိုင်ငံရေးအကျဉ်းသား စာရင်းက ကျမတို့ ပါတီတစ်ခုတည်းတင် ရှိတာမဟုတ်ဘူး ၊ ကျန်တဲ့ အဖွဲ့အစည်းတွေမှာလည်း စာရင်းတွေလည်း ရှိပါတယ် ။ အဲဒီစာရင်းတွေက NLD က စာရင်းထက် ပိုတောင် ရှည်သေးတယ် ။ ဒါကြောင့် အထဲမှာ မလွတ်ဘဲ ကျန်နေသူတွေ ရှိနေပါသေးတယ် ။ 


• CNN ။ ။ လွတ်လာမယ်လို့ ကော ထင်လား ။ • ဒေါ်အောင်ဆန်းစုကြည် ။ ။ ထင်ပါတယ် ။ တတ်နိုင်သလောက် အမြန်ဆုံး လွတ်ကြမယ်လို့ ထင်ပါတယ် ။ 

• CNN ။ ။ သမ္မတကြီးတို့ဘက်ကရော အဒီကိစ္စအပေါ်မှာ ဒေါ်စု တစ်သဘောတည်း ရှိကြရဲ့လား ။
 • ဒေါ်အောင်ဆန်းစုကြည် ။ ။ '' တစ်သဘောတည်း '' ဆိုတာ ဘာကို အတိအကျ ရည်ရွယ်ပြောချင်တာလဲ မသိဘူး ။ ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်သင့်တယ်လို့ ယုံကြည်တဲ့ လူတွေ အစိုးရထဲမှာ ရှိတယ်လို့ ကျမထင်ပါတယ် ။ 

• CNN ။ ။ အခု ဒေါ်စုက သမ္မတ ဦးသိန်းစိန်နဲ့ တွဲပြီး အလုပ်တွေ လုပ်နေတယ် ။ သူကလည်း အရင်က စစ်တပ်ကနော် ။ ဒီလူတွေဟာ ဒေါ်စုရဲ့ ခင်ပွန်းကို တွေ့ခွင့်မရအောင် ပိတ်ပင်ခဲ့တဲ့လူတွေ မဟုတ်လား ။ ဒေါ်စုရဲ့ သားတွေနဲ့ မတွေ့ရအောင် လုပ်ခဲ့သူတွေ မဟုတ်ဘူးလား ။ တိုင်းပြည်ကို ဖိနှိပ်ခဲ့တဲ့လူတွေ ဆိုတာ ထည့်မပြောနဲ့ဦး ။ ဒီလူတွေနဲ့ အလုပ်အတူတွဲလုပ်ရတာ ဘယ်လိုနေလဲ သိပါရစေ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ သူတို့ ကျမအပေါ်လုပ်ခဲ့တာတွေကို ပုဂိုလ်ရေးအရလုပ်တယ်လို့ ကျမ ဘယ်တုန်းကမှ မယူဆခဲ့ပါဘူး ။ ဒါဟာ နိုင်ငံရေးလေ ။ နိုင်ငံရေးထဲ ၀င်ရင် ဒီလို ပြသာနာတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ အစကတည်းက ပြင်ဆင်ပြီး ဖြစ်ရမယ် ။ ကျမ စစ်ဗိုလ်တွေတော်တော်များများကို သဘောကျပါတယ် ။ ပြောရရင်တော့ ကျမက လူတွေ အပေါ် များသောအားဖြင့် သဘောကျတာ များပါတယ် ။ 

• CNN ။ ။ စစ်ဗိုလ်တွေအပေါ် သဘောကျတယ်လို့ ပြောတာ ကြားရတာ အတော် အံ့သြမိတယ် ။ • ဒေါ်အောင်ဆန်းစုကြည် ။ ။ တကယ်တမ်းတော့ တပ်မတော်ထဲက လူတွေနဲ့ ကျမ အမြဲတမ်း အဆင်ပြေခဲ့ပါတယ် ။ ကျမအဖေက ဗမာ့တပ်မတော် တည်ထောင်ခဲ့သူဆိုတာကို မမေ့နဲ့ဦးလေ ။ ဒါကြောင့်သူတို့လုပ်တာကို မကြိုက်ဘူးဆိုရင်တောင် ကျမ သူတို့အပေါ်မှာ မေတ္တာရှိပါတယ် ။

 • CNN ။ ။ ဒီလိုကြားရတာ အံသြလိုက်တာ ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ တကယ်လားရှင့် ။ 

• CNN ။ ။ ဟုတ်တယ် ။ ကျမ အံ့သြမိတယ် ။ • ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမအတွက်တော့ ဘာမှ အံသြစရာ ကိစ္စမဟုတ်ဘူး ထင်ပါတယ် ။ 

 • CNN ။ ။ စစ်အာဏာရှင်စနစ်ကနေ ပြည့်ဝကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်ဘက်ကို ကူးပြောင်းဖို့ အရာမှာ သမ္မတကြီးနဲ့ ဒေါ်စုတို့ရဲ့ ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ ထင်ပါသလား ။ ပုဂိုလ်ရေးဆက်ဆံမှုတင်မကဘဲ နိုင်ငံရေးအရဆက်ဆံမှုကို ဆိုလိုတာနော် ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ ဒီလို အလုပ်မျိုးကို ပုဂိုလ်ရေးရှုထောင့်ကနေ တွေးနေတာဟာ နည်းနည်း အန္တရယ်များတတ်တယ်လို့ ကျမထင်ပါတယ် ။ ဦးတည်ချက်အရ ဓမ္မဓိဌာန်ကျကျ ပိုကြည့်သင့်ပါတယ် ။ အစိုးရအတွင်းက အမှုဆောင်တွေရယ် ၊ လွှတ်တော်ရယ် ၊ တရားရေး မဏ္ဍိုင်ရယ်ဟာ ကျမတို့အားလုံး တည်ဆောက်ဖို့ကြိုးစားနေတဲ့ ဒီမိုကရေစီအခြေခံအုတ်မြစ်တွေ တည်ဆောက်ရာမှာ ၊ လုပ်ငန်းဆောင် တာတွေကိုလုပ်ရာမှာ ပူးပေါင်ဆောင်ရွက်ဖို့လိုပါတယ် ။

 • CNN ။ ။ ဟုတ်ပါပြီ ။ ဒေါ်စုအနေနဲ့ ဒါကို ပုဂိုလ်ရေးတာဝန်အနေနဲ့ မခံယူချင်ဘူးဆိုတာ သိပါတယ် ။ personal ဆိုတဲ့ ဘောင်ထဲမှာ မထည့်ချင်ဘူးဆိုပါတော့ ။ ဒါပေမယ့် အမှန်ပြောရရင်တော့ ဒီလိုတွေ ဖြစ်လာတာ ဒေါ်စုကြောင့်လေ ။ ဒေါ်စုက ဒီကိစ္စတွေကို အကောင်အထည်ပေါ်လာအောင် ဆောင် ရွက်ခဲ့တာဘဲ ။ ဒေါ်စုလို လူမပါခဲ့ရင် ဒါ ဘယ်ဖြစ်လာပါ့မလဲ ။

 • ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟင့်အင်း....ကျမကတော့ အဲလို မယူဆပါဘူး ။ ပြည်သူတွေ မပါခဲ့ဘူးဆိုရင်သာ ဖြစ်လာမှာ မဟုတ်တာပါ ။ အမေရိကန်ကလည်း ကျမတို့ကို အားပေးခဲ့ပါတယ် ။ ဒီအတွက် ကျမ အမေရိကန်လွှတ်တော်ကို ကျေးဇူးတင်ရပါတယ် ။ အမေရိကန် သမ္မတ အုပ်ချုပ်ရေး အသီးသီးကို ကျေးဇူးတင်ရပါတယ် ။ တကမ္ဘာလုံးကလည်း ကျမတို့ကို အများကြီး အားပေးခဲ့ကြပါတယ် ။ လူတိုင်းဟာ ကိုယ့်လုပ်ရပ်အတွက် ၊ ကိုယ့်ဆုံးဖြတ်ချက်အတွက် တာဝန်ယူရမယ်လို့ ကျမ ထင်ပါတယ် ။ ဒါပေမယ့် ကောင်းတဲ့ အဖြစ်အပျက်တွေ အားလုံးဟာ ငါ့တစ်ယောက်တည်းကြောင့်လို့တော့ ထင်လို့ မရပါဘူး ။ 


• CNN ။ ။နေအိမ်အကျယ်ချုပ်ကျစဉ်တုန်းက အဲဒါကို ခံနိုင်ဖို့ ၊ ကျော်လွှားနိုင်ဖို့ ဒေါ်စုအနေနဲ့ အတော် ကလေး ခေါင်းမာခဲ့ရတယ်၊ စိတ်မာခဲ့ရတယ်လို့ ကျမထင်ပါတယ် ။ ကိုယ်လုပ်နေတဲ့အလုပ် ၊ ကိုယ်လို ချင်တာရဖို့အရေး အတော်လေး မဆုတ်မနစ် အလျော့မပေး လုပ်ခဲ့ရမှာဘဲနော် ။ အခု အလျော့ပေးစေ့ စပ်ရေးတွေလုပ်ဖို့ ဒေါ်စု ပြောနေတယ် ။ အဲလို ပြောင်းသွားရတာလေးလည်း သိပါရစေ ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ တကယ်တမ်းတော့ အဲဒါနဲ့ ပတ်သက်ပြီး ပြောင်းလဲသွားတယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး ။ ကျမအနေနဲ့ ညှိနှိုင်းဖို့ အခွင့်အရေးမှ မရခဲ့တာ ။ လူတွေက ကိုယ့်ကို စကားပြောမှ ညှိနှိုင်းတယ်ဆိုတာ လုပ်လို့ရမှာလေ ။ ဒီတိုက်ပွဲတလျှောက်လုံးမှာ ဘယ်တုန်းက မှ ဆွေးနွေးခြင်း dialogue တွေလုပ်ခွင့် မရခဲ့ပါဘူး ။ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်ပင်ညှိနှိုင်းခြင်း consultation တွေ စစ်အစိုးရဘက်က မလုပ်ခဲ့ဘူး ။ ဒီတော့ ကျမတို့မှာ အလျှော့ပေးစေ့စပ်ရေးလုပ်ဖို့ အခွင့်အရေး ရခဲ့တယ်ဘဲ မရှိတာ ။ ကျမပြောင်းလဲ သွားတယ်လို့ လူတွေက တချိန်လုံးပြောနေကြတယ် ။ အရင်က ကျမဟာ ပိုပြီး ထိပ်တိုက်ရင်ဆိုင်တတ်တယ်တဲ့ ။ တကယ်က ကျမပြောင်းလဲတာ မဟုတ်ပါဘူး ။ အခြေအနေတွေက ပြောင်းသွားတာပါ ။ ကျမဘက်က ရင်ကျက်လာတာတော့ ပါတာပေါ့လေ ။ အနှစ် ( ၂၀ ) လောက်ကြာမှတော့ လူဆိုတာ ရင့်ကျက်လာတာ မဆန်းဘူးလို့ ထင်ပါတယ် ။ 


• CNN ။ ။ဒါပေမယ့် ဒေါ်စုက ညှိနှိုင်းခြင်းအတတ်ပညာကို သင်ယူနေတယ်လို့တော့ ပြော ကို ပြောခဲ့ တာဘဲ မဟုတ်လား ။ အပေး အယူသဘောတွေ ၊ ညှိနှိုင်းခြင်းကနေရ တဲ့ အောင်မြင်မှုတွေ အကြောင်း ကို လေ့လာသင်ယူနေတယ်ဆို ။ 

• ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒါက လွှတ်တော်ထဲမှာလုပ်ရတဲ့ သဘောတရားကို ပြောတာပါ ။ လွှတ်တော်ထဲကို ရောက်တာ ကျမ လပိုင်းဘဲ ရှိပါသေးတယ် ။ လောလောဆယ် လွှတ်တော်ထဲက အခြေအနေတွေအတွက် ကျမအရမ်းကို အားတက်ဝမ်းသာရပါတယ် ။ လွှတ်တော် ဥက္ကဌက အတော်လေး သမာသမတ်ကျပြီး ကျမတို့ကို လူနည်းပေမယ့် တကယ့် ထိုက်ထိုက်တန်တန် အတိုက်အခံလို ဆက်ဆံပါတယ် ။ 

 • CNN ။ ။ ဟိုးအရင်တချိန်က အဖြစ်အပျက် တစ်ခုကို သတိရသေးလား မသိဘူး.......စစ်သားတွေက သူတို့ဘက်ကို လျှောက်လာတဲ့ ဒေါ်စုကို သေနတ်နဲ့ ချိန်ထားဖူးတယ်နော် ။ အဲဒီအဖြစ်ကို မှတ်မိသေး လား ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒီအဖြစ်က ကြာလှပါပြီ ။


 • CNN ။ ။ မှတ်မိသေးလား သိပါရစေ ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ မှတ်မိပါတယ် ။ 

 • CNN ။ ။ တခြား လူတွေက နောက်မှာ ကျန်ရစ်ခဲ့ပြီး ဒေါ်စုတစ်ယောက်တည်း ရှေ့ကို ဆက်တိုးသွား တာနော် ။ သူ့တို့ဆီကို တည့်တည့်ကို လျှောက်သွားတော့တာဘဲ ။ အဲဒီတုန်းက စိတ်ထဲမှာ ဘယ်လိုခံစားရလဲ ။

 • ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြောရရင်တော့ ကျမမှာ ရွေးချယ်ခွင့် သိပ်ရှိခဲ့တာ မဟုတ်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ အစက သူတို့ပြောတာက အားလုံး လမ်းဘေးကို ကပ်ပါ တဲ့ ။ ဒါကြောင့် ကျမက လမ်းဘေးက ကပ်နေကြဖို့ ကျမတို့လူတွေကို ပြောပါတယ် ။ ပြီးလည်းပြီးရော အဲဒီ ဗိုလ်မှူးက လမ်းဘေးကပ်ကပ် ၊ လမ်းပေါ်လျှောက်လျောက် ပစ်မယ်ဆိုတဲ့ ပုံစံမျိုး ပြောတယ် ။ ဒီတော့ကျမလည်း ဒီလိုဆိုရင်တော့ လမ်းပေါ်တက်တာကမှ ကောင်းဦးမယ် ဆိုပြီး ဆုံးဖြတ်လိုက်တာပါ ။( ရယ်လျက် ) 

• CNN ။ ။ တကယ်လည်းကျရော သူတို့ မပစ်ခဲ့ဘူးနော် ။ အဲဒါကိုရော ဘယ်လို ဘာကို ပြသလဲ ။ 
• ဒေါ်အောင်ဆန်းစုကြည် ။ ။ မပစ်ဘူးဆိုတာက ဒီလိုပါ ... အဲဒီအချိန်မှာ ဗိုလ်မှူး major တစ်ယောက် က ပြေးလာတယ် ။ အစက သူက ကျမတို့နောက်က လျှောက်နေတာ ။ ပြီးမှ ပြေးလာပြီး တာဝန်ကျတဲ့ စစ်ဗိုလ် captain လေး ထင်ပါရဲ့ .....သူ့ကို မပစ်ဖို့ အမိန့်ပေးတာပါ ။ 

• CNN ။ ။၂၀၀၃ မှာ ဒေါ်စု အသက်ကို ရန်ရှာခံရတဲ့ အထိ ဖြစ်ခဲ့တယ်နော် ။ ( ဒီပဲရင်းကို ဆိုလို ) ။ လူတွေ အများကြီးသေကြတယ် ။ အဲဒီအဖြစ်အပျက်မျိုးကြီး နောက်ပိုင်းမှာတောင် ဒေါ်စုဘာကြောင့် ဆက်တိုက်ပွဲဝင်ခဲ့သလဲ ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ ဘာကြောင့် ဆက်တိုက်ပွဲ မ၀င်ဘဲ နေရမှာလဲရှင် ။ လူဆိုတာ ရှေ့ဆက်ပြီး သွားနေရတာဘဲလေ ။ အထူးသဖြင့် အဲလို အဖြစ်အပျက်တွေကြောင့်ကို ဆက်တိုက်ပွဲဝင်ရတာပေါ့ ။

 • CNN ။ ။ စီးပွားရေးပိတ်ဆို့မှုတွေအကြောင်းကို ဒေါ်စု ပြောခဲ့တယ်နော် ။ စစ်တပ်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာဖို့၊ ဒီမိုကရေစီလမ်းကို ဖောက်ရာမှာ စစ်တပ်က ပါဝင်လာဖို့ sanction တွေက ဘယ်လောက် ထိရောက်အရေးပါသလဲဆိုတဲ့ အချက်အပေါ် အငြင်းပွားမှုတွေ ရှိနေသလိုဘဲ ။ ဒေါ်စုအနေနဲ့ sanction တွေကြောင့် အဲဒီလို ဖြစ်လာတယ်လို့ ထင်ပါသလား ။ ဘာကြောင့်လည်းဆိုတော့ သိတဲ့အတိုင်းဘဲ sanction တွေ ချမှတ်ခဲ့ပေမယ့် စစ်တပ်က ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်တွေတော့ နည်းအမျိုးမျိုးနဲ့ ရှိနေခဲ့တာဘဲ ။ ပြည်သူတွေမှာ အလုပ်ပြုတ်တဲ့လူပြုတ်ပြီး ထိခိုက်ရတယ် မဟုတ်လား ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ sanction တွေဆိုတာ တစ်ခုတည်းကြောင့် ပြုပြင်ပြောင်းလဲရေး reforms တွေ ဖြစ်စေခဲ့တာ မဟုတ်ပါဘူး ။ ဒါပေမယ့် sanction တွေဟာ အရမ်းအရေးပါတဲ့ ကဏ္ဍက ပါတယ်လို့ ကျမထင်ပါတယ် ။ မပါဘဲနဲ့တော့ ဘာကြောင့် အစိုးရက ဒီ sanction တွေ ရုတ် သိမ်းအောင် တောင်းဆိုနေခဲ့မှာလဲ ။ sanction တွေဟာ နိုင်ငံရေးအရ အရမ်းကို အရေးပါပါတယ် ။ မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့တာ sanction ကြောင့်လို့ မထင်ပါဘူး ။ ကမ္ဘာ့ ငွေကြေး အဖွဲ့ IMF ရဲ့ စစ်တမ်းတွေကို ကျမ အမြဲကိုးကားပြီး ပြောလေ့ရှိပါတယ် ။ မြန်မာ့စီးပွားရေး ချွတ်ခြုံကျ ရတာ sanction ကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း mismanagement ကြောင့်ပါ ။ 

• CNN ။ ။ ဒါဆို စီးပွားရေးထက် နိုင်ငံရေးနဲ့ စိတ်ဓါတ်ရေးရာပိုင်းမှာ sanctions တွေက ပိုထိရောက်ခဲ့ တယ်လို့ ထင်တယ်ပေါ့ ။

 • ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ပါတယ် ။ 

• CNN ။ ။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုတို့ ပါတီက အပြတ်အသတ်နိုင်သွားလို့ စစ်အစိုးရက အံ့သြသွားတာမျိုး ရှိလား ။ NLD က ၀င်ပြိုင်တဲ့ နေရာအားလုံးနီးပါးမှာ နိုင်တယ်လေ ။ 
• ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ကဲ့ ။ အံ့သြမယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် သူတို့ထဲက တချို့ကတော့ ဒီလိုဘဲ ဖြစ်လာလိမ့်မယ်ဆိုတာ သဘောပေါက်ကြတယ် ထင်ပါတယ် ။ 

• CNN ။ ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် မျှော်လင့်ချက်လေးကို ပြောပါဦး ။ နေရာအများဆုံးရတဲ့ ပါတီဖြစ်လာမယ်လို့ မျှော်လင့်ပါသလား ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ ၂၀၁၅ အတွက်တွေးဖို့ စောပါသေးတယ် ။ အဲဒီမတိုင်ခင်လာ မယ့် လောလောဆယ် ( ၂ ) ကာလက တကယ့်ဒီမိုကရေစီကို တည်ဆောက်ဖို့ ပိုအရေးကြီးပါတယ် ။ ဒါကဘဲ ၂၀၁၅ အတွက် ဆုံးဖြတ်ပေးသွားမှာပါ ။ 


 • CNN ။ ။ ဒေါ်စုက အရမ်းလူသိများတဲ့လူဆိုတော့ ပုဂိုလ်ရေးမေးခွန်း personal questions လေးတွေလည်း မေးချင်ပါတယ် ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမက များသောအားဖြင့် personal questions တွေကို သဘောမကျပါဘူး ။ ( ရယ်လျက် )

 • CNN ။ ။ သဘောမကျဘူးဆိုတာ သိပါတယ် ။ ဒါပေမယ့် ကျမလည်း မိခင်တစ်ယောက် ဆိုတော့ ဒေါ်စု အခုလို လုပ်ခဲ့တာတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အတိုင်းအတာကို သိချင်လို့ပါ ။ များသေားအာဖြင့် အလုပ် လုပ်နေရတဲ့ မိခင်တွေဟာ သူတို့ ကလေးတွေနဲ့အတူ မရှိဖြစ်တဲ့ အချိန်တွေအတွက် အကျပ် အတည်း ဖြစ်ရတယ် ။ ကလေးတွေအတွက် ပျက်ကွက်ရမှုကို ဘယ်လို အစားထိုး ပြန်ပေးရ မလဲဆိုတာကို အကြီးအကျယ် စဉ်းစားလေ့ရှိကြတယ် ။ ကလေးတွေနဲ့ ဒေါ်စု မနေနိုင်တဲ့ ကာလတွေဟာ တခြား ကျမသိသလောက် မိခင်တွေအားလုံးထက်ပိုပြီး ဆိုးတယ် ၊ ပိုပြီးလည်း ကြာတယ် ။ အဲဒါတွေအတွက် ကလေးတွေကို တစ်နေ့ အစားပြန်ပေးနိုင်လိမ့်မယ်လို့များ စဉ်းစားဖူးသလား ။ ကလေးတွေနဲ့ ဆက်ဆံရေး ပြန်အဆင်ပြေသွားခဲ့ပြီလား ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမကတော့ ကျမကလေးတွေအတွက် ပြန်ပြီး အစားထိုးပေး ဆပ် ရတာတွေလုပ်ရမယ်လို့ မယူဆပါဘူး ။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း အခုဆို ကလေးတွေ မဟုတ်တော့ဘူးလေ ။ အားလုံးအရွယ်ရောက်နေကြပြီ ။ သူတို့ကလည်း ကလေးတွေလို အဆက်ဆံ ခံချင်မယ် မထင်ပါဘူး ။ ဒီလိုဘဲ ယုံကြည်ပါတယ် ။ ကျမဖြစ်စေချင်တာကတော့ ကျမတို့ ဝေးကွာနေကြ တဲ့ အခြေအနေပေါ်အခြေခံပြီးဘဲ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တာပါဘဲ ။ 

• CNN ။ ။ သားကြီး အလက်ဇန်းဒါးနဲ့ ဆက်ဆံရေးက စိမ်းတယ်လို့ ကျမဖတ်ရတယ် ။ သူနဲ့ တွေ့ဖို့ရော အစီအစဉ်ရှိလား ။ 


• ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမသားနဲ့ ကျမ မစိမ်းပါဘူး ။ အချင်းချင်း နှစ်ပေါင်းများစွာ မတွေ့ကြ တဲ့ လူတွေဆို ဒီလိုဘဲ ပြောချင်ကြမယ်လို့ ထင်ပါတယ် ။ 

• CNN ။ ။ ကျမတို့ နောက်ဆုံး စကားပြောခဲ့စဉ်က ဒေါ်စုက သတိမပါတဲ့အကောင်းမြင်မှု မဖြစ်သင့်ဘူး ဆို တဲ့အကြောင်း သတိပေးခဲ့တယ် ။ ဒီတလော မြန်မာပြည်အပေါ်အကောင်းမြင်မှုဟာ ဒေါ်စုပြောတဲ့ reckless optimism များ ဖြစ်နေမလား ။ ဒါမှမဟုတ် ဒီမိုကရေစီလမ်းကြောင်းအခြေခိုင်နေပြီလို့များ ထင်သလား ။


 • ဒေါ်အောင်ဆန်းစုကြည် ။ ။ တချို့တွေဘက်ကတော့ သတိမမူဘဲ အကောင်းမြင်နေတာတွေ ရှိပါ
တယ် ။ ဒီနေရာမှာ မြန်မာပြည်မှာ ကိုယ်တိုင်အလုပ်လုပ်နေတဲ့ ကျမသဘောအကျဆုံး စီးပွားရေး ကျွမ်းကျင် ပညာရှင် Sean Turnell ပြောတာကို ထည့်ပြောရမယ် ။ သူက အမေရိကန် မှာ ရွှေတွေ့တယ် ဆိုတုန်းက ရင်းနှီးမြှုပ်နှံသူတွေ အစုလိုက်အပြုံလိုက်သွားကြတဲ့ အကြောင်း ပြောလေ့ရှိတယ် ။ ကျမ ကတော့ အဲလိုပုံစံမျိုးကို မလိုချင်ပါဘူး ။ သတိမမူတဲ့ အကောင်းမြင်မှု reckless optimism ဆိုတာ အဲဒါကို ဆိုလိုတာပါ ။ အဲလို ဖြစ်နေလို့ တိုင်းပြည် အကျိုးရှိမှာ မဟုတ်ဘူး ။ ရင်းနှီး မြှုပ်နှံသူတွေ လည်း နောက်ပိုင်း မှာ စိတ်ညစ်ရမယ့် အဖြစ်မျိုး ရှိလာနိုင်တယ် ။ ဒီတော့ လူတိုင်း ကိုယ်လုပ်နေ တာကို သေချာစဉ်းစားပါ ။ အကျိုးနဲ့ အပြစ်ကို ချင့်ချိန်ပါ ။ပြီးရင် သူတို့အတွက်ရော ကျမတို့တိုင်းပြည် အတွက်ရော အကောင်းဆုံးကို ရွေးလုပ်ပါ ။ ကျမအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အကျိုးအမြတ်ရစေချင် ပါတယ် ။ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ အမြတ်ရဖို့လုပ်ကြတာဘဲ မဟုတ်လား ။ ဒါပေမယ့် အဲဒီအကျိုးအမြတ် ဟာ သူတို့ရသလို ကျမတို့ ပြည်သူတွေလည်း ခံစားရသင့်တယ် ။

 ( မှတ်ချက် ။ ။ 19 နဲ့ 20 ရာစုတွေမှာ တနေရာမှာ ရွှေတွေ့လို့ဆိုရင် အဲဒီနေရာကို တကမ္ဘာလုံးကလူတွေ အပြေးအလွှား ၊ အစုလိုက် အပြုံလိုက် သွားတာမျိုးတွေ ရှိခဲ့တယ် ။ မကောင်းတဲ့ အကျိုးဆက်တွေလည်း ဖြစ်ခဲ့တယ် ။ အမေရိကန် တစ်နေရာတည်း မဟုတ်ဘဲ သြစတြေးလျား ၊ ဘရာဇီး ၊ ကနေဒါ ၊ တောင်အာဖရိက များ မှာလည်း အလားတူ ဖြစ်ခဲ့ဖူး သည် ) 

• CNN ။ ။ ဒေါ်စုတို့ နိုင်ငံရဲ့ နာမည်ကို ကျမတို့ ဘယ်လိုခေါ်ရမလဲ ။ ဒေါ်စုက အခမ်းအနားတွေမှာ စကားပြောတိုင်း Burma လို့ သုံးသွားတာတွေ့တယ် ။အခု မြန်မာဖြစ်နေပြီလေ ။ 

• ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒါကတော့ လူတစ်ဦးချင်းစီရဲ့ ရွေးချယ်မှုပါဘဲ ။ ၁၉၉၀ နောက်ပိုင်းနှစ် များ ကထင်ပါတယ် ..... နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က Burma ကို Myanmar လို့ ခေါ်ရ မယ် ဆိုပြီး လုပ်ခဲ့တာ ။ ဒါပေမယ့် ကျမကတော့ လူတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့် ရှိတယ် လို့ ထင်ပါတယ် ။ ကိုယ့်အတွက် ခေါ်ရတာ ပိုအဆင်ပြေမယ်ထင်တဲ့ နာမည်ကို ခေါ် ဖို့ ရွေးချယ် ပိုင် ခွင့်ရှိပါတယ် ။ 

Spring Flowers ၏ ဘာသာပြန်ဆိုမှုကို ပြန်လည်ဖော်ပြပါတယ်။ 

ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီး များကို ခေတ်ပညာ သင်ပေးရန် သဘောတူ


နေပြည်တော် စက်တင်ဘာ ၂၃

နေပြည်တော်တွင်နှစ်ရက်ကြာ ကျင်းပနေသည့် ရခိုင်ဒေသ ရခိုင်ပြည်နယ်ရေရှည် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တွင်တက်ရောက်နေသည့် ရခိုင် လူမှုအဖွဲ့အစည်းများ၊
မွတ်စလင်ဘာသာ ရေး အဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီးများ ကိုမြန်မာ့လူမှု အဖွဲ့အစည်းအတွင်း လိုက်လျော ညီထွေနေထိုင်နိုင်ရေး အတွက်ခေတ်ပညာများ သင်ကြားပေး ရန်လိုကြောင်း အဆိုတစ်ခုကိုသာ သဘောတူညီ မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိMICCတွင်ပြုလုပ်သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ပြန်လည် ထူထောင်ရေး၊ တရားဥပဒေစိုးမိုး ရေး ဆိုင်ရာ ကိစ္စရပ်များ အတွက် ပြုလုပ်သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင် လူမှု အဖွဲ့အစည်းများ၊မွတ်စလင်ဘာသာရေး အဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များနှင့် စာရေးဆရာကျော်ဝင်း၊ ဦးသူရ(ခ)ဇာဂနာတို့ လည်း တက်ရောက် ခဲ့ကြသည်။

ယင်းအဆိုကို ရသေ့တောင်မြို့နယ်လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေက အဆိုပြုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာရှိတယ် မရှိဘူး၊ခိုးဝင်လာတာ မဟုတ်ဘူး ဆိုသည်နှင့် ဘင်ဂါလီ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းများ အပေါ်တွင်မူ အလုပ်ရုံဆွေးနွေးပွဲ၌ အခြေအတင် အငြင်းပွား ပြောဆိုခဲ့ကြကြောင်း သိရသည်။

By The Voice Weekly

မလေးတွင် ရောင်းစားခံခဲ့ရသော ရခိုင်အမျိုးသမီး ၂ ဦးမှ တစ်ဦးကို ကယ်တင်နိုင်ခဲ့



နိရဉ္စရာသတင်းဌာန. ၂၃ရက်နေ့ စက်တင်ဘာ ၂၀၁၂  —–  မလေးရှားနိုင်ငံသို့ ရောင်းစားခံရသော ရခိုင်အမျိုးသမီး ၂ဦးအနက် တစ်ဦးကို ကယ်တင်နိုင် ခဲ့ကြောင်း မလေးရှား အခြေစိုက် ARRC ဒုက္ခသည် ရုံးမှ အထွေထွေအတွင်းရေးမှူး ကိုစောသန်းက နိရဉ္စရာသို့ပြောသည်။
ပွဲစားမှတဆင့် မလေးရှားသို့ ရောင်းစားခံရသော အမျိုးသမီး၂ဦးမှာ မပုမနှင့် မတင်နုတို့ဖြစ်သည်။ မပုမမှာ မင်းပြားမြို့နယ် ကြောင်ရှည်ချောင်း ကျေးရွာမှဖြစ်ပြီး မတင်နုမှာ ဘူးသီးတောင်မြို့နယ် ခွဆုံကျေးရွာမှဖြစ် သည်ဟု သိရသည်။
မပုမကို စက်တင်ဘာ ၂ရက်နေ့က ကယ်တင်နိုင်ခဲ့ပြီး ၂၁ရက်နေ့က ARRCရုံးသို့ ခေါ်ဆောင်နိုင်ခဲ့သော်လည်း မတင်နုမှာ ယခုထိ ပျောက်ဆုံးနေသည်ဟု သိရသည်။
ဖြစ်စဉ်အကျဉ်းချုပ်နှင့် ပတ်သက်၍ ကိုစောသန်းက ယခုလို နိရဉ္စရာသို့ ပြောသည်။

“သူတို့ရန်ကုန်မှာ စက်ရုံအလုပ်သမားတွေပါ။ မာန်အောင်သား (ရခိုင်) ပွဲစား ဦးဥာဏ်ထွန်းနဲ့ “ကြည့်မြင်တိုင် သဲတန်းမှတ်တိုင်”မှာ အဲဒီအမျိုးသမီး ၂ယောက်နဲ့ဆုံတော့ မလေးရှား ကော်ဖီမစ် စက်ရုံမှာ အလုပ်သွင်းပေးမယ်။ လစာကောင်းကောင်းရမယ်။ ကျပ်ငွေ ၁သိန်းပေးရင် အဆင်ပြေပြီ။ အဲဒီကို ရောက်တာနဲ့ လုပ်ခထဲက ၆လစာ ဖြတ်မယ်ဆိုပြီး မလေးရှားမှာရှိတဲ့ ပွဲစား ဗမာ- မွတ်ဆ လင် နေသန်းဌေး (မလေးနာမည် အီပ) လက်ထဲကို ပို့ပေးတာဖြစ်ပါတယ်” ဟုပြောသည်။
ရန်ကုန်ကနေ ဦးဥာဏ်ထွန်းကတဆင့် မလေးရှားဘက်မှ ပွဲစား နေသန်းဌေး လက်ထဲ သို့ရောက် ပြီးနောက် သူတို့ ရောင်းစားခံခဲ့ရပုံကို ယခုလိုပြောပြသည်။
“မလေးရှားကို ရောက်တာနဲ့ ၂ယောက်ကို တယောက်နေရာစီ ခွဲလိုက်ပါတယ်။ မပုမမှာ ပထမ မွတ်ဆလင်သူ သူဌေးတဦး၏အိမ်တွင် အိမ်ဖေါ်အဖြစ် ၈လအ ရောင်းစားခံရတယ်။ လုပ်ခလစာ ၆လကိုဖြတ်တော့ နောက်၂ လပိုသွားတဲ့ အတွက် ရင်းဂစ် ၆၀၀ပေးတယ်။ သူဌေးက အဲဒီကတဆင့် လူသူဝေးလွန် ခေါင်းပါး တဲ့အိမ်နံပါတ် (၉)၊ JALAN PULAU ANGSA U/ 10 B SANWAN CERIA ALAM မှာ ဒုတိယ ၅လရောင်းစား ခံခဲ့ရပါတယ်” ဟု ဆိုသည်။
“ ဒီအဆောက်အအုံဟာ သူ့အဆောက်အအုံတွေပါ။  သူဌေးက အိမ်မှာမနေဘူး။ ၅လပြီးရင် မပုမက အိမ်ရှင် သူဌေးမဆီက ငွေတောင်းပါတယ်။ သူဌေးမက နင်တို့ အတွက် ပထမဆုံး ရင်းဂစ် ၉၀၀၀ ပေး လိုက်ရပြီ။ လစဉ်လဲ ပွဲစားကို ရင်းဂစ်၇၀၀စီ ပေးနေရတယ်။ နင့်ကိုပေး စရာ အကြောင်းမရှိဘူးဆိုပြီး ဆူပူကြိမ်းမောင်းပြီးမှ ရောင်းစား ခံထားရတာကိုသိတယ် လို့ပြောတယ်လို့ ဆိုပါတယ်” ဟု ပြော သည်။
သူဌေးမထံ ဆူပူကြိမ်းမောင်းခံရပြီးနောက် ဗမာပွဲစား နေသန်းဌေး(မလေးနာမည် အီပ)သည် အဆို ပါအိမ်သို့ ရခိုင်ပြည်တွင် ရခိုင်-ဘင်္ဂလီပဋိပက္ခအတွင်း ရောက်လာသောအခါ မပုမအား လူမဆန်စွာ ပြောဆိုခဲ့သည်ဟု မပုက ကိုးကားပြီး သူက ဆိုသည်။
“ နင့်ကိုနောက် ၂နှစ်ကြာပြီးမှ ပို့ပေးမယ်။ နင်ဘာမှ မပေးနဲ့ သတ်ပစ်မယ်လို့ ပြောခဲ့ ပါ တယ်။ သေချင်လားလို့ ပြောခဲ့ပါတယ်။ သူငယ်ချင်း မတင်နုကိုမေးတော့ သူ့ကိုနောက် ၇နှစ်ကြာမှ တွေ့ရလိမ့်မယ်လို့ ပြောပြီးထွက်သွားတယ်။ အဲဒီအချိန်ကနေ ငိုယိုပြီးတော့ အလုပ်လဲမလုပ်တောဘူး။ နောက်ကြာလာတဲ့ အချိန်မှာ အဲဒီမှာ သန့်ရှင်းရေး လုပ်နေတဲ့ အင်ဒိုနီးရှား အမျိုးသမီး အကူအညီနဲ့ ဆက် သွယ်ပြီးတော့ ရဲထောက်လှမ်း ရေးတပ်ဖွဲ့နဲ့ စက်တင်ဘာ ၂ရက်နေ့က သွားထုတ်နိုင်ခဲ့ပါတယ်” ဟုဆိုသည်။
ထိုမှတဆင့် အမှုစစ်ဆေးရန် မလေးရှား တနာနီသာမှာရှိတဲ့ မူခင်းစစ်ဆေးရေး ဌာန၌ ၃ပတ်ခန့် ထားခဲ့ပြီးမှ စက်တင်ဘာ ၂၁ရက်နေ့က မလေးရှားအခြေစိုက် မလေးရှား ရခိုင်ဒုက္ခသည်များရုံး (arrc)သို့ယူ ဆောင်နိုင် ခဲ့သည်ဟု ဆိုသည်။
ပျောက်ဆုံးနေသော မတင်နုကို ယခုထိ မတွေ့ရှိသေးသည့်အတွက် အရေးယူနိုင်ရန် မလေးရှားရှိ Tenaga nita အမျိုးသမီးစွန်းအင် မြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ARRC တာဝန်ရှိသူတို့က ဆောက်ရွက်လျှက်ရှိနေသည်ဟု သိရသည်။
မတင်နုနှင့် မပုမမှာ ရန်ကုန်ကနေ မလေးရှားသို့ ပွဲစားမှတဆင့် ရောင်းစားခံရသည်မှာ ၁နှစ်ကျော်ကြာမြင့်နေ ပြီဖြစ်သော်လည်း  ARRCရုံးအဖွဲ့မှ လွန်ခဲ့သည့် သြဂတ်စ်လမှ စ၍ သူမတို့ လွှတ်မြောက်ရေးကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။
ထွန်းထွန်း

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ


စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေး
လိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။ 

Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။

သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။

ဥပမာ- စာဖတ်သူတို့ Facebok မှာသုံးနေတဲ့ “ဘယ်သူ့ကိုပိုချစ်လဲ၊ သင့်ချစ်သူဟာ ဘယ်လိုလူစားလဲ” အစရှိသဖြင့် Application အများစု ဟာ ပြည်ပရောက် မြန်မာ Developer များက ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။

နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါအုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။

ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။ ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။

ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ်လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုးမဟုတ်ပေမယ့် Facebook မှာတင်မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။

Page တစ်ခုပြုလုပ်ခြင်း

စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေယာလား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်းတွေကို ဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်အကြောင်း သဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။

၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း

သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွားလိုက်မယ်ဆို တဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာလိုက်တာ တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင် ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်လည်း အင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊ အဆောက်အအုံပုံတွေ၊ ဒီဇိုင်းတွေ မျှဝေမယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ ဖန်တီးချက်များကို Page မှာ မျှဝေရပါမယ်။

ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသလိုလေးရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေးသားတင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများဖတ်ဖို့ ဖြစ်တဲ့အတွက် မှန်ကန်နေဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြမှာ ဖြစ်ပါတယ်။

မိမိရဲ့ Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့ Page ကို အမြဲစောင့်ကြည့် ပြီး Post လေးတွေ တင်ပေးရပါမယ်။ ဒီမှာ စာဖတ်သူက အခြား ပညာရေးလမ်းကြောင်းပေါ် မှာ လျှောက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရပါဘူး။

ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ ကိုယ့်မျှဝေသမျှသာ လာဖတ်သူများနဲ့ ထပ်တူကျရင် ၃လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရပန်းစားလာနိုင်ပါတယ်။

ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်း ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်များ၊ စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။ စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော် လည်းကောင်း၊ စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့  Link ကိုပေးပို့ခြင်းဖြင့်သော် လည်းကောင်း သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။ တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ်ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ ဝင်ရောက် လိုကြောင်း တောင်းဆိုနိုင်ပါတယ်။ ဥပမာ- သတင်းတွေ ဘာသာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင် ကြိုးစားပြီး မိမိဖန်တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လိုရပ်တည်ဖို့အခွင့်အရေး ရှိတယ်ဆို တာ တောင်း ဆိုနိုင်ပါတယ်။ အင်ဂျင်နေယာဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေတဲ့ မီဒီယာများကို ချိတ်ဆက်ပြီး မိမိဖန်တီးချက်များကို ပြရပါ မယ်။ ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။

သို့ပေမယ့် စာဖတ်သူရဲ့ ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါ တယ်။ အများအမြင်မှာ အထင်ကြီးနေစေဖို့ လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင်များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီးသားများကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။

အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်ရတဲ့ အထိ အောင်မြင်သွားပါပြီ။ အခြား Professinal လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်ဖက်ကလည်း ဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူ ကလည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသားရကနေ မီဒီယာကျင့် ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေးသူများ ဖြစ်လာကြပါတယ်။ အချို့ ကျ Facebook မှာအောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။ အချို့ ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီများက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ ရှာစရာမလိုပဲ အလုပ်က လာရှာတာမျိုး အထိ ဖြစ်လာပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှ မှတ်ကျောက်တင်ထားခြင်းဖြင့် ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိဖန်တီးထားမှု များကို ဘွဲ့လက်မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထားတာတွေကို ပြရတောမှာ ဖြစ်ပါတယ်။ ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။ သို့တည်းမဟုတ် အခြားအလုပ်များ လုပ်နေရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်း အလုပ်တစ်ခုခုလည်း အလွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အခြားအကျိုးထူးမြောက်များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအတွက်ဟာ အင်မတန် နည်းနေပါသေးတယ်။

Facebook page ကို မိမိရဲ့ ပညာရပ် အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ်အတော်များများက အတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။ ဘာမှအတွေ့ အကြုံမရှိသူများအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြထားခြင်းဖြင့် သက်သေပြနိုင်ပါတယ်။ ဘွဲ့လက်မှတ်မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး ဒီလိုအကျိုးရှိရာတွေကို ပြန်လည်မျှဝေပေးနေပါတယ် ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။ မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်ဆက်ပြ သထားတာတွေနဲ့ သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှ မဟုတ်ပဲ Blogspot လုပ်ပြီးလည်း ထိုနည်းတူစွာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် စာဖတ်သူတို့ ဘယ်လောက်အချိန်ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေရာရာမရှိ ဟိုဟိုဒီဒီ ကြည့်ရှုနေရသူများ အတွက် ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီးချက်တွေကို ဖန်တီးဖို့အတွက် ထူးထူးခြားခြား အချိန်ပေးစရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော်လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း အချိန်အခိုက် အတန့်အတွင်း ရေးသားတင်ပြရင်း ဆက်သွားနိုင်ပါတယ်။ ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ်ရှာမလဲ လို့တောင် ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ဝင်နေလောက်ပါပြီ။

ယခုစာရေးသူဟာလည်း Facebook မှာ မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန်တင်ပြရင်း အခြား လုပ်ငန်းဆောင်တာ များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခု ရရှိနေပြီ ဖြစ်ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီးများရဲ့  လက်တွဲခေါ်ဆိုမှုကြောင့် အခြေအနေကောင်း တစ်ခုရရှိနေပါပြီ။ မီဒီယာ လုပ်ငန်းတော်တော်များများမှာလည်း ဝင်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်း လုပ်ကိုင်ခဲ့ပါတယ်။ စာရေးသူပိုင် ဆိုင်သော Page တစ်ခုမှာ တင်ဆက်ပြသ ချက် ကောင်း မွန်မှုကြောင့် ကုမ္မဏီတစ်ခုက ဝဘ်ဆိုဒ်တစ်ခု ထောက်ပံ့ပြီး လက်တွဲလုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ ကိုယ်ပိုင် အွန်လိုင်း မီဒီယာ လုပ်ငန်းတစ်ခု ဖန်တီးလို့ရတဲ့ အနေအထား ထိတောင် ဖြစ် သွားပါတယ်။ ၆ လကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက မီဒီယာကျောင်းဆင်းလည်း မဟုတ်ရပါ။ စာနယ်ဇင်းကလည်း မဟုတ်ရပါ။ တစ်ဖက်ကလည်း ဘာသာရပ်တစ်ခု အထူးပြု ကာ ကျောင်းပြီး ထားပြီး လုပ်ငန်းခွင်ဝင်ရန် သင်ယူလေ့လာနေဆဲသာ ဖြစ်ပါတယ်။ ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်းဝေး စေရန် ဖြစ်ပါတယ်။

စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော မြန်မာပြည် မှ Facebook user များလည်း အမြောက်အများရှိပါတယ်။ မီဒီယာ လုပ်ငန်းကိုသာ မဆိုလို။ အခြား မိမိကျွမ်းကျင်ရာ နယ်ပယ်အလျောက် တင်ပြချက်ကို အခြေခံပြီး ပြင်ပလော ကမှာ ကောင်းကောင်းကြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေသုံးနေသော အခြား Profesional များအတွက် မဟုတ်ရပါ။ တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ပညာအရည်အချင်း ရှိသောလည်း ရွံ့ နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများအတွက် ဖြစ်ပါတယ်။ တတ်စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက် လည်း ဖြစ်ပါတယ်။ တကယ်ပဲ Facebook ကိုအကျိုးရှိရှိ အသုံးချ လို့ ကျောင်းကျိုးပေါင်း များစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသားလိုက်ရပါ တယ်။

လေးစားစွာဖြင့်

အောင်ခမ်း (TSJ team)

http://techspacejournal.blogspot.com/2012/09/facebook_12.html

``အမှောင်လမ်းက ၀ိညာဉ်ဆန်း(နာနာဘာဝ နှင့်ကျွန်တော်)´´(၀ထ္ထုတို)



 လူသူကင်းမဲ့သော လမ်းမကြီးတစ်ခုပေါ်တွင် အရာဝတ္ထုတစ်ခုသည်လှုပ်လှုပ်ရှားရှား ရှိနေလျှက် ကောင်းကင်ကြီးတစ်ခုလုံးမှာလည်း အနက်ရောင်ကတ္တီပါကြီး ဖုံးအုပ်ထားသလို မှောင်မည်းနေပြီး ပတ်ဝ


န်းကျင်တစ်ခုလုံးလည်းတိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်.။
အမှောင်ကိုအားကိုးပြီးလာနေသူမှာ မည်သူနည်း။ စိတ်ဓာတ်ကျစွာ မလှမ်းချင်လှမ်းချင်ခြေလှမ်းများ ဖြင့် လမ်းလျှောက်လာသော အကျွန်ုပ် ပင်ဖြစ်သည်။ အကြောင်းမှာ -စိတ်ဓာတ်ရေးရာမျိုးစုံကို တစ်ဦးတည်းခံစားနေရသောကြောင့်ဖြေသိမ့်နိုင်ရန် ခြေဦးတည်ရာလျှောက်သွားနေခြင်းဖြစ်သည်။ ကျွန်တော့်၏လက်တွင် နာရီပါသော်လည်း ဘယ်အချိန်ဆို တာကိုမကြည့်ချင်တော့အဖော်ဆိုလို့ ဘေးလွယ်အိတ်ကလေးတစ်ခုပဲ ကျွန်တော့်ဘေးမှာပါတယ်။ လမ်းတစ်လျှောက်တွင် ကျွန်တော်မှလွဲပြီး သက်ရှိတစ်စုံတစ်ရာမှမရှိပေ။ အချိန်သည်လည်း ညဥ့်သထက်ညဥ့်နက်လာလေပြီ။ တစ်နေရာအရောက်တွင် လမ်းဘေးမှ `တဖျောဖျော´ အသံများကြားရသဖြင့် ရုတ်တရတ်လန့်ဖြန့်သလို ဖြစ်သွားပြီး သေသေချာချာကြည့်လိုက်သော အခါ ………………………….         လမ်းဘေးတွင်ပေါက်နေသော ၀ါးရုံပင်ကြီးသည် ယိမ်းထိုးလှုပ်ရှားနေသည်ကို တွေ့ရပေသည်။ ထိုဝါးရုံပင်ကြီး၏ လှုပ်ရှားပုံမှာ သာမာန်လေတိုက်၍ လှုပ်ရှားနေသည့်ပုံမျိုး မဟုတ်၊ကျွန်တော်ရှည်ရှည်ဝေးဝေး တွေးမနေတော့ပဲ  ရှေ့ကိုသာဆက်လျှောက်ခဲ့ သည် ။ လျှောက်ရင်းလျှောက်ရင်းနဲ့ တံတားလေးတစ်ခုအနားရောက်ခဲ့တယ်။ မြို့နဲ့လည်းအလွန်ဝေးကွာနေပြီ။ တံတားရဲ့ အနောက်ဖက်မှာ သင်္ချိုင်းကုန်းရှိသည်ကို ကျွန်တော်၏စိတ်တွင် သိနေသော်လည်း ကျွန်တော်သည် သရဲကြောက်တတ်သူမဟုတ်သောကြောင့် ဂရုမစိုက်ပေ။
          ထိုအချိန်တွင် ကျွန်တော်၏နားထဲ၌ စက်ဘီးနင်းသံလိုလို `တကျွီကျွီ´ မြည်သံကိုကြားနေသောကြောင့်  အနောက်သို့ရုတ်တရတ် လှည့်ကြည့်လိုက်တော့ ...........ဆိုက်ကားတစ်စီးဖြစ်နေတယ်။ ထိုဆိုက်ကားသည် ကျွန်တော်အနားမှ တအိအိနဲ့ ဖြည်းဖြည်းချင်း ဖြတ်သွားလေသည်။ မှောင်မည်းထဲတွင် မသဲမကွဲမြင်နေရသော ဆိုက်ကားသမားကို ကျွန်တော် လှမ်းပြောလိုက်သည်။ `ဟေ့လူ…ဆိုက်ကားဆရာ ၊ကျွန်တော့်ကိုခေါ်သွားပါလားဗျာ ကြိုက်တဲ့နေရာကို ကျွန်တော်စိတ်အရမ်းညစ်နေလို့၊ ကျသလောက်ပိုက်ဆံကို ရှင်းပေးပါ့မယ်။ ´ ဆိုက်ကားသမားသည် ကျွန်တော့် အားခွန်းတုံ့ပြန်ခြင်းမရှိပဲ ရပ်နေလေသည်။ ထိုအခါ ကျွန်တော်က ရပ်နေတဲ့ ဆိုက်ကားအနားကိုသွားပြီး `ကျွန်တော်လိုက်ခဲ့မယ်နော်´ `အင်းအင်း´ ဆိုက်ကားသမားရဲ့ဖြေပုံမှာ လူမမာတစ်ယောက်ညဉ်းသံ နှင့်ပင် တူနေလေသည်။ ကျွန်တော် ရှည်ရှည်ဝေးဝေး မစဉ်းစားနေတော့ပဲ  ဆိုက်ကားပေါ်တက်ထိုင်လိုက်သည်။ ကျွန်တော်ဆိုက်ကားပေါ်ရောက်သည်နှင့် ဆိုက်ကားသမားက စတင်ပြီးနင်းထွက်ခဲ့သည်။ ကျွန်တော်ဆိုက်ကားပေါ်ပါလာရင်း စကားတစ်ခွန်းမှမပြောပဲ ခေါင်းငိုက်စိုက်ချထားပြီး နင်းမြဲနင်းနေသော ဆိုက်ကားသမားကို အကဲခတ်နေမိသည်။ ဆိုက်ကားသမားသည် ခမောက်ကြီးတစ်လုံးကိုအောက်စိုက် ဆောင်းထားပြီး အနက်ရောင်အင်္ကျီလက်ရှည်ကိုဝတ် ဆင်ထားသည်။ ခန္ဒာကိုယ်မှာလည်း ပိန်လှီလွန်းလှသည်။ ဆိုက်ကားသမားက အားသွန်ခွန်စိုက် နင်းနေသည်မှန်သော်လည်း ဆိုက်ကားရဲ့ ရွှေ့လျှားနေပုံမှာ နှေးကွေးလွန်းနေပေသည်။ ကျွန်တော် တစ်ခုခုပြောမည်ကြံစီလိုက်ချိန်မှာ နှာခေါင်းထဲသို့ ညှီစို့စို့အနံ့ တစ်ခုဝင်လာသောကြောင့် နှာခေါင်းကိုလက်ဖြင့်ပိတ်ထားလိုက်သည်။ ကျွန်တော့်စိတ်တွင် တစ်နေရာရာမှာ တိရိစ္ဆာန် အသေတစ်ကောင်ကောင်ရဲ့ အပုပ်နံ့ဖြစ်နိုင်သည်ဟုထင်သည်။ ကျွန်တော်လက်ဖြင့်နှာခေါင်းကိုပိတ်ရင်း ဆိုက်ကားသမားကိုကြည့်လိုက်တယ်။ ထိုအချိန်တွင် အပုပ်နံ့ကဆိုးဆိုး ၀ါးဝါး ကြီးနံလာပြန်သည်။ ထိုသူရဲ့ ခန္ဒာကိုယ်မှနံနေသလားလို့တောင်ထင်ရလောက်အောင်ပင်  ထောင်းခနဲဖြစ်သွား သဖြင့် မအောင့်နိုင်တော့ပဲ အော့အန်ချင်စိတ်များ ဖြစ်ကာ ဆိုက်ကားသမားကိုပြောလိုက်လေသည်. ။
`မြန်မြန်နင်းပါ ဆိုက်ကားဆရာရယ် အပုပ့်နံကလည်း ဘယ်ကနံနေမှန်းမသိဘူး ခင်ဗျားဆိုက်ကားကလဲ နှေးလိုက်တာ´
`ဌဲဌဲ…ဌဲ´ ဆိုက်ကားသမားက ဘာမှပြန်မပြောပဲ ရယ်နေလေသည်။ သူ၏ရယ်သံမှာ ယောကျာ်းတစ်ယောက်ရဲ့ ရယ်သံနှင့်ပင် မတူပဲ မိန်းမတစ်ယောက်သည် ယောက်ျားတစ်ဦးအား ကြာပစ်၍ ရယ်သံမျိုးနှင့်တူနေပေသည်။  `ရယ်မနေပါနဲ့ ဗျာ စိတ်ညစ်နေရတဲ့ အထဲ မြန်မြန်နင်း´ နောက်တစ်ကြိမ်ကျွန်တော် စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သော အခါမှဆိုက်ကား သမားသည် အားကုန် အပြေးနင်းလေသည်။ ဆိုက်ကားသည်မြန်သည်ထက်မြန်လာပြီး လမ်းဘေးရှိမြောင်းထဲ့ သို့အရှိန်ပြင်းစွာထိုးဆင်းလိုက်လေသည်။  သို့ပေမယ့် ကျွန်တော် သတိကြီးစွာနဲ့ ဆိုက်ကားပေါ်မှခုန်ဆင်း လိုက်ခဲ့သည်။ အရှိန်ပြင်းစွာည ကျွန်တော် တစ်ဖက်သို့လွင့်စင်သွားပြီး ဆိုက်ကား သမားနဲ့ဆိုက်ကားကတော့ မြောင်းထဲသို့ အရှိန်ပြင်းပြင်း ထိုးဆင်းသွားပြီး `၀ုန်း´ဆိုသော အသံနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ဆူညံသွားခဲ့သည်။. ကျွန်တော်လွင့်စင် သွားတဲ့ အရှိန်ကြောင့် ခေါင်ကွဲသွားသော်လည်း လဲကျတဲ့နေရာမှ အမြန်ထကာ ထိုးကျသွားတဲ့ မြောင်းထဲသို့ ဆိုက်ကားသမားနှင့် ဆိုက်ကားကိုရှာတော့ လည်းမတွေ့ပေ။
ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပကတိ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ ကျွန်တော် အစဉ်းစားရကျပ်သွားခဲ့တယ် ၊။ ကျွန်တော့် စိတ်တွင် ဆိုက်ကား အရှိန်မထိန်း နိုင်ပဲ မြောင်းထဲသို့ ထိုးကျသွား ခြင်းဟု ယူဆ၍ `ဗျို့…ဆိုက်ကား ဆရာ´ အော်ခေါ်ကြည့်ပြန်သော်လည်း မည်သည့်အသံတစ်စုံ တစ်ရာမျှမကြားရပေ။ ကျွန်တော် အနည်းငယ်ကျောချမ်းလာခဲ့တယ် ၊ကြောက်စိတ်တွေလည်း အလိုလိုဝင်လာခဲ့တယ်။ နေရာလဲမမှတ်မိ….ဘယ်နေရာရောက်နေလဲတောင်မမှတ်မိတော့ပေ။ ကွမ်းတညက်ခန့်အကြာတွင် အရှိန်ပြင်းစွာမောင်းနှင်လာသော ဆိုင်ကယ်တစ်စီး၏ မီးရောင်သည် ကျွန်တော့်ရဲ့ မျက်နှာကိုထိုးနေပြီး အနားရောက်တော့ ထိုးရပ်လိုက်သည်။ ကျွန်တော် အရမ်းဝမ်းသာ သွားခဲ့တယ် ဒီနေရာမှ ဆက်ပြီးမနေချင်တော့ `အကို..မြို့ထဲကို ကျွန်တော်လမ်း ကြုံလိုက်ချင်လို့ရမလား ´ ဆိုင်ကယ်မောင်းသူက `မင်းကဒီမှာဘာလုပ်နေတာလဲ ၊ခေါင်းမှာလည်း သွေးတွေနဲ့မင်းဘာမဟုတ်တာ လုပ်ထားလဲ မှန်မှန်ပြောစမ်း´   `မဟုတ်ရပါဘူး အကိုရယ် ကျွန်တော်လူကောင်းပါ။….ဒီလိုဗျ....xx.x…x..x.x…x..x.x..x.´  ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်သော အခါမှထိုသူကကောက်ချက်ချလိုက်ပြီး။ `မင်းပြောသလိုဆို ဒါဟာသွေးရိုးသားရိုး မဖြစ်နိုင်ဘူး …´ သက်ပြင်းတစ်ချက် ချလိုက်ပြီး`မြန်မြန်တက် ငါ့ညီမင်းအတွက် အန္တာရာယ်ရှိနေပြီ ´  ခေါင်းမှထွက်နေသောသွေး များတိတ်စေရန် ကျွန်တော်၏ အပေါ်အင်္ကျီ ချွတ်ကာ ခေါင်းတွင်စီးထားလိုက်ပြီး ဆိုင်ကယ်ပေါ်သို့တက်လိုက်သည် နှင့်တစ်ပြိုင်နက် ဆိုင်ကယ်မှာ စတင်၍ထွက်ခွာခဲ့သည်။  ထိုသူက ဆိုင်ကယ်မောင်းနေရင်း `ငါ့ညီက အဲ့ဒီဆိုက်ကားကို ဘယ်ကဌားခဲ့တာလဲ ´
`ကျွန်တော်....ဟိုး....ဟိုး.....မြို့အပြင် ၀ါးရုံပင်အောက်တံတားနားလေးက ဌားလာတာပါ´ကျွန်တော်ပြောရင်း လက်ညိုးထိုးပြလိုက်သည်။
`ဘယ်လောက်ကြာပြီလဲ´ `အနည်းဆုံးတစ်နာရီ လောက်တော့ရှိမယ်ထင်တယ်´ `ဟုတ်လား…ဟောပြောရင်းဟိုမှာတွေ့လားငါ့ညီပြောတဲ့ တံတားဆိုတာ အဲ့ဒီတံတားမဟုတ်လား´ `ဟာ..ဟုတ်တယ် …..အဲ့ဒီတံတားပဲ´ ကျွန်တော် ထိတ်ထိတ်ပြာပြာနဲ့ ပြောလိုက်မိတယ်။ ကြောက်စိတ်တွေက တဖွားဖွား ၀င်လာပြီး တစ်ကိုယ်လုံးတုန်ရီလာခဲ့တယ်။ `အဲ့ဒီတံတား နားက၀ါးရုံပင်နောက်မှာသင်္ချိုင်းကုန်း ရှိတယ် …အကိုတို့တခြားလမ်းက သွားကြတာပေါ့´ ပြောပြောဆိုဆိုနဲ့ပဲ  လမ်းမအတိုင်းမသွားတော့ပဲ  တစ်ဖက်သို့ချိုးကွေ့ပြီး ဖြတ်လမ်းကနေမောင်းလေသည်။ အချိန်ကြာလာသည်နှင့်အမျှဝါးရုံပင်ကြီးနဲ့ တဖြည်းဖြည်းဝေးကွာ လာသောကြောင့် ကြောက်စိတ်များလည်းပြေ ပျောက်လာတယ်လို့ကျွန်တော် ခံစားလိုက်မိတယ်။ ဆိုင်ကယ်မောင်းသူက ကျွန်တော် ကြောက်စိတ်ပြေလောက်ပြီ ဟုထင်ပြီး စကားစပြန်သည်။ `ငါ့ညီကမြို့ပြင်ကိုဘာလို့တစ်ယောက်တည်း ဘာလို့ထွက်လာရတာလဲ ´ `ကျွန်တော်လည်း ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်သောအခါမှ ကျွန်တော့်ကိုနှစ်သိမ့်အားပေး စကားဆိုပြီး မြို့ထဲတစ်နေရာမှာ ချပေးခဲ့ပါသည်။ ကျွန်တော်တို့ နှစ်ယောက်အပြန်အလှန် ရင်းရင်းနှီးနှီးနူတ်ဆက်ခဲ့ပြီး ထိုသူက ဆိုင်ကယ်ကိုမောင်းကာထွက်ခွာသွားလေသည်။ သိပ်မကြာလိုက် ကျွန်တော်သူ့ကိုကြည့်နေရင်း၌ပင် မျက်စိရှေ့မှ အလိုလိုပျောက်သွားခဲ့တယ်။ တကယ်လေလားအိမ်မက်လေလား အမျိုးမျိုးတွေးမိနေပေမယ့်… အဖြစ်အပျက်များကတကယ်ပင်ဖြစ်နေပါတော့သည်.။ ထိုညကအဖြစ်အပျက်များကို ကျွန်တော်ပြန်မြင်ယောင်နေရင်း ကြက်သီးများထနေပါတော့သည်။ ……
(ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါသည်) ..
Writing by Ye Tay Za Kyaw*

ရထားနဲ.ကားနဲ.တိုက် (သတင်း)


စက်တင်ဘာ ၂၂ ရက် ည ၁၀နာရီအချိန်တွင် တောင်ငူမြို့ မြောက်ဘက်အထွက်
တောင်ငူမြို့ မော်တော်ယာဉ်လိုင်းပေါင်းစုံကားကြီးဝန်း(ဖိုးတာတီးဂိတ်)
သို့အ၀င် ပေါ်တော်မူမီးရထားသံလမ်းဂိတ်တွင် ရန်ကုန်မှာ ညနေ
၃ရီတွင် စတင်ထွက်ခွာလာသော ၇န်ကုန်-မန္တလေး အမှတ်(၅) အဆန်အမြန်ရထားသည်
လွိုက်ကော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရွှေရာဇာ နီညိုရောင်
မှန်လုံအမြန်ယာဉ်အား ၀င်တိုက်မှုဖြစ်သွားခဲ့ကြောင်း သိရှိရပါသည်။
မော်နီကာ

SANSUNG android အတွက် မြန်မာ font


စမ်ဆောင်း android ဖုန်းအတွက် အလွယ်ကူဆုံး အသုံးပြု နိုင်တဲ့ 
မြန်မာဖောင့် လေး နဲ့ ကီးဘုတ်လေး ပါ။
အောက်ပါဖိုင်လေးကို ဒေါင်းယူ ပြီး အထဲကပါတဲ့ ဖိုင်လေး၂ခု ကို မိမိ ဖုန်း မန်မိုရီ ကတ်ထဲ ကို ထည့် လိုက်ပါ။
 အဲနောက် ဖုန်းထဲမှာ အင်စတော လုပ်ပါ။ ပြီးရင် ဖုန်းဆက်တင်ကနေ ကီးဘုတ်လေးရွေးတဲ့ နေရာက နေ မြန်မာ ကီးဘုတ်လေးကို ချိမ်း လိုက်ပါ။
နောက် ဆက်တင်ထဲကနေပဲ ဖောင့် စတိုင်ကိုသွားပြီး
မြန်မာဖောင့် ဇော်ဂျီ ပြောင်းပေးလိုက်ပါ။
ပြီးရင် ဖုန်း ကို ရီဆက် ပိတ်ပေးလိုက်ပါ။
ပြန်ဖွင့် ပြီး အသုံးပြုလို့ ရပါပြီး။ အဆင်ပြေကြပါစေ မသိသေးမရှိသေးတဲ့ လူများအတွက်ရည်ရွယ်ပါတယ်။
ပုံနှင့် တကွရှင်းချင်ပေမဲ့  ညီ မှာ အဲဒီလိုဖုန်းမရှိတော့ ဒီအတိုင်းရေးပြောခြင်းဖြစ်ပါတယ်။
နားမလည်တာရှိရင် နောက်တစ်ကြိမ် ပုံလုပ်ပြီးရှင်းပြပေးပါ့မယ်။ လေးစားလျက် ညီသူ
ဒေါင်းရန်..ဒီမှာပါခင်ဗျာ
တဆင့်ရှာဖွေကူးယူ တင်ပြပါသည်။ အဆင်ပြေကြပါစေ။

အများသုံး WiFi များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင်


Facebook ဆိုရှယ် နက်ဝပ်သုံးစွဲသူများ user အနေဖြင့် မိမိတို့၏ Facebook User Account များကိုသုံးစွဲရာတွင်
အများသုံး ဖရီးဝိုင်ဖိုင်နက်ဝပ် ဧရိယာများတွင် သုံးစွဲခြင်းဖြင့် Hack ခံရမှုအန္တရာယ် ပိုမိုနီးစပ်ကြောင်း သိရှိရသည်။
အများသုံး ဝိုင်ဖိုင်ဧရိယာများတွင် သုံးစွဲသူများ၏ Facebok အကောင့်များကို Hack ပြုလုပ်ရန်အတွက် ပိုမိုလွယ်ကူပြီး
ထိုသို့ Hacking ပြုလုပ်ရန်အတွက် ဆော့ဖ်ဝဲများ လည်းရှိကြောင်း သိရှိရသည်။
“ အခုဆိုရင် Facebook အကောင့်ကို Hack လုပ်တဲ့ဆော့ဖ်ဝဲ တစ်မျိုးရှိပါတယ်။ အဲဒါက မိုဘိုင်းဖုန်းထဲကနေ အများ
သုံးဝိုင်ဖိုင်ဧရိယာအတွင်းမှာ သုံးနေတဲ့ Facebook user ရဲ့အကောင့်ကို Hack လိုက်လို့ရပါတယ်။ Hack ခံရတဲ့သူရဲ့
အကောင့်ထဲကိုဝင်ပြီး သုံးပြီးစတေးတပ်စ်တွေတင်တာ၊ ပုံတွေတင်တာမျိုး ပြုလုပ်လို့ရပါတယ်။ Password ကိုပါ
ပြောင်းပစ်လိုက်လို့ရပါတယ်။ ဒါ့ကြောင့်အများသုံး ကော်ဖီဆိုင်တွေလို၊ စူပါမားကတ်တွေလို ဝိုင်ဖိုင် ဧရိယာ တွေမှာ
Facebook သုံးရင် သတိထားပြီးသုံးဖို့ လိုပါတယ်။
အဲဒီ နေရာတွေမှာ Facebook သုံးတဲ့ User တွေရဲ့ အကောင့်နာမည်ကိုသိရုံနဲ့ မိမိပရိုဖိုင်းလင့်ခ် ကိုယူပြီး ကိုယ်နဲ့
နက်ဝပ်တစ်ခုတည်းမှာ သုံးနေတဲ့သူက ဆော့ဖ်ဝဲသုံးပြီး မိမိ အကောင့်ကို Hacking ပြုလုပ်လို့ ရနိုင်ပါတယ်။ အထူး
သဖြင့် မိန်းကလေးတွေအတွက် အန္တရာယ်ရှိ ပါတယ်။ အဲဒီ Hacking Software က အလကားရတဲ့အပြင် သုံးရတာ
လွယ်ကူတော့ ကိုယ့်အကောင့်ကို Hack ပြီး၊ ကိုယ့်ဝေါလ်ပေါ်မှာ မဟုတ်မဟပ်ပုံတွေ တင်သွားနိုင်တာကြောင့် အဲဒီလို
နေရာတွေမှာ Facebook သုံးရင် သတိ ထားကြဖို့လိုပါတယ်” ဟု 1st Myanmar Mobile App Meeting ပွဲတွင်
Mobile Developer တစ်ဦးကပြောသည်။
၎င်း Hacking ဆော့ဖ်ဝဲများမှာ Android ဖုန်းသုံး Hacking Software များဖြစ်ပြီး၊ အများသုံး ဝိုင်ဖိုင်ဧရိယာ တစ်ခု
(သို့မဟုတ်) ကွန်ရက်တစ်ခုအတွင်း အသုံးပြုနေသူအား မိုဘိုင်းဖုန်း အသုံးပြုကာ Facebook Account အား Hacking
ပြုလုပ်နိုင်သည့် ဆော့ဖ်ဝဲများဖြစ်ပြီး ၄င်းတို့ကို ကာကွယ်နိုင်သည့် ဆော့ဖ်ဝဲများရှိသော်လည်း သာမာန် User များ
အနေဖြင့် Free wi-fi ဧရိယာများတွင် အသုံးပြုပါက သတိရရန်လိုအပ်ကြောင်း ၄င်းကထပ်မံပြောပြခဲ့ သည်။
ထို့ပြင် အင်တာနက်အသုံးပြု သူuser များနေဖြင့် အများသုံး Public Access Center များတွင် အင်တာနက်အသုံးပြု
ရာတွင်လည်း မိမိတို့၏ Password များ ကို ဆော့ဖ်ဝဲခံ၍သိရှိအောင် ပြုလုပ် ထားတတ်သူများ အန္တရာယ်မှ ရှောင်ရှား
နိုင်ရန်အတွက်လည်း ကွန်ပျူတာရှိ On Screen Keyboard ကို အသုံးပြုပြီး မိမိတို့၏ ဂျီမေးလ်နှင့်Facebook Account
များကို Sing In ပြုလုပ် သင့် ကြောင်းကိုလည်း ပြောပြခဲ့ သည်။

ဟာသအလွှဲလေးများ (၂)


ဖြစ်ရပုံက
ည အချိန်တစ်နေ.တွင် ဖြစ်ဧ။် ။ ရှေ.ကင်း ထောက်လှမ်းရေးတာဝန်ဖြင့် တပ်သားနှစ်ယောက်
တစ်ဖက်ရန်သူစခန်းရှိရာသို. ၀မ်းလျားမောက်ပြီး တဖြေးဖြေးချဉ်းကပ်လာစဉ် တစ်ဦးက
"ဟာ ...ထွီ ၊ ငါ့လက်တွေ နှစ်ဖက်လုံး ခွေးချေးကိုင်မိသွားပြီ ၊ ဒုက္ခပဲ .."
ဟုပြောလိုက်ရာ ကျန်တဦးက တခွီးခွီး နဲ့ ရီမောလိုက်ရာ ကိုချီးပေ က သူ.ကိုဟန်.ရင်း
" ရူး ...တိုးတိုး ကွ ..." ဟုပြောကာ အစိုးရိမ်လွန်ပြီး အဖေါ်ဖြစ်သူဧ။် ပါးစပ်ကို လက်နှင့်
လှမ်းပိတ်လိုက်မိသည်

တော်သေးတာပေါ့

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊
အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။
ယောကျာင်္းဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီးသေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာမေးလိုက်သည်။
"အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။"
"ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။" ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက်ကွယ်လွန်သွားသည်။
ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
"တော်သေးတာပေါ့ … တခြား သုံးယောက်ကို မေးမသွားလို့……"
အပျို ဟုတ်တော့ ၀ူးးးးးး
ဖခင် ဖြစ်သူက သူ.သား မင်္ဂလာဦးညတွင် သေနတ် တစ်လက် ပေးလိုက်သည်။ ပြီးတော့ပြောသည် ။
“မင်းမိန်းမက အပျိုစင်စစ်ဆို ရင် ဒီသေနတ် နဲ. မိုးပေါ်ကို တစ်ချက် ပစ်ဖောက်လိုက်။
တကယ်လို. အပျိုမဟုတ်ခဲ့ရင် သူမကို ပစ်ထည့် ပလိုက် ကြားလား “
"ဟုတ်ကဲ့ " လို. ပြန်ဖြေလိုက်သော သားဖြစ်သူက ထိုမင်္ဂလာဦးညတွင် သေနတ်ဖြင့်
မိုးပေါ်သို. ထောင်၍ တစ်ချက် ပစ်ဖောက်လိုက်ပြီး ၊ ဒုတိယညမှာတော့ သေနတ်ဖြင့် သူ.မိန်းမ ကို
ပစ်ထည့်လိုက်သည်။
တစ်ခါတလေ အောက်မေ့တယ်
စားပွဲထိုးအား ဧည့်သည်က မှာကြားနေသည် ။
" ကျနော့် ကို အာလူးကြော် ကြော်ပေးပါ ၊ တစ်ဖက်မှာ မကျက်တကျက် နောက် တစ်ဖက်မှာ တူးနေအောင်ကြော်ပါ ။
တစ်ဖက်မှာ ဆားမထည့်နဲ့ နောက်တစ်ဖက်မှာတော့ ဆားကို ငံတူးနေအောင် ထည့်ပါ ။
အဆင်သင့်ဖြစ်ရင် ဒယ်အိုးနဲ့ ယူလာပြီး ' သေချင်းဆိုး.. ဆို.တော်မူပါ ' ဆိုပြီး စားပွဲ ပေါ်ဆောင့်အောင့်ပြီး ချပေးပါ ။"
စားပွဲထိုးက မှာသည့်အတိုင်း အားလူးကြော် လာချပေးပြီးစိတ်ဝင်စားလွန်းသည် နှင့် ဧည့်သည် ကို ပြောလိုက်သည် ။
"ကျနော် ဒီစားသောက်ဆိုင်မှာ လုပ်နေတာ ၁၀ နှစ်ကျော်ပြီ ။ ဒီလို အော်ဒါမျိုး ဒီတစ်ခါပဲ ကြားဖူးတယ် ။"
"ကျုပ်လဲ နယ်လှည့် ခရီးထွက်နေတာ ၁၀ နှစ်ကျော်ပြီ ။ အခုတစ်ခါပဲ အိမ်မှာလိုစားချင်လာတာဗျ ။"
အာဂမိန်းမ
တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ် ခဲ့တယ်။ ရဟတ်ယာဉ်ပေါ်က
ကြိုးတစ်ချောင်းကိုပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့ မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။
ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့
ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ ဒီတော့ အဲဒီမိန်းမက ကဲ "အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။
ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့
ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။ အမျိုးသမီးလဲ ပြောပြီးရော
ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့သည်။ ကဲ ဘာတက်နိုင်သေးလဲ။
အခုတော့ ရှင်က
ဝန်တိုတတ်တဲ့ ဇနီး သည် ယောက်ျားအား အမြဲတမ်းမယုံသင်္ကာဖြစ်ပြီး ကုတ်အင်္ကျီပေါ်မှာ ဆံပင်တွေ့တာနဲ့
အကြီးအကျယ် ရန်ဖြစ်လေ့ရှိ၏။ တစ်ညတော့ ယောက်ျားဖြစ်သူရဲ့ ကုတ်အင်္ကျီပေါ်မှာ ဆံပင်ရှာမတွေ့တော့
အလွန်စိတ်ထိခိုက်ပြီး ငိုကြွေးလေတော့၏ ဘာကြောင့်ငိုနေတာလဲကွာလို့ ယောက်ျားကမေးသောအခါ
သူမပြန်ပြောလိုက်တာကတော့..
အခုတော့ ရှင်က ဆံပင်မပါတဲ့ ကတုံးမတွေနဲ့တောင် ဖြစ်နေပေါ့လို့ ရင်နာလွန်းလို့ပါ....... ဟူ၏။

ဘင်္ဂလီ ဒုက္ခသည် တစ်ဦး မိခင်အရင်းအား မုဒိမ်းပြုကျင့်ရန် ကြိုးစားသူ ထောင်ဒဏ်ချမှတ်ခံရ


ယနေ့ခေတ်မှာ ကြောက်စရာကောင်းလောက်အောင် ထူးဆန်းသည့်သတင်းများကြားနေရတယ်...
အရင်ကတော့ ကြားဖူးရုံကြားဖူးတာပါ ခုတော့ သတင်းပါ ပါလာတာပေါ့....


ဘင်္ဂလီ ဒုက္ခသည် တစ်ဦး မိခင်အရင်းအား မုဒိမ်းပြုကျင့်ရန် ကြိုးစားသူ
ထောင်ဒဏ်ချမှတ်ခံရ
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တောင်ဘက်ရှိ မြန်မာ ဘင်္ဂလီဒုက္ခသည် စခန်းတခုတွင်
သားဖြစ်သူက မိခင်အရင်း ကို မုဒိမ်းပြုကျင့်ရန်
ကြံစည်ရာ သက်ဆိုင်ရာ အာဏာပိုင်မှ ထောင်ဒဏ်
တစ်နှစ်ချမှတ် လိုက်ကြောင်း သိရသည်။

ဘင်္ဂလီအမျိုးသား အသက် ၂၈နှစ်ရှိ ဟာဖိအာမတ်သည်
တက်ကနက်မြို့ နယ်အတွင်းရှိ နာယာပါရာ မြန်မာဒုက္ခသည် စခန်းက ဖြစ်သည်ဟု ဆိုသည်။

တက်ကနက်မြို့နယ် အုပ်ချုပ်ရေးမှူး နာဇိမ်အူဒိမ်း ဦးဆောင်ပြီး
မုဒိမ်းကျင့် တရားခံအား ခုံသမာဓိအဖွဲ့ ဖြင့်စီစဉ် ဆောင်ရွက်ချက်အရ
၎င်းအား ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည် ဟု ကော့စ်ဘဇား သတင်းတပုဒ်တွင်
ရေးသားထား သည်။

သြဂုတ်လ ၁၉ရက်နေ့ မနက်ပိုင်းတွင် သူ့၏မိခင် အသက် ၄၂နှစ်အရွယ်ရှိ တာဟာရာ
ဘီဂင်း အိမ်ထဲ၌ ပစ္စည်းများ သန့်ရှင်းနေစဉ် မုဒိမ်းပြုကျင့်ရန်
ကြိုးစားခဲ့ကြောင်း စစ်ဆေးသူများအား အာမတ်ကပြော ဆိုခဲ့သည်ဟု ဆိုသည်။

မုဒိမ်ကျင့်ရန် ကြိုးစားချိန်၌ အမေဖြစ်သူက ဟန့်တားခဲ့ကြောင်း၊
ဘေးပတ်ဝန်းကျင် လူများအားအကူ အညီတောင်းခဲ့ကြောင်း၊ သက်ဆိုင်ရာ
သိသွားသဖြင့် တာဝန်ရှိအဖွဲ့တခုကို စေလွှတ်ပြီး သူကိုဖမ်းဆီး ကာထောင်ဒဏ်
တစ်နှစ် ချမှတ်လိုက်ရကြောင်း ကော့စ်ဘဇား သတင်းတပုဒ်တွင် ရေးသားထားသည်။
အဆိုပါ အခင်းဖြစ်ပွားမှု နှင့်ပတ်သက်ပြီး ဒုက္ခသည် စခန်းခေါင်းဆောင်ကလည်း
မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသည်။

အဆိုပါ စခန်းအတွင် ယခင်ကတခါမှ မဖြစ်ပွားဖူးခဲကြောင်း၊ မုဒိမ်းမုဖြစ်
ပွားခဲ့သည်မှာ တလလျှင်အမှု ၂၀ကနေ ၃၀အထိရှိသော်လည်း သာမန်ရိုးရိုး
ယောက်ျားဖြစ်မှုတို့၏ ကျူးလွန်လေ့ရှိသည့် ပြစ်မှုသာ ရှိသည်ဟု ဆိုသည်။
ယခုလိုဖြစ်ပွား ခြင်းမှာ ဒုက္ခသည် စခန်းအတွင်း ပညာရေးအပေါ်မှာ မှုတည်ကြောင်း
ဒုက္ခသည်ခေါင်း ဆောင်တဦးက ပြောဆိုခဲ့သည်။
.jpg

****ကွန်ပြူတာလေးနေသလား???? "AML Registry Cleaner" ကိုသုံးကြည့် ****


အိုင်နန်းတော်သူ/သားအားလုံးကို
မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့..
နှုတ်ခွန်းဆက်သပါတယ်..
အခုမိတ်ဆက်ပေးနဲ့တခုကတော့..
စက်ကိုအရင်ကထက်သွက်စေမဲ့ဆော့ဝဲလေးတစ်ခုပါ။။။
ကွန်ပြူတာဆိုတာသုံးတာများလေလေ
error များလေပါဘဲ..
အဲ့ဒီတော့ချေဖျက်ပေးမဲ့ကောင်တွေလိုပီပေါ့။။။
ဒီကောင်လေးကလဲ Registry software အများကြီးထဲမှသင့်တော်ဆုံး
အကောင်းဆုံးပါ..
ဖိုင်ဆိုဒ်ကလဲနဲတယ်...
သုံးရတာလဲအဆင်ပြေပါတယ်။။
တော်တော်လေးကိုကောင်းပါတယ်သုံးကြည့်ပါ။။။
ဆော့ဝဲကိုကလစ်လိုက်ပါ။
ပြီးရင်
scan now ပေါ့နော်။။။
ခနစောင့်လိုက်ပါ။
အားလုံးပြီးစီးသွားပါက
Fix All ကိုကလစ်ပြီးရှင်းထုတ်လိုက်ပါ။။
Disk Cleaner ကိုကလစ်လိုက်ရင်
ဘောက်တစ်ခုတက်ပါမယ်..
Start ကိုလစ်လိုက်ပါ
ခနစောင့်လိုက်ပါ
ပြီးသွားရင်
Delete Selected ကိုနှိပ်ပေးလိုက်ပါ။။
ကျန်တာတော့သူငယ်ချင်းတိုဆက်ကလိကျပေါ့
တော်တော်ရှည်သွားပီ
ခိခိ
အဆင်ပြေကြပါစေ..
လိုအပ်ရင်အောက်မှာဒေါင်းယူလိုက်ပါ
အောက်ကမူရင်းလင့်ခ်ပါ


ဆိုးးးးဝါးးးးးသောအယူသီးမှုသနားစရာကလေးငယ်



အယူသီးမှု နှင့် မေတ္တာတရား
ကျနော်တို့ ခေတ်သစ် ကမ္ဘာမှာ လူမှုကွန်ယက်နှင့် တကမ္ဘာ လုံး အတိုင်းအတာ လူသားအချင်းချင်း ချိတ်ဆက် စကားပြောနေချိန်မှာ အိန္ဒိယ နိုင်ငံတနေရာမှာတော့ ကလေးလေးတွေကို အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်တဲ့ ဓလေ့ရှိနေပါသေးကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရချိန် စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရပါတယ်။
အသက် ခြောက်လမှ ဆယ်နှစ် အရွယ် ခလေးလေးတွေကို နေကြတ်ခြင်းကို ကုစားဖို့ ဆိုပြီး အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်လ
ိုက်ပါတယ်။
ခလေးမိဘတွေရဲ့ လက်ထဲက မျက်ရည်စက်လက်နဲ့ မျက်ရည်ခန်းသွားတဲ့အထိ သနားစရာ အဖြစ်လေးကို မိဘတွေက လွဲပြီး သနားသော အကြည့်နဲ့ ကြည့်နေသူပင် မရှိကြောင်း ဖတ်လိုက်ရချိန်မှာ လူသားအချင်းချင်းကြား ထားအပ်တဲ့ မေတ္တာတရားသည် အယူသီးမှု ၏ နောက်ကွယ်တွင် ကျန်နေနိုင်သလား ဆိုတာကိုပါ စဉ်းစားခဲ့ပါသေးတယ်။
ဒီလို အဖြစ်ဟာ စာပေ ဗဟုသုတ ခေါင်းပါးခြင်းကြောင့် ဖြစ်တယ် ဆိုပြီးတော့လဲ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။
ဒီလိုဆိုရင် စာပေ၊ ဗဟုသုတ နှင့် မေတ္တာတရား ဆက်စပ်မှု ရှိနိုင်ပါသလား။
စာပေ ဗဟုသုတ ပေါကြွယ်ဝသော လူ့အသိုင်းအ၀န်းများတွင်လဲ မေတ္တာတရား ခေါင်းပါးခြင်းများ တွေ့နိုင်ပါသည်။
သို့သော်....
မသိခြင်းထက် သိခြင်းသည် လူတွေကို ဆင်ခြင်းတုံတရား ပိုပေးနိုင်ကြောင်း ကိုတော့ သတိထားမိလိုက်ပါသည်။
အခုလိုအဖြစ်မျိုး ဆက်မဖြစ်ရလေအောင် လူ့အခွင့်အရေး လှုပ်ရှားသူများက အစဉ်တစိုက် သက်ဆိုင်ရာ အစိုးရ ကို ဥပဒေ နဲ့ အကာအကွယ်ပေးဖို့ ဆော်သြနေကြပါတယ်။ ဆက်ပြီး ခလေးလေးများ မေတ္တာတရားရဲ့ အရိပ်အာဝါသ အောက်မှာ ရှင်သန်နိုင်ပါစေ လို့ပဲ ဆုတောင်းနေမိပါတယ်။
အရေးအကြီးဆုံးက လူ့အသိုင်းအ၀န်းကြား မေတ္တာ ဂရုဏာတရား ထွန်းကားဖို့သာ ဖို့ပါ။
မူရင်း သတင်းလင့်
http://hitechanalogy.com/children-buried-alive-for-healing-through-...

Yotube တွင် ကြည့် ရှုသူ သန်း ၂၅၀ ဖြင့် ဂင်းနက်(စ) ကမ္ဘာ့  စံချိန် မှတ်တမ်း ကို ချိုး နိုင်ခဲ့ သည့် တောင်ကိုရီးယား အဆိုတော် ပတ်(ခ)ဂျဲဆောင် Gangnam Style သီချင်း


အနုပညာ လှုပ်ရှား မှု များ တွင် Psy ဟု လူသိများသည့် အသက် ၃၄ နှစ် အရွယ်ရှိ တောင်ကိုရီးယား
အဆိုတော် ပတ်(ခ)ဂျဲဆောင် ၏ ဇူလိုင် လ ၂၅ ရက်နေ့  က ထုတ်ဝေ ဖြန့် ချိ ခဲ့ သည့် PSY’s Best 6th Part 1
အယ်(လ) ဘမ်ထဲ မှ ဂန်နမ် စတိုင် Gangnam Style သီချင်း ၏ ဂီတ ဗီဒီယို သည် Yotube တွင်
ကြည့် ရှုသူ သန်း ၂၅၀ ဖြင့် ဂင်းနက်(စ) ကမ္ဘာ့  စံချိန် မှတ်တမ်း ကို ချိုး နိုင်ခဲ့ သည်။
Electro House, Hip House, Korean စတိုင် ပေါ့ပ် သီချင်း အမျိုး ဖြစ်သည့် ဂန်နမ် စတိုင်(လ) သည်
ဆိုလ်းမြို့ ရှိ အာဏာရှိသူများ ၊ သူကြွယ်သူဌေးများ နာမည် ကျော်ကြား သူများ နေထိုင်ရာ ဂန်နမ် ခရိုင်
ကို သရော်မှု ပြု ထားသည့် ဂီတ ဗီဒီယို ဖြစ်သော် လည်း ပတ်(ခ)ဂျဲဆောင် ၏ လက် နှစ် ဖက် ချိတ် ပြီး
ခြေထောက် မြှောက်ကာ က ပြသည့် စတိုင် မှာ လူကြိုက် များ ခဲ့ သည်။

အမေရိကန် အဆိုတော် Tpain, ဘရစ်တနီ စပီးယား၊ ကေတီ ပယ်ရီ ၊ Maroon 5 တို့  က လည်း ထိုသီ
ချင်း ဗီဒီယို ကို အလွန် နှစ် သက်ကာ ၎င်း တို့  ၏ Facebook နှင့် တွစ်တာ စာမျက်နှာ များ တွင် ပြန်လည်
မျှ ဝေထား သည်။

ဂန်နမ် စတိုင်သည် အာရှ တွင်သာ မက အမေရိကန် အပါအ၀င် ၊ ဥရောပ နှင့် အာဖရိက တိုက်များ တွင်
ပါ လူကြိုက်များ သည် ဟု ဆိုသည်။ အမေရိကန် အော်ရီဂွန် ပြည်နယ် ရှိ မူလတန်း ကျောင်း အချို့  နှင့်
ဖိလစ် ပိုင် နိုင်ငံ မနီလာ ရှိ ကျောင်း များ တွင် ကလေးများ အရှိန် လွန် ပြီး ချော်လဲ မည် ဆိုးသော ကြောင့်
ဂန်န စတိုင် မ လုပ် ရ ဟု ကျောင်း တွင် အမိန့် ထုတ်ထား ရသည်။

ဂျပန် နှင့် အမေရိကန် နိုင်ငံ များ တွင် ဂန်န စတိုင် ပြိုင်ပွဲ များ ပြု လုပ် လျှက် ရှိ ပြီး တောင်ကိုရီးယား
တွင် အခြေစိုက်သည့် အမေရိကန် ရေတပ် သားများ သည့် နှစ် နိုင်ငံ ချစ်ကြည် ရေး အတွက် ဂန်န
စတိုင် ဖျော်ဖြေမှု ကို ပြီး ခဲ့ သီတင်း ပတ်က ပြု လုပ် ခဲ့ သည်။

လာစ်ဗီးဂတ်(စ) တွင် ကျင်းပနေသည့် iHeart ရေဒီယို ဂီတ ပွဲတော် တွင် လည်း Psy သည် ဂန်န
စတိုင် သီချင်း အပါအ၀င် အခြား သီချင်း နှစ်ပုဒ် ဖြင့် ပါဝင် သီဆို ခဲ့ သည်။

ဂန်န စတိုင်သည် တစ်လ အတွင်း Youtube တွင် လူကြိုက် အများ ဆုံး သီချင်း ဖြစ်သည်။

မိန်းကလေး အဆိုတော် အဖွဲ့  4 Minutes မှ ကင်ဟွန်န သည် ဂန်နမ် စတိုင် တွင် ပါဝင် သီဆို
ဖျော်ဖြေထားသည်။

ပတ်(ခ)ဂျဲဆောင် သည် အမေရိကန် နိုင်ငံ ဘော်စတွန် တက္ကသိုလ် မှ ဂီတ ဘာသာ ရပ် ဖြင့် ဘွဲ့  ရရှိ
ခဲ့ သူ ဖြစ်သည်။
 
http://www.youtube.com/watch?v=9bZkp7q19f0&feature=share
facebook မှကူးယူဖေိာပြပါသည်

((( ၇-ရက်သားသမီးများအတွက်..တသက်စာ..ဗေဒင်..ဟောစတမ်း ))) ဟာသ



တနင်္ဂနွေ(အ၊ဥ၊သြ)
အားအားယားယား ဖြစ်နေတတ်သည်။ အူကြောင်ကြား ဖြစ်နေသောသူတစ် ယောက်နှင့်
မိတ်ဆွေဖြစ်ကိန်းရှိသည်။ အူတူတူ အတတ ကောင်မလေးတစ်ယောက်နှင့် ဥတုတု ညုတုတု
ဖြစ်ကိန်းရှိသည်။ အီရတ် နိုင်ငံသို့ နွေရာသီ အပန်းဖြေခရီး
ထွက်ရကိန်းရှိသည်။ ဥ နှင့်ပတ်သက်၍ ကျန်းမာရေး အညံ့ရှိသည်။ အိမ်သာတက်ရင်း
အူကျရောဂါ အပြင်းအထန်း ခံစားရတတ်သည်။ အနာကြီးရောဂါ ဖြစ်နေသော
သူတစ်ယောက်နှင့် မတော်တဆ အိမ်ထောင်ကျကိန်း ရှိသည်။
ယတြာ။ ။အင်္ဂါနေ့တွင် ဥဥနေသော ကြက်မဖင်ကို အံ့သြစွာကြည့်၍ “အောင်ပြီ၊
အောင်ပြီ” ဟု သုံးကြိမ်တိုင်တိုင် အော်ပါ။
တနလာၤ(က၊ခ၊ဂ၊ဃ၊င)
ကုန်းကုန်း ခွခွ အလုပ်များနေတတ်သည်။ တနင်္လာနံဖြစ်ပစ္စည်းများ ဖြစ်သော
ကုန်တင်ကား၊ဘစ်(စ်)ကားများ မမျှော်လင့်ပဲ အစုံလိုက်အပြုံလိုက်
ဝင်လာတတ်သည်။ ရုတ်တရက် ၀င်လာတတ်သဖြင့် သတိကြီးစွာထားရန် လိုအပ်သည်။
ဂေါက်ကြောင် ကြောင်ဖြစ်နေသော ကုလားမတစ်ယောက်နှင့်
ချစ်ကြိုက်ရကိန်းရှိသည်။ ကျပ်မပြည့်သော လူတစ်ယောက်၏ ကြောင်တောင်တောင်
လုပ်ခြင်းခံရတတ်သည်။ လကုန်ရက် ဖြစ်ပါက ငွေဝင်ကိန်းရှိသည်။
ခွေးရူးပြန်ရောဂါ ရှိသူများ ချွတ်ခြုံကျနေသော သူများ၏
မရမကချစ်ကြိုက်ခြင်းကို ခံရတတ်သည်။ ဂတ်ထဲတွင် အိပ်စက်ရကိန်းရှိသည်။
ကြောက်ခမန်းလိလိ ခွေးကိုက်ခြင်း၊ ဂနိုကျခြင်းများ ဖြစ်တတ်သည်။
ယတြာ။ ။ကြာသပတေးနေ့တွင် ဂတုံးပြောင်အောင် တုံးပြီး ကင်းမြီးကောက်ထောင်ကာ
ကြောင်တစ်ကောင်လို အော်ဟစ်၍ ယတြာချေပါ။
အဂၤါ(စ၊ဆ၊ဇ၊စ်၊ည)
စာမလုပ်သူများ အထူးသတိထားပါ စေ့စပ်သေချာ၍ စေ့စေ့စပ်စပ်လုပ်တတ် သော ဆရာ၏
စာမေးပွဲနှင့် စိတ်ညစ်စွာ ကြုံရတတ်သည်။ အပြင်းအထန် ဇစ်ညှပ်ခြင်း
ခံစားရတတ်သည်။ ဆိုက်ကားနင်းစားခြင်း ၊စာခိုးချခြင်း၊ ဈေးရောင်းခြင်း၊
ညစောင့်ခြင်း စသည့် ပညာရပ်များကို ဇင်ဘာဘွေ နိုင်ငံတွင် သွားရောက်
သင်ယူရကိန်းရှိသည်။ စိတ်ရောဂါရှိသူများ အဆဲသန်သူများ ဆစ်ဖလစ်ရောဂါ
ရှိသူများနှင့် စီးပွါးရေးစပ်တူ လုပ်ပါက အထူးအောင်မြင်ကိန်းရှိသည်။ ညှင်း
ဝဲ စွဲကပ်နေသော သူများနှင့် အိမ်ထောင်ကျကိန်းရှိသည်။
ယတြာ။ ။စနေနေ့ ညဘက် ၁၂ နာရီတွင် စိုင်းစိုင်းခမ်းလှိုင်၏
သီချင်းတစ်ပုဒ်ကို ဈေးထဲ၌ အဆဲသန်သော ဈေးသည်တစ်ယောက်ရှေ့တွင်
စွဲစွဲမြဲမြဲ ဆယ်ရက် ဆက်ဆိုပါ။
ဗုဒ္ဓဟူး(ယ၊ရ၊လ၊၀)
ဝဲ၊ယားနားအကြီးအကျယ် ပေါက်တတ်သည်။ လမ်းလျှောက်ရင်း လေလည်တတ် သောသူများ၏
နောက်မှမလိုက်ပါနှင့်၊ လုံးပါးပါးနိုင်သည်(နှာခေါင်း)။
ရူှးနှမ်းနှမ်းဖြစ်နေ သူတစ်ယောက်၏ ရင်ဖွင့်စကားကို နားထောင်ပေးရတတ်သည်။
ဝက်ရူးပြန်ရောဂါရှိ သူများ၊ ယဉ်ယဉ်လေး ရူးနေသော သူများ ၊လေကျယ်တတ်သူများ၊
ဝိတ်ပေါပေါနေသူ များနဲ့ စပ်တူစီးပွါးရေးလုပ်ပါက အကြီးအကျယ်
အောင်မြင်ကိန်းရှိသည်။ ၀က်မတစ်ကောင် ကဲ့သို့ ၀အစ်နေသော
မိန်းကလေးတစ်ယောက်၏ ရေလာမြောင်းပေးခြင်း နှင့် ချစ်ခင်နှစ်သက်ခြင်းကို
မထင်မှတ်ပဲ လက်ခံရတတ်သည်။ ယာဉ်၊ ရထားတို့ ပေါ်၌ ယားနာဆေး၊
လိပ်ခေါင်းပျောက်ဆေး ရောင်းခြင်းမှ ထူးခြားစွာအမြတ်ရကိန်းရှိသည်။
ယတြာ။ ။လင်ရှိမယား တစ်ယောက်၏ အိမ်ရှေ့တွင်
“၀င်သက်ထွက်သက်(နွဲ့ယဉ်ဝင်း)”သီ
ချင်းကို လေးဖက်ကုန်း၍ လဒမှိုင်မှိုင်ကာ
လက်ယာရစ်ပတ်ကာ လေးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။
ကြာသပတေး(ပ၊ဖ၊ဗ၊ဘ၊မ)
ဘိုင်ကျပြီး မွဲတေနေတတ်သည်။ မျက်နှာတွင် ပိုးစိုးပက်စက် မီးလောင်တတ်သည်
ဗိုက်ကြီးသည် တစ်ယောက်နှင့် အိမ်ထောင်ကျကိန်းရှိသည်။ ပုတက်မွေးခြင်း
၊ဖွတ် မွေးခြင်း၊ ပုရစ်မွေးခြင်း၊ ဘယာကြော် ကြော်ရောင်းခြင်းစသည့်
အလုပ်များဖြင့် ပိုးစိုး ပက်စက် မြိုးမြိုးမြက်မြက်
စီးပွါးတက်ကိန်းရှိသည်။ ဖိနပ်ချုပ်ခြင်း၊ မီးသွေး ရောင်းဝယ်ခြင်း
၊ပြောင်းဖူးဖုတ်ခြင်း ပညာများရပ်များကို မွန်ဂို***ယား၊ ဖင်လန်၊
ဘော့ဇနီးယား၊ မြန်မာ စသည့်နိုင်ငံများတွင် ပညာတော်သင် သွားရကိန်းရှိသည်။
ဘာဘူကုလားမကြီး၏ ဖောဖောသီသီ မျက်နှာပေးခြင်း၊ ပုဆိုးကြားတွင် ပိပိရိရိ
မေတ္တာစာ ခိုးထည့်ခံရခြင်းများ ကြုံရတတ်သည်။
ယတြာ။ ။ဘောင်းဘီတိုဝတ်၍ ဗိုက်ကြီးသည် တစ်ယောက်နှင့်အတူ ဘောလုံးကွင်းတွင်
ဘရိတ်ဒန့် အတူတွဲက၍ ယတြာချေပါ။ လိုအပ်ဆန္ဒပြည့်ဝ လာလိမ့်မည်။
သောကြာ(သ၊ဟ)
ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် သတိလက်လွတ် ဖြစ်နေတတ်သည်။
သောက်ရှက်ဟက်တက်ကွဲ၍ သူတစ်ပါး၏ သေချင်စော်နံလောက်အောင် သောက်မြင်
ကပ်ခြင်းကို ပိုးစိုးပက်စက် အကြီးအကျယ် ကြုံရတတ်သည်။ သရဲမတစ်ယောက်နှင့်
ဟိုကိစ္စ ဖြစ်ကိန်းရှိသည်။ သင်္ချိုင်းကုန်း၊သုဿာန် စောင့်ခြင်း
၊သန်ကောင်မွေးခြင်း ဟောင်းနွမ်းပစ္စည်းရောင်းဝယ်ခြင်းတို့မှ ဟိုးလေးတကျော်
အကျိုးအမြတ်ရကိန်း ရှိသည်။ ဟိုင်းနေသော သူတစ်ယောက်နှင့်
သိုးသိုးသန့်သန့် သတင်းထွက်ကိန်းရှိ သည်။ သတိကြီးကြီး ထားပါ တော်ကာကျမည်။
သပ်သပ်ရပ်ဝတ်ပြီး ဟိုင်းလတ်ကားတိုက်ကာ ဟပ်ထိုးလဲပြီး ဟောဟဲဟောဟဲ
ဖြစ်နေတတ်သည်။
ယကြာ။ ။သောကြာနေ့တွင် သုဿာန်၌ သေသွားသူ၏ မိသားစုရှေ့တွင် ဟာသလုပ်၍
ဟဲလေးသီချင်းဖြင့် သုံးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။အညံ့များ
ပျောက်သွားလိမ့်မည်။
စပါယ်ရှယ် ဗေဒင် "
တနင်္ဂနွေ(အ၊ဥ၊သြ)
အားအားယားယား ဖြစ်နေတတ်သည်။ အူကြောင်ကြား ဖြစ်နေသောသူတစ် ယောက်နှင့်
မိတ်ဆွေဖြစ်ကိန်းရှိသည်။ အူတူတူ အတတ ကောင်မလေးတစ်ယောက်နှင့် ဥတုတု ညုတုတု
ဖြစ်ကိန်းရှိသည်။ အီရတ် နိုင်ငံသို့ နွေရာသီ အပန်းဖြေခရီး
ထွက်ရကိန်းရှိသည်။ ဥ နှင့်ပတ်သက်၍ ကျန်းမာရေး အညံ့ရှိသည်။ အိမ်သာတက်ရင်း
အူကျရောဂါ အပြင်းအထန်း ခံစားရတတ်သည်။ အနာကြီးရောဂါ ဖြစ်နေသော
သူတစ်ယောက်နှင့် မတော်တဆ အိမ်ထောင်ကျကိန်း ရှိသည်။
ယတြာ။ ။အင်္ဂါနေ့တွင် ဥဥနေသော ကြက်မဖင်ကို အံ့သြစွာကြည့်၍ “အောင်ပြီ၊
အောင်ပြီ” ဟု သုံးကြိမ်တိုင်တိုင် အော်ပါ။
တနလာၤ(က၊ခ၊ဂ၊ဃ၊င)
ကုန်းကုန်း ခွခွ အလုပ်များနေတတ်သည်။ တနင်္လာနံဖြစ်ပစ္စည်းများ ဖြစ်သော
ကုန်တင်ကား၊ဘစ်(စ်)ကားများ မမျှော်လင့်ပဲ အစုံလိုက်အပြုံလိုက်
ဝင်လာတတ်သည်။ ရုတ်တရက် ၀င်လာတတ်သဖြင့် သတိကြီးစွာထားရန် လိုအပ်သည်။
ဂေါက်ကြောင် ကြောင်ဖြစ်နေသော ကုလားမတစ်ယောက်နှင့်
ချစ်ကြိုက်ရကိန်းရှိသည်။ ကျပ်မပြည့်သော လူတစ်ယောက်၏ ကြောင်တောင်တောင်
လုပ်ခြင်းခံရတတ်သည်။ လကုန်ရက် ဖြစ်ပါက ငွေဝင်ကိန်းရှိသည်။
ခွေးရူးပြန်ရောဂါ ရှိသူများ ချွတ်ခြုံကျနေသော သူများ၏
မရမကချစ်ကြိုက်ခြင်းကို ခံရတတ်သည်။ ဂတ်ထဲတွင် အိပ်စက်ရကိန်းရှိသည်။
ကြောက်ခမန်းလိလိ ခွေးကိုက်ခြင်း၊ ဂနိုကျခြင်းများ ဖြစ်တတ်သည်။
ယတြာ။ ။ကြာသပတေးနေ့တွင် ဂတုံးပြောင်အောင် တုံးပြီး ကင်းမြီးကောက်ထောင်ကာ
ကြောင်တစ်ကောင်လို အော်ဟစ်၍ ယတြာချေပါ။
အဂၤါ(စ၊ဆ၊ဇ၊စ်၊ည)
စာမလုပ်သူများ အထူးသတိထားပါ စေ့စပ်သေချာ၍ စေ့စေ့စပ်စပ်လုပ်တတ် သော ဆရာ၏
စာမေးပွဲနှင့် စိတ်ညစ်စွာ ကြုံရတတ်သည်။ အပြင်းအထန် ဇစ်ညှပ်ခြင်း
ခံစားရတတ်သည်။ ဆိုက်ကားနင်းစားခြင်း ၊စာခိုးချခြင်း၊ ဈေးရောင်းခြင်း၊
ညစောင့်ခြင်း စသည့် ပညာရပ်များကို ဇင်ဘာဘွေ နိုင်ငံတွင် သွားရောက်
သင်ယူရကိန်းရှိသည်။ စိတ်ရောဂါရှိသူများ အဆဲသန်သူများ ဆစ်ဖလစ်ရောဂါ
ရှိသူများနှင့် စီးပွါးရေးစပ်တူ လုပ်ပါက အထူးအောင်မြင်ကိန်းရှိသည်။ ညှင်း
ဝဲ စွဲကပ်နေသော သူများနှင့် အိမ်ထောင်ကျကိန်းရှိသည်။
ယတြာ။ ။စနေနေ့ ညဘက် ၁၂ နာရီတွင် စိုင်းစိုင်းခမ်းလှိုင်၏
သီချင်းတစ်ပုဒ်ကို ဈေးထဲ၌ အဆဲသန်သော ဈေးသည်တစ်ယောက်ရှေ့တွင်
စွဲစွဲမြဲမြဲ ဆယ်ရက် ဆက်ဆိုပါ။
ဗုဒ္ဓဟူး(ယ၊ရ၊လ၊၀)
ဝဲ၊ယားနားအကြီးအကျယ် ပေါက်တတ်သည်။ လမ်းလျှောက်ရင်း လေလည်တတ် သောသူများ၏
နောက်မှမလိုက်ပါနှင့်၊ လုံးပါးပါးနိုင်သည်(နှာခေါင်း)။
ရူှးနှမ်းနှမ်းဖြစ်နေ သူတစ်ယောက်၏ ရင်ဖွင့်စကားကို နားထောင်ပေးရတတ်သည်။
ဝက်ရူးပြန်ရောဂါရှိ သူများ၊ ယဉ်ယဉ်လေး ရူးနေသော သူများ ၊လေကျယ်တတ်သူများ၊
ဝိတ်ပေါပေါနေသူ များနဲ့ စပ်တူစီးပွါးရေးလုပ်ပါက အကြီးအကျယ်
အောင်မြင်ကိန်းရှိသည်။ ၀က်မတစ်ကောင် ကဲ့သို့ ၀အစ်နေသော
မိန်းကလေးတစ်ယောက်၏ ရေလာမြောင်းပေးခြင်း နှင့် ချစ်ခင်နှစ်သက်ခြင်းကို
မထင်မှတ်ပဲ လက်ခံရတတ်သည်။ ယာဉ်၊ ရထားတို့ ပေါ်၌ ယားနာဆေး၊
လိပ်ခေါင်းပျောက်ဆေး ရောင်းခြင်းမှ ထူးခြားစွာအမြတ်ရကိန်းရှိသည်။
ယတြာ။ ။လင်ရှိမယား တစ်ယောက်၏ အိမ်ရှေ့တွင်
“၀င်သက်ထွက်သက်(နွဲ့ယဉ်ဝင်း)”သီချင်းကို လေးဖက်ကုန်း၍ လဒမှိုင်မှိုင်ကာ
လက်ယာရစ်ပတ်ကာ လေးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။
ကြာသပတေး(ပ၊ဖ၊ဗ၊ဘ၊မ)
ဘိုင်ကျပြီး မွဲတေနေတတ်သည်။ မျက်နှာတွင် ပိုးစိုးပက်စက် မီးလောင်တတ်သည်
ဗိုက်ကြီးသည် တစ်ယောက်နှင့် အိမ်ထောင်ကျကိန်းရှိသည်။ ပုတက်မွေးခြင်း
၊ဖွတ် မွေးခြင်း၊ ပုရစ်မွေးခြင်း၊ ဘယာကြော် ကြော်ရောင်းခြင်းစသည့်
အလုပ်များဖြင့် ပိုးစိုး ပက်စက် မြိုးမြိုးမြက်မြက်
စီးပွါးတက်ကိန်းရှိသည်။ ဖိနပ်ချုပ်ခြင်း၊ မီးသွေး ရောင်းဝယ်ခြင်း
၊ပြောင်းဖူးဖုတ်ခြင်း ပညာများရပ်များကို မွန်ဂို***ယား၊ ဖင်လန်၊
ဘော့ဇနီးယား၊ မြန်မာ စသည့်နိုင်ငံများတွင် ပညာတော်သင် သွားရကိန်းရှိသည်။
ဘာဘူကုလားမကြီး၏ ဖောဖောသီသီ မျက်နှာပေးခြင်း၊ ပုဆိုးကြားတွင် ပိပိရိရိ
မေတ္တာစာ ခိုးထည့်ခံရခြင်းများ ကြုံရတတ်သည်။
ယတြာ။ ။ဘောင်းဘီတိုဝတ်၍ ဗိုက်ကြီးသည် တစ်ယောက်နှင့်အတူ ဘောလုံးကွင်းတွင်
ဘရိတ်ဒန့် အတူတွဲက၍ ယတြာချေပါ။ လိုအပ်ဆန္ဒပြည့်ဝ လာလိမ့်မည်။
သောကြာ(သ၊ဟ)
ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် သတိလက်လွတ် ဖြစ်နေတတ်သည်။
သောက်ရှက်ဟက်တက်ကွဲ၍ သူတစ်ပါး၏ သေချင်စော်နံလောက်အောင် သောက်မြင်
ကပ်ခြင်းကို ပိုးစိုးပက်စက် အကြီးအကျယ် ကြုံရတတ်သည်။ သရဲမတစ်ယောက်နှင့်
ဟိုကိစ္စ ဖြစ်ကိန်းရှိသည်။ သင်္ချိုင်းကုန်း၊သုဿာန် စောင့်ခြင်း
၊သန်ကောင်မွေးခြင်း ဟောင်းနွမ်းပစ္စည်းရောင်းဝယ်ခြင်းတို့မှ ဟိုးလေးတကျော်
အကျိုးအမြတ်ရကိန်း ရှိသည်။ ဟိုင်းနေသော သူတစ်ယောက်နှင့်
သိုးသိုးသန့်သန့် သတင်းထွက်ကိန်းရှိ သည်။ သတိကြီးကြီး ထားပါ တော်ကာကျမည်။
သပ်သပ်ရပ်ဝတ်ပြီး ဟိုင်းလတ်ကားတိုက်ကာ ဟပ်ထိုးလဲပြီး ဟောဟဲဟောဟဲ
ဖြစ်နေတတ်သည်။
ယကြာ။ ။သောကြာနေ့တွင် သုဿာန်၌ သေသွားသူ၏ မိသားစုရှေ့တွင် ဟာသလုပ်၍
ဟဲလေးသီချင်းဖြင့် သုံးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။အညံ့များ
ပျောက်သွားလိမ့်မည်။
စနေ(တ၊ထ၊ဒ၊ဓ၊န)
တင်ပါးတွင် ဒက်ပေါက်၍ ဒန့်တန့်တန့်ထုံပေထုံပေ ဖြစ်နေတတ်သည်။
နူနာရောဂါရှိသူ တစ်ယောက်၏ တီတီတာတာ ထူးထူးခြားခြား
ချစ်ကြိုးသွယ်ကိန်းရှိသည်။ တင်တု လုပ်ခြင်း ထီးပြင်ခြင်း ဓါးသွေးခြင်း
ဒန်အိုးဖာထေးခြင်း စသော လုပ်ငန်းများ နှင့် သက်ဆိုင်သော ပညာရပ်များကို
တူနီးရှား ထိုင်း နယူးယောက် စသောနေရာများသို့ သွားရောက်သင်ရကိန်းရှိသည်။
နတ်ကတော်များနှင့် တွဲဖက်လုပ်ငန်းစပ်တူ လုပ်ပါက ထူးထူးခြားခြား
အောင်မြင်ကိန်းရှိသည်။ထီးနှင့် အသံနီးစပ် သောပစ္စည်းများ အပြွတ်လိုက်
ဝင်ကိန်းရှိသည်။ ဓါတ်ရိုက် ဓါတ်ဆင်လုပ်ခြင်း ဓါတ်ရုင်ရိုက် ခြင်း
ဓါတ်သွားခြင်းကိုပိတ်ဆို့ ဆေးရောင်းခြင်း စသောလုပ်ငန်းများမှ
အကျိုးအမြတ်ရရှိမည်။
ယတြာ။ ။တနလာင်္နေ့ တွင် တင်ပါးပေါ်ဝတ်ပြီး နတ်သီချင်းဖွင့်ကာ နံနက်အချိန်၌
နိုင်းနိုင်းကဲ့သို့ ထိထိမိမိ ကပါ။
(သူငယ်ချင်းတယောက်ပို့ ပေးသော..ဟာသလေးကိုပြန်မျှဝေပေးတာပါ..
ပျော်ရွှင်ကြပါစေ..ထာဝရဝိုင်းတော်သားများ..)

Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ရန်


အကြောင်းအမျိုးမျိုးကြောင့် Laptop များကိုမီးမရရှိပဲ Laptop ၏ Battery ကိုသာ အသုံးပြု၍ ကွန်ပျူတာကိုသုံးစွဲမည်ဆိုပါက Laptop Battery ကြာရှည်စွာ အသုံးပြုနိုင်ရန် အတွက် အောက်ပါ အတိုင်းဆောင် ရွက်နိုင်ပါသည်။
၁။ Screen Brightness ကိုလျော့ချအသုံးပြုခြင်း။
Screen ၏ Brightness ကိုပိုမိုအသုံးပြုပါက Laptop ၏ Battery ကိုပိုမိုမြန်ဆန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ၏ Scan Brightness ကိုလျော့ချ၍သုံးစွဲရန်လိုအပ်ပါသည်။ Brightness ကိုလျော့ချရန်အတွက် Laptop Battery icon ကို Right Click နှိပ်၍ More Power Option ကိုဝင် ရောက်ရပါမည်။
More power options
More power options
Power options window ပွင့်လာသောအခါ အောက်ဖော်ပြပါပုံအတိုင်း screen brightness ကို အနည်းဆုံးသို့လျော့ချရန်အတွက် ဘယ်ဘက် အဆုံးထိပြောင်းပေးရပါမည်။ ထိုသို့ screen brightness ကို အနည်းဆုံးသို့လျော့ချအသုံးပြုခြင်းသည် မျက်လုံးများအတွက်လည်း ကောင်းမွန်စေပါသည်။
decrease screen brightness
decrease screen brightness
၂။ Screensavers အသုံးပြုခြင်းကို ပိတ်ထားခြင်း။
Screensavers များအသုံးပြုခြင်းသည်လည်း Laptop ၏ Battery များကိုလျင်မြန်စွာကုန်ဆုံးရခြင်း၏ အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။ Screensavers များကို ပိတ်ထားပါက Laptop ၏ Battery ကိုပိုမိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ Screensavers များကိုပိတ်ထား ရန်အတွက် Desktop ပေါ်တွင် Right click နှိပ်၍ Properties ကိုဝင်ရောက်ရပါမည်။ ထို့နောက် Screensavers tab သို့ဝင်ရောက်၍ None ကိုရွေးချယ်၍ Ok ပေးရပါမည်။
Screensavers
Screensavers
၃။ Defragmentation ပြုလုပ်ပေးခြင်း။
Computer ၏ hard disk drive များကို Defragmentation ပြုလုပ်ပေးခြင်းသည် ကွန်ပျူတာ၏စွမ်းဆောင်မှုကိုမြင့်တက်စေသလို Laptop ၏ Battery သုံးစွဲခြင်းကိုလျော့နည်းစေသည့်အတွက် ပြုလုပ်ပေးရန်လိုအပ်ပါသည်။ Defragmentation ပြုလုပ်ပေးရန်အတွက် Window တွင်ပါဝင်သော Defragmente ကိုအ သုံးပြုနိုင်သကဲ့သို့၊ အခြား Defragmentation ပြုလုပ်ပေးသည့် Software များကိုလည်းအသုံးပြုနိုင်ပါသည်။ Defragmentation ပြုလုပ်ရန် အတွက် hard disk drive တစ်ခုကို Right click နှိပ်၍ properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools tab ကိုဝင်ရောက်၍ Defrayments now ကိုနှိပ်၍ hard disk drive တစ်ခုခြင်းစီကို Defragmentation ပြုလုပ်ပေးရပါမည်။
defrag
Defragmentation ပြုလုပ်ရန်ဝင်ရောက်ပုံ
defrag2
Defragmention ပြုလုပ်ခြင်း
၎။ အသုံးမလိုသည့် Applications များကို Disable ပြုလုပ်ထားခြင်း။
အချို့ သော Applications များသည် ကွန်ပျူတာစတင်အလုပ်လုပ်သည်နှင့်တစ်ပြိုင် နက်တည်းအလုပ်လုပ်ရန်မလိုအပ်ပါ။ ဥပမာအားဖြင့် Adobe reader, Zune, iTunes and Google desktop အစရှိသည့် Applications များဖြစ်ပါသည်။ အဆိုပါ Applications များကို Startup menu တွင် Disable ပြုလုပ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။ Startup menu တွင် မလိုအပ်သည့် Applications များကို Disable ပြု လုပ်ရန်အတွက် Start မှ Run ကိုဝင်ရောက်ရပါမည်။ Run box တွင် Msconfig ဟုရိုက်ကာ Startup tab သို့ဆက်လက်ဝင်ရောက်ရပါမည်။ ထို့နောက်မလိုအပ်သည့် Applications များကို Uncheck ပြုလုပ်ပေး၍ ok ပေးပြီးနောက် Restart ချပေးရပါမည်။
startup
startup
၅။ External USB devices များကိုအသုံးမပြုခြင်း။
External USB devices များကိုအသုံးပြုခြင်းသည် Laptop ၏ Battery များကိုလျင် မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် External USB Devices များဖြစ်သော external hard drive, pen drive, mouse), memory card, iPod or iPhone အစရှိသည်တို့ကို အသုံးပြု ခြင်း၊ ချိတ်ဆက်ထားခြင်းတို့ကို ရှောင်ကျဉ်ရပါမည်။
၆။ RAM ကိုတိုးမြှင့်ခြင်း။
အကယ်၍ကွန်ပျူတာတွင်အသုံးပြုသည့် RAM သည် Window ၏လိုအပ်ချက်နှင့် မကိုတ်ညီပဲ စွမ်းဆောင်မှုနိမ့်နေပါက အဆိုပါ RAM ၏လိုအပ်ချက်သည်လည်း Laptop ၏ Battery ၏ ခံနိုင်ရည်အားကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် System ၏လိုအပ်ချက်နှင့် အညီ RAM ကို တိုးမြှင့်ပေးရန်လိုအပ်ပါသည်။
၇။ CD/DVD အသုံးမပြုခြင်း။
Laptop တစ်လုံးကို Battery ဖြင့်အသုံးပြုနေပါက CD/DVD အသုံးပြုခြင်းကိုရှောင် ကျဉ်ရပါမည်။ CD/DVD အသုံးပြုခြင်းသည် Laptop ၏ Battery ကိုလျင်မြန်စွာကုန်ဆုံးစေနိုင် ပါသည်။
၈။ အသုံးမပြုသည့်အချိန်တွင် Sleep or standby ပြုလုပ်ခြင်း။
ကွန်ပျူတာကိုသုံးခြင်းမှ ခေတ္တခဏရပ်နားသည့်အခါမျိုးတွင် Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် power သုံးစွဲမှုကိုလျော့နည်းစေပြီး Battery ကိုကြာရှည်စွာသုံးစွဲ နိုင်စေပါသည်။ Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် ကွန်ပျူတာကိုပြန်လည်အ သုံးပြုလိုသည့်အခါတွင် လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်ပါသည်။
၉။ Laptop ကိုအေးသောနေရာတွင်ထားရှိအသုံးပြုခြင်း။
Laptop ကို အပူချိန်မြင့်သောအခန်းများတွင်အသုံးပြုပါက Laptop တွင်ပါဝင်သော Fan သည်အပူကိုချေဖျက်ရန်အတွက် အလုပ်ပိုမိုလုပ်ဆောင်ရပြီး Laptop Battery ကို လျင်မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ကို အပူချိန်နည်း၍ အေးမြသော အခန်းများတွင် အသုံးပြုရန်လိုအပ်ပါသည်။
၁၀။ Screen resolution ကိုလျော့ချအသုံးပြုခြင်း။
Screen resolution ကိုအနည်းဆုံးသို့လျော့ချအသုံးပြုပါက Laptop ၏ Battery ကို အချိန်ကြာကြာအသုံးပြုစေရန် အထောက်အကူပြုပါသည်။ Screen resolution ကိုလျော့ချ ရန်အတွက် Desktop ပေါ်တွင် Right click ဖြင့် Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Display Properties Panel တွင်းမှ Settings tab သို့ဝင်ရောက်၍ Screen resolution ကို ဘယ်ဘယ်သို့ရွေ့ ပြောင်း၍ အနည်းဆုံးသို့လျော့ချပေးနိုင် ပါသည်။
Screen resolution
Screen resolution
၁၁။ Switch off Wireless။
Laptop အများစုတွင် Internet နှင့်ချိတ်ဆက်အသုံးပြုရန်အတွက် Wireless connection ပါရှိပါသည်။ Internet အသုံးမပြုပါက Wireless connection ကိုပိတ်ထားသင့်ပါ သည်။ Wireless connection ကိုပိတ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။
၁၂။ Visual Effects များကိုပြင်ဆင်ပေးခြင်း။
ကွန်ပျူတာတွင် Visual Effects များကိုပြင်ဆင်ပေးခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာအသုံးပြုစေနိုင်ပါသည်။ Visual Effects ကိုပြင်ဆင်ရန်အတွက် my computer ကို Right click နှိပ်၍ properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် အောက်ဖော်ပြပါ ပုံအတိုင်း advance tab မှ performance ရှိ Settings ကိုနှိပ်၍ ၀င်ရောက်ရ ပါမည်။ Adjust the appearance and performance of window ကိုနှိပ်၍ Performance Options အတွင်းမှ Visual Effects သို့ဝင်ရောက်ရပါမည်။
Change Visual Effects
Change Visual Effects
“Visual Effects” tab အတွင်း၌ “Adjust for best performance” ကို check ပေးလိုက် သည့်အခါ Visual Effects များကိုပြင်ဆင်ပြီးဖြစ်ပါသည်။ (ထိုသို့ပြုလုပ်ရာတွင် Visual Effects များအားလုံးအလုပ်မလုပ်တော့ပဲ သာမန်ရိုးရှင်းသည့် Window ပုံစံ ဖြစ်သွားမည့်အတွက် ကွန်ပျူတာကိုလှလှပပဖြစ်စေရန် Effects များကို အသုံးပြုသူများအတွက် သတိထားရန်လိုအပ်ပါသည်။)
Adjust for best performance
Adjust for best performance
၁၃။ Laptop Battery ကိုအားကုန်အသုံးပြုခြင်း။
Laptop Battery ကိုနှစ်လလျင်တစ်ကြိမ်ခန့် အားကုန်အောင်သုံးစွဲပြီးနောက် ပြန်လည် အားဖြည့်သင့်ပါသည်။ ထိုအချက်သည်လည်း Laptop Battery ကိုကြာရှည်အသုံးပြုနိုင်ရန်အ တွက် အထောက်အကူပြုပါသည်။ ကွန်ပျူတာဝယ်သည့်အခါ ပါရှိသည့် Battery နှင့်ပတ်သက် သည့်အညွှန်းကိုလည်း သေချာဖတ်ကြည့်ရန်လိုအပ်ပါသည်။
၁၄။ Background color ရွေးချယ်အသုံးပြုခြင်း။
Background color အသုံးပြုရာတွင် အနက်ကိုအသုံးပြုပြီး Wallpapers များကိုဖြုတ် ထားခြင်းသည်လည်း Laptop Battery ကိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ အဖြူရောင်များကို Background color အဖြစ်အသုံးများလေ Laptop Battery အားကိုလျင်မြန်စွာကုန်ဆုံးလေ ဖြစ်ပါသည်။
၁၅။ Battery ကိုအားသွင်းနေစဉ် Laptop ကိုအသုံးမပြုခြင်း။
Battery ကိုအားသွင်းနေစဉ် Laptop ကိုအသုံးပြုခြင်းသည် Battery ၏အသုံးပြုနိုင်ရန် သတ်မှတ်ထားသည့်ကြာချိန်ကို လျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် Laptop Battery များကို ပထမဦးစွာအားဖြည့်ပြီးမှသာ အသုံးပြုသင့်ပါသည်။

★`•☂ •´ငြိမ်းချမ်းရေး ဆုတောင်း`•☂•´★


              ငြိမ်းချမ်းစေချင်..ကမ္ဘာမြေတခွင်....
               စစ်ပွဲတွေကို..ပပျောက်ချင်....
               ယမ်းငွေ့တွေကို..မိုးသို့တင်....
               တပ်မက်မှုနဲ့..စစ်မြေပြင်....
               လိုချင်မှုကို..ရှေ့တန်းတင်....
               တိုက်ပွဲတွေနဲ့..စိန်ခေါ်ရင်....
               အောက်ခြေလူသား..ပြည်သူများအား....
               တချက်လောက်..ငှဲ့ကွက်ကြည့်ပါလား....
               ပူလောင်မှုနဲ့..ပြည်သူ့ရင်ခွင်....
               အိပ်ပျက်ညတွေ..များလို့ပင်....
               စည်းပွါးရေးနဲ့..အကြပ်တည်းကြား....
               တိုက်ပွဲတွေကြောင့်..ပြေးရလွှား....
               တိုက်ပွဲတွေသာ..ဖြစ်နေရင်....
               တိုးတက်မှုက..နှောင့်နှေးချင်....
               နောက်ဆုံးရလဒ်..အကျိုးတွင်....
               ကမ္ဘာစစ်က..အဖြေပင်....
               တိုက်ပွဲတွေကြောင့်..အဆုံးရှုံးများ....
               မျက်ရည်ပေါက်တွေ..အဖတ်တင်သွား....
               ငယ်ရွယ်သေးတဲ့..ကလေးတွေ....
               မိဘတွေက..မဲ့လို့လေ....
               ပြေးလွှားနေတဲ့..ကျည်ဆံကြား....
               သူတို့ငိုသံ..ကြားရဲ့လား....
               တိုးတက်တော့မယ့်..ငါတို့ပြေ....
               လက်တကမ်းသာ..အလိုပေ....
               ပြည်ထောင်စုနေ..ငါတို့တတွေ....
               စည်းလုံးညီညွတ်..ကြစို့လေ....
               ယမ်းငွေ့တွေကြား..တို့ပြည်အား....
               ငြိမ်းချမ်းမှုအမြန်..ရစေသား....။
             (ယမ်းငွေ့ ဟာ ပန်းမွေ့ ယာဖြစ်မလာနိုင်ပါ)           
                   ဆက်လက်ကြိုးစားပါအုံးမည်
          ★`•☂ •´လင်းလင်း(Punk.သခင်)`•☂•´★ 
                       ကျေးဇူးတင်ပါသည်။

=== ရယ်စရာရွှင်စရာ ဟာသစုံလင် အပိုင်း ( ၁၂ ) ===


    “ ဒါမှ အမတ်အစစ် ”
ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်
လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။
မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။
မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။
    “ ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း ”
ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။
ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခု
မေးလေသည်။
ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။
အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။
    “ ဒီညတော့ အိပ်ရတော့မယ် ”
ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော ချူချာနှစ်ယောက် လိုက်ပါလာသည်။
ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့ ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ
နောက်ကျပြီးမှ ရောက်ပါမယ်။ မစိုးရိမ်ကြပါနဲ့’ ဟု ကြေညာလေသည်။
နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။
ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’
ဟု ထပ်မံ ကြေညာလေသည်။
နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’ ဟုကြေညာလေသည်။
ထိုအခါ ချူချာတစ်ယောက်က နောက်ထပ်ချူချာကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့ လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’

     “ ကျေးဇူးပါ  ”

ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ၃လ အတွင်း မန်နေဂျာရာထူးအထိရောက်ရှိလာသော လူငယ်တစ်ယောက်အား ခေါ်ယူကာ ချီးကျူးပြောဆိုလေသည်။
ပိုင်ရှင်။ ။ မင်းဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၃ လမှ စလုပ်တယ်။ ၂ ပတ်အတွင်းမှာပဲ
ရာထူးတက်တယ်။ နောက် ၁ လ အကြာမှာ လက်ထောက်မန်နေဂျာဖြစ်လာတယ်။ နောက် ၆ ပတ်
အကြာကြတော့ မင်း မန်နေဂျာရာထူးအထိ ရောက်လာတယ်။ မင်းတော်တော်ကြိုးစားတဲ့
သူငယ်ပဲ။ မင်းကိုပိုင်ဆိုင်ရတဲ့အတွက် ဂုဏ်ယူတယ်ကွာ။ ကဲ… ဘာပြောချင်သေးလဲ။
လူငယ်။ ။ ကျေးဇူးပါအဖေ။

      “ နံရံတွေ ပြိုနေလို့ ”
အရူးထောင်တွင် အရူးများ ထောင်ဖောက်ပြေးရန် တိတ်တဆိတ် အစည်းအဝေး လုပ်နေကြသည်။
နောက်ဆုံးတွင် ကြက်များကဲ့သို့ ပျံကာ ထောင်နံရံကို ကျော်ဖြတ်ကြမည်ဟု
ဆုံးဖြတ်လိုက်ကြပြီး ကြက်သားများများစားရန်လဲလိုအပ်ေ
ကြာင်း ဆုံးဖြတ်လိုက်ကြသည်။ထို့နောက် ၃ လ အကြာအတွင် အရူးများ ပျံသန်းနိုင်လာကြသည်။ ထို့ကြောင့် ထောင်ဖောက်မပြေးခင် အရူးတစ်ယောက်ကို ကင်းထောက်အနေဖြင့်
ကြည့်ခိုင်းလိုက်သည်။ ကင်းထောက်အရူးမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်။
ကျန်အရူးများက အကြောင်းအရင်းကိုမေးသောအခါ
‘ငါတို့ထောင်ဖောက်ပြေးလို့မရတော့ဘူး။ ငါတို့ပျံပြီးကျော်ရမယ့် နံရံတွေပြိုနေပြီ’

“ ပိုတောင်ကောင်းသွားပါတယ် ”
တစ်နေ့တွင် စတာလင်စီးလာသောကားသည် မြင်းစီးလာသောလူတစ်ယောက်အား အရှိန်နှင့် တိုက်မိသေကြောင့် မြင်းရောလူပါ ပြုတ်ကျသွားပြီး ဒဏ်ရာအပြင်းအထန်
ရရှိသွားလေသည်။
ကားပေါ်မှ စတာလင်ဆင်းလာပြီး သေလုဆဲဆဲဖြစ်နေသော မြင်းအားသေနတ်နှင့်တေ့ကာ ပစ်သတ်လိုက်သည်။
ထို့နောက် မြင်းပိုင်ရှင်အား အခြေအနေကောင်းပါသလား မေးမြန်းရာ မြင်းပိုင်ရှင်မှာ ကမန်းကတန်း လူလဲထပြီး အဖြေပေးလိုက်လေသည်။
‘အဟဲ…ကောင်းပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ကားနဲ့ အတိုက်မခံရခင်ထက်ကို ပိုကောင်းပါတယ်’

      “ ကြိုက်ရာလမ်းရွေး ”
နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏ နေရာဆက်ခံမည့် လူကို မေးလေသည်။
‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’
ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’
နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’
နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’
   “ မထူးပါဘူး. .”
ငရဲ နှင့် နတ်ပြည်သို့သွားမည့် တံခါးပေါက်ရှေ့တွင်မိန်းမများ အားလုံးကို
သိကြားမင်းကစုရုံးစေသည် ။
“အားလုံး တန်းစီလိုက်ကြစမ်း ၊ ကိုင်း…ဟုတ်ပြီ ၊ကိုယ့်ယောကျာ်းကို
တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သစ္စာဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်းတိုးလိုက်စမ်း”
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည် ၊သစ္စာရှိသော မိန်းမတစ်ဦးသာ
နေရာမှမရွေ့ဘဲရပ်နေသည် ၊ သိကြားမင်း က အမိန့်ပေးသည်။
” အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟေ့… ဟို “ဆွံ့အနားမကြားမ” ကိုပါပို့လိုက် ”
    “ အကြောင်းအရင်း.. ”
“ပီတာ…မင်းဘာဖြစ်လို့ ကျောင်းနောက်ကျ ရတာလဲ”
“ကျွန်တော် ငါးသွားမျှားမလို့ဥစ္စာ ဖေဖေကခွင့်မပြုလို့ ”
“မင်းအဖေ မှန်တာပေါ့ ၊ ဒါနဲ့ဘာကြောင့် ကျောင်းမပျက်သင့်ဘူးလဲ
ဆိုတာကိုမင်းအဖေက ရှင်းပြတယ် မဟုတ်လား ”
“ဟင့်အင်း ၊ ရှိတဲ့ တီကောင်က တို့နှစ်ယောက်စာ မလောက်ဘူး လို့ပဲ ပြောပါတယ် ”
    “ ဘာကောင်လဲ. .”
ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ ”
“မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ်
ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်”
“အဲဒါနဲ့ ငိုရရောလား ကလေးရဲ့”
“စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ ”
   “ လိုချင်လို့. .”
“ပီတာ….မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရတာလဲ”
“မေမေ ပိုက်ဆံ တစ်ကျပ် ပျောက်သွားလို့”
“အဲဒါနဲ့ မင်းကျောင်းနောက်ကျတာနဲ့ ဘာဆိုင်လို့တုန်း”
“အဲဒီ တစ်ကျပ်တန် ပေါ်မှာ ကျွန်တော် ရပ်နေလို့”
( ဝန်ခံချက် ) သူငယ်ချင်းတို့ရေ တချို့ဟာသလေးတွေကထပ်နေတယ်ထင်တယ် သည်းခံပေးကြပါရန်တောင်းပန်အပ်ပါသည်ခင်ဗျားးးးးးးးးးးးးးးးးးးးး.........................
*************************************************************************
         “သင့်ရဲ့ကွန်မန့်တစ်ချက်ဟာ စာရေးသူတွေရဲ့အားကိုဖြစ်စေပါတယ် ”
                                    ခင်တက်တဲ့  လူကဲလေး :p

ဆေးလိပ်ဖြတ်ခြင်း

 



အမျိုးသား၊ အမျိုးသမီး ဆေးလိပ်စွဲနေကြတဲ့အဖြစ်ဟာ လူငယ် ဆယ်ကျော်သက်အရွယ်ကတည်းက
လက်တည့်စမ်းခဲ့ကြတဲ့ အဖြစ်ကြောင့်ပါ။ ဘယ်သူမပြု မိမိမှု ကိစ္စပါ။ ဘယ်သူမပြု မိမိမှုကိစ္စမို့
မကောင်းတဲ့အကျင့်ဆိုးကို ပယ်ဖျောက်ဖို့ ဆေးလိပ်စွဲနေကြသူတိုင်း အသိတရား ရှိထားပါတယ်။
လက်တွေ့ ဆေးလိပ်ဖြတ်ကြည့်ကြပါတယ်။ ဒါပေမယ့် မအောင်မြင်နိုင်ကြသေးဘဲ ပြန်ပြန်သောက်
ဖြစ်နေတဲ့ အဖြစ်တွေလည်း ဒုနဲ့ဒေးပါ။

ဆေးလိပ်ဖြတ်တယ်ဆိုတာ ဆေးလိပ်တွေကို လွှင့်ပစ်လိုက်တာ၊ စီးကရက်ဘူးထဲက လက်ကျန်အလိပ်တွေကို လိမ်ချိုးဖျက်ဆီးပစ်လိုက်တာလောက်နဲ့ ပြီးစီးသွားတာ မဟုတ်ပါဘူး။ ဆေးလိပ်ဖြတ်ပြီဆိုတဲ့အသိဟာ မိမိနှစ်သက်မြတ်နိုးလွန်းတဲ့ အဖိုးတန်ပစ္စည်းတစ်ခု ပျောက်ရှသွားသလိုမျိုး၊ ဒီထက် ပိုတင်စားရရင် မိမိရဲ့ ချစ်ခင်ကြင်နာစွာ ပေါင်းသင်းလာခဲ့ရတဲ့ ဇနီးသည်ကို စွန့်လွှတ်လိုက်ရသလိုမျိုး တလှိုက်လှိုက် ခံစားရတယ်လို့ ဆိုကြပါတယ်။ ဆေးလိပ်ကို လေးငါးခြောက်ကြိမ်ထက်မနည်း ဖြတ်ဖြတ်နေပေမယ့် မပြတ်နိုင်မစဲနိုင်တဲ့ သူတွေ ရှိနေတာ ဒါကြောင့်ပဲ ဖြစ်မှာပါ။

လေ့လာသုတေသန ပြုချက်တွေအရ ဆေးလိပ်သောက်သုံးသူအားလုံးရဲ့ ၇၀% လောက်ဟာ
အနည်းဆုံး တစ်ကြိမ်တော့ ဆေးလိပ်ဖြတ်ဖူးကြောင်း တွေ့ရပါတယ်။ ဆေးလိပ်ဖြတ်ကြရမှာ
လူအများစုကြီးဟာ ဖြတ်ဖို့အခက်အခဲတွေနဲ့ မလွဲမသွေ ရင်ဆိုင်ကြရတယ်။ ရင်ဆိုင်ကြရလိမ့်မယ်။
အဲဒီထဲကမှ လူနည်းစုကလေးကသာ အလွယ်တူနဲ့ ဖြတ်လို့ရသွားကြောင်း ဖော်ပြထားပါတယ်။

ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ တော်တော်နဲ့ မရနိုင်တာဟာ ဆေးလိပ်ဖြတ်ရာမှာ ကြုံတွေ့ရတဲ့
အခက်အခဲတွေကို မကျော်လွှားနိုင်ဘဲ လက်လျော့လိုက်ရာကနေ
ပြန်ပြန်သောက်ဖြစ်နေတော့တာပါလို့ ကောက်ချက်ချထားပါတယ်။

ဒီစာအုပ်ကတော့ ဆေးလိပ်ဖြတ်ဖို့ စဉ်းစားထားတဲ့သူတိုင်းအတွက် အကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဆေးလိပ်ဘာကြောင့်စွဲနေရသလဲ၊ ဆေးလိပ် ဖြတ်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ဝေဒနာတွေကို ဘယ်လို အလွယ်တကူ ကျော်လွှားမလဲ၊ ဆေးလိပ်ဖြတ်နေစဉ်မှာ သတိပြုစရာတွေ၊ အထောက်အကူဖြစ်မယ့် အကြံပြုချက်များ … စတာတွေကို ဖော်ပြ လမ်းညွှန်ထားပါတယ်။

ကိုယ်တိုင် ဆေးလိပ်ဖြတ်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတွေကို အခွင့်သင့်တဲ့အခါ မျှဝေနိုင်အောင်ပဲဖြစ်ဖြစ် ရှိထားသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုတ် ရယူနိုင်ပါတယ်။




Your Life Success
Happiness, Success & Useful Tips for YOUR Life ...
www.yourlifesuccess.blog.com