အမျိုးသား၊ အမျိုးသမီး ဆေးလိပ်စွဲနေကြတဲ့အဖြစ်ဟာ လူငယ် ဆယ်ကျော်သက်အရွယ်ကတည်းက
လက်တည့်စမ်းခဲ့ကြတဲ့ အဖြစ်ကြောင့်ပါ။ ဘယ်သူမပြု မိမိမှု ကိစ္စပါ။ ဘယ်သူမပြု မိမိမှုကိစ္စမို့
မကောင်းတဲ့အကျင့်ဆိုးကို ပယ်ဖျောက်ဖို့ ဆေးလိပ်စွဲနေကြသူတိုင်း အသိတရား ရှိထားပါတယ်။
လက်တွေ့ ဆေးလိပ်ဖြတ်ကြည့်ကြပါတယ်။ ဒါပေမယ့် မအောင်မြင်နိုင်ကြသေးဘဲ ပြန်ပြန်သောက်
ဖြစ်နေတဲ့ အဖြစ်တွေလည်း ဒုနဲ့ဒေးပါ။
ဆေးလိပ်ဖြတ်တယ်ဆိုတာ ဆေးလိပ်တွေကို လွှင့်ပစ်လိုက်တာ၊ စီးကရက်ဘူးထဲက
လက်ကျန်အလိပ်တွေကို လိမ်ချိုးဖျက်ဆီးပစ်လိုက်တာလော
လေ့လာသုတေသန ပြုချက်တွေအရ ဆေးလိပ်သောက်သုံးသူအားလုံးရဲ့ ၇၀% လောက်ဟာ
အနည်းဆုံး တစ်ကြိမ်တော့ ဆေးလိပ်ဖြတ်ဖူးကြောင်း တွေ့ရပါတယ်။ ဆေးလိပ်ဖြတ်ကြရမှာ
လူအများစုကြီးဟာ ဖြတ်ဖို့အခက်အခဲတွေနဲ့ မလွဲမသွေ ရင်ဆိုင်ကြရတယ်။ ရင်ဆိုင်ကြရလိမ့်မယ်။
အဲဒီထဲကမှ လူနည်းစုကလေးကသာ အလွယ်တူနဲ့ ဖြတ်လို့ရသွားကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ တော်တော်နဲ့ မရနိုင်တာဟာ ဆေးလိပ်ဖြတ်ရာမှာ ကြုံတွေ့ရတဲ့
အခက်အခဲတွေကို မကျော်လွှားနိုင်ဘဲ လက်လျော့လိုက်ရာကနေ
ပြန်ပြန်သောက်ဖြစ်နေတော့တာပါလို
ဒီစာအုပ်ကတော့ ဆေးလိပ်ဖြတ်ဖို့ စဉ်းစားထားတဲ့သူတိုင်းအတွက် အကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဆေးလိပ်ဘာကြောင့်စွဲနေရသလဲ၊ ဆေးလိပ် ဖြတ်တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊
ဝေဒနာတွေကို ဘယ်လို အလွယ်တကူ ကျော်လွှားမလဲ၊ ဆေးလိပ်ဖြတ်နေစဉ်မှာ
သတိပြုစရာတွေ၊ အထောက်အကူဖြစ်မယ့် အကြံပြုချက်များ … စတာတွေကို ဖော်ပြ
လမ်းညွှန်ထားပါတယ်။
ကိုယ်တိုင် ဆေးလိပ်ဖြတ်ဖို့အတွက်ပဲဖြစ်ဖြစ်
စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုတ် ရယူနိုင်ပါတယ်။
Your Life Success
Happiness, Success & Useful Tips for YOUR Life ...
www.yourlifesuccess.blog.com
0 ကွန်မန့်ရေးရန်:
Post a Comment