Wednesday, December 12, 2012

ဖုန်းတံဆိပ် မျိုးစုံ ဖြန့်ချိသည့် MDRက မြန်မာကုမ္ပဏီသုံးခုနှင့် ပူးပေါင်း



ဖုန်းတံဆိပ် မျိုးစုံ ဖြန့်ချိသည့် MDRက မြန်မာကုမ္ပဏီသုံးခုနှင့် ပူးပေါင်းကမ္ဘာကျော် ဖုန်းတံဆိပ် များဖြစ် သော Samsung, Nokia, Sony Ericsson, LG အစ ရှိသည် တို့ကို ဈေး ကွက်ဖြန့်ဖြူးပေးနေသည့် MDR Ltd. အကျိုးတူ ပူးပေါင်း လုပ်ဆောင်ကာ မြန်မာ့ ဆက်သွယ်ရေး ဈေးကွက် အတွင်း ဝင်ရောက်တော့မည်ဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေး ကွက်ဝယ်လို အားကောင်းမွန်လာမှုကို နိုင်ငံတကာ က စောင့်ကြည့်နေပြီး မြန်မာ့ဈေးကွက်အတွင်း ဝင်ရောက်ရန် ပြင်ဆင်နေမှုကိုMDR က လက်ဦး မှု တစ်ခုရယူလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“Be-wel (မြန်မာ) ကုမ္ပဏီ၊Be-wel ကော်ပိုရေးရှင်း၊ Avitar Enterprises စတဲ့ မြန်မာ ကုမ္ပဏီသုံးခုနဲ့ အတူပူးပေါင်းပြီး မြန်မာ့ ဆက်သွယ်ရေးဈေးကွက်ကို ဝင် ရောက်ဖို့ သဘောတူလက်မှတ်ရေး ထိုးလိုက်ပါပြီ” ဟု MDR ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
MDR အနေဖြင့် ယင်းပူးပေါင်းလုပ် ဆောင်မှုမှ ရှယ်ယာ ၅၁ ရာခိုင်နှုန်း ရယူမည်ဖြစ်ကြောင်း သိရကာ မြန်မာ ဈေးကွက်တွင် လူကြိုက်များသောSamsung, Nokia Sony Ericsson, LG တို့ကို တိုက်ရိုက်ဖြန့်ချိပေးသွားရန် ရှိနေသည်ဟု သိရသည်။
လတ်တလောတွင် Sansung ၏ Galaxy မျိုးဆက်များစွာ မြန်မာလူ ထုကြားရေပန်းစားနေပြီး အသစ်ထပ် မံရေပန်းစားနေမှုတစ်ခုအဖြစ်Sky Fal ရုပ်ရှင်ကားမှ ဂျိမ်းစ်ဘွန်း မင်းသား ကိုင်ဆောင်သောSony Erisson Xperia T သည်လည်း မြန်မာနိုင်ငံ ကို မရောက်သေးမီမှာပင် ရေပန်းစားမှု တစ်ခုဖြစ်နေသည့် အပြင် ဥရောပဈေး ကွက်တွင် ရောင်းမလောက် ဖြစ်နေ သည်ဟု သိရသည်။
မြန်မာနိုင်ငံမှ လုပ်ငန်းသုံးခုနှင့် ပူးပေါင်းသော MDR သည် After Sale Service (ရောင်းပြီး နောက်ပိုင်းဆက်လက်ဝန်ဆောင်မှုပေး ခြင်း) ကိုလည်း လုပ်ဆောင်ပေးမည် ဖြစ်ကာ အခြားသော မြန်မာလုပ်ငန်း စုတစ်ခုကို ထပ်မံချိတ်ဆက်နေသည်။

itTimes

0 ကွန်မန့်ရေးရန်:

Post a Comment