Wednesday, December 12, 2012

Blogger နှင့် Free Blog တစ်ခု ဆောက်နည်း


Blogger နှင့် Free Blog တစ်ခု ဆောက်နည်း
အင်တာနက်ပေါ်မှာ Free Blog တည်ဆောက်ခွင့်ပေးတဲ့ ဝက်ဘ်ဆိုက်ပေါင်း များစွာ ရှိသလို၊ Free Blog တည်ဆောက်ပြီး ကိုယ်သိထားတာ၊ တတ်ထားတာလေးတွေကို ပြန်လည် မျှဝေနေသူပေါင်းလည်း များစွာရှိပါတယ်။ အဲဒီလို Free Blog တည်ဆောက်ခွင့် ပေးတဲ့ ဝက်ဘ်ဆိုက်တွေထဲမှာတော့ WordPress နဲ့ Blogger ဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒီထဲကမှ Blogger နဲ့ Free Blog တည်ဆောက်နည်းကို ပြောပေးပါမယ်။ WordPress နဲ့ တည်ဆောက်နည်းကိုတော့ ကျနော့်ရဲ့ ဒုတိယ ပို့စ်မှာတင် ပြောခဲ့ပြီးသွားပါပြီ။
xxxxx.blogspot.com ဆိုတဲ့ အင်တာနက် စာမျက်နှာတွေကို တွေ့ဖူးကြလိမ့်မယ် ထင်ပါတယ်။ ဒီ Address တွေကတော့ ကမ္ဘာကျော် Search အင်ဂျင်ကြီး Google ရဲ့ Free Blogging Service တစ်ခုဖြစ်တဲ့ Blogger ရဲ့ address တွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့လည်း ဒီလိုမျိုး Free Blog တစ်ခု တည်ဆောက်လို့ ရနိုင်ပါတယ်။ တစ်ခု ရှိရမှာကတော့ Gmail Account ပါပဲ။ ကျနော့်အနေနဲ့ Gmail Account ဆောက်နည်းကို ပြောခဲ့ပြီးပါပြီ။
၁။ ပထမဆုံး အနေနဲ့ – http://www.blogger.com ကို သွားလိုက်ပါ။ အဲ့ဒီမှာ ကိုယ့်ရဲ့ Gmail Account နဲ့ SignIn ဝင်လိုက်ပါ။
Blogger စာမျက်နှာပဲ ဖြစ်ပါတယ်။
ဒါကတော့ Blogger စာမျက်နှာရဲ့ ညာဖက်အခြမ်းက Gmail Login ဝင်ရမယ့် နေရာပါ။
၂။ ဒါဆို Welcom to Blogger ဆိုတဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီစာမျက်နှာရဲ့ အောက်နားမှာ Continue to Blogger ဆိုတဲ့ button ကို တွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။
Login ဝင်လိုက်ရင် ဒီနေရာကို ရောက်ပါမယ်။
အောက်နားမှာ ဒီ Button လေး ရှိပါတယ်။
၃။ ဒီအခါမှာ ကျနော့်အနေနဲ့ Blogger ကို ရောက်သွားပါပြီ။ ကျနော်တို့က Blog တစ်ခု တည်ဆောက်မှာ ဖြစ်တဲ့အတွက် New Blog ကို နှိပ်လိုက်ပါ။
New Blog ကို နှိပ်ပါ။
၎။ Box ကြီးတစ်ခု ပေါ်လာပါလိမ့်မယ်။
  • အပေါ်က အကွက်ထဲမှာ ကိုယ့်တည်ဆောက်မယ့် blog ရဲ့ ခေါင်းစီး စာသားကို ရေးပေးပါ။
  • ဒုတိယ အကွက်ထဲမှာတော့ ကိုယ့် Blog ရဲ့ address ကို ရေးပေးပါ။ အကယ်၍ ရတယ်ဆိုရင် This Blog Address is available ဆိုပြီး ပြပေးပါလိမ့်မယ်။
  • Template ဆိုတဲ့ အကွက်ထဲမှာတော့ ကိုယ့် Blog ရဲ့ ဒီဇိုင်းကို ရွေးပေးပါ။
  • အားလုံးပြီးသွားရင်တော့ဖြင့် Create Blog ကိုသာ နှိပ်လိုက်ပါ။
အပေါ်မှာ ပြောထားတဲ့အတိုင်း ဒီနေရာတွေမှာ ဖြည့်ပေးပါ။
၅။ ဒီလိုဆိုရင် ကျနော်တို့ အနေနဲ့ Blogger နဲ့ Free Blog တစ်ခု တည်ဆောက်ခြင်း ကိစ္စဟာ ပြီးစီးပါပြီ။ ထပ်ပြီး ပေါ်လာတဲ့ထဲမှာ Start Posting ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီ လင့်ခ်ကို နှိပ်ပြီးတော့ Post တွေ စပြီး တင်သွားလို့ ရပါပြီ။ ကိုယ့် Blog ကို ခေါ်ကြည့်ဖို့အတွက် ကျနော်တို့ ပေးထားခဲ့တဲ့ Address ကို Browser ရဲ့ Address Bar မှာ ခေါ်ကြည့်လိုက်ပါ။
Post အသစ် တင်ဖို့ဆိုရင် Start Posting ကိုသာ နှိပ်လိုက်ပါ။
ကိုယ်တည်ဆောက်လိုက်တဲ့ Blog Address ကို Browser ရဲ့ Address Bar မှာ ခေါ်ကြည့်လိုက်ပါ။
Blogger မှာ Post တင်နည်းကိုတော့ နောက်မှ ပြောပေးသွားပါမယ်။ အခုတော့ Free Blog တစ်ခုကို ဖန်တီးနည်းကိုပဲ ပြောလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ပြောနိုင်ပါတယ်။ ကျနော် သိသလောက် ပြန်လည် ဖြေကြားပေးသွားဖို့ အဆင်သင့်ပါပဲ။
Do@domyanmar.wordpress.com
ဒို့ မြန်မာဆိုဒ်မှ ပြန်လည်မျှဝေပေးပါသည်

0 ကွန်မန့်ရေးရန်:

Post a Comment