Wednesday, December 12, 2012

အချိန်ရဲ့ တန်ဖိုး



“တစ်နှစ်” ရဲ့ တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။

“တစ်လ'' ရဲ့ တန်ဖိုးကို သိချင်ရင် လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို မေးကြည့်ပါ။

“တစ်ပတ်'' ရဲ့ တန်ဖိုးကိုသိချင်ရင် အပတ်စဉ်ထုတ် ဂျာနယ်ကို မေးကြည့်ပါ။

“တစ်နေ့'' ရဲ့ တန်ဖိုးကို သိချင်ရင် ကလေး ၆ ယောက်ကို ကျွေးနေရတဲ့ နေ့စားအလုပ်သမားကို မေးကြည့်ပါ။

“တစ်နာရီ'' ရဲ့ တန်ဖိုးကို သိချင်ရင် ဆုံဆည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူများကို မေးကြည့်ပါ။

“၁မိနစ်'' ရဲ့ တန်ဖိုးကို သိချင်ရင် ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။

“တစ်မီလီစက္ကန့်'' ရဲ့ တန်ဖိုးကို သိချင်ရင် အိုလံပစ်ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ။

by Angela Sue

0 ကွန်မန့်ရေးရန်:

Post a Comment