Wednesday, December 12, 2012

ဘီသော်ဗင်ဆိုတာဘယ်သူလဲ ?



လူးဝစ်ဗင်ဘီသော်ဗင်(၁၇၇၀-၁၈၂၇)အားအကြီးမားဆုံးတေးပြုပုဂ္ဂိုလ်ကြီးအဖြစ်သတ်မှတ်ခေါ်တွင်ခဲ့
ကြသည်။တေးပြုရာတွင်သာ ထူးချွန်သည်။တစ်သက်လုံးနားမကြားသူဖြစ်သည်။ဘီသော်ဗင်(ဗေထော်ဗင်)
ကိုဂျာမနီနိုင်ငံဘွန်းမြို့ တွင်မွေးဖွားသည်။ဂီတဆရာကြီးမိုဇတ်ထံတွင်လည်းကောင်း၊နောင်တွင်ဂျိုးဆက်
ဟေဒင်ထံတွင်လည်းကောင်းဂီတပညာဆည်းပူးသည်။ Moonlight Sonata, The Emperor Concertoတို့
အပါအ၀င်လက်ရာမြောက်တေးဂီတ များစွာကြောင့်နာမည်ထင်ရှားခဲ့သည်။သူ၏ကျော်ကြားလှသောNinth
Symphony တေးဂီတသည်သံစုံတီးဝိုင်းလောကတွင်ပထမဆုံးသံပြိုင်တေးစတင်ထည့်ရေးခဲ့သည်။
ချိုင်ကော့ဖ်စကီးဆိုတာဘယ်သူလဲ ?
ရုရှားတေးပြုစာဆိုပီတာအီလစ်ခ်ျချိုင်ကော့ဗ်စကီး(၁၈၄၀ - ၁၈၉၃)သည်တေးဂီတများစွာစီကုံးခဲ့သူဖြစ်
သည်။သို့ရာတွင်ဘဲလေးတေး ဂီတစီကုံးသူအဖြစ်သာလူသိများသည်ဟုဆိုနိုင်သည်။ (၁၈၇၇)ခုနှစ်တွင်
ချိုင့်ကော့ဗ်စကီး အားငွေကြေးချမ်းသာသူမုဆိုးမကြီးတစ်ဦးကငွေကြေးထောက်ပံ့ခဲ့သည်။မည်သည့်အ
ခါမှတစ်ဦးနှင့်တစ်ဦးတွေ့ဆုံခြင်းမပြုရဟူသောစည်းကမ်း်ချက်ဖြင့်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။နောက်ပိုင်း
တွင်ချိုင့်ကော့ဗ်စကီးသည်သူအကောင်းဆုံးတေးလက်ရာများစီကုံးခဲ့သည်။ ချိုင့်ကော့ဗ်စကီး၏ဘဲလေး
တေးဂီတအကျော်အမော်များတွင်Sl**ping Beauty, Swan Lake, Romeo နှင့် Juliet ပြဇာတ်အဖွင့်
ဂီတနှင့် Eugene Onegin အော်ပရာတို့ပါဝင်သည်။
စထရာဗင်စကီဆိုတာဘယ်သူလဲ ?
 အီဂါစထရာဗင်စကီ(၁၈၈၂-၁၉၇၁)သည်ရုရှားတေးပြုစာဆိုတစ်ဦးဖြစ်သည်။ဘဲလေးအကဂီတများရေးခဲ့
သည်။၁၉၀၉ခုနှစ်တွင်စထရာဗင်စကီသည်ပါရီမြို့၌နာ မည်ကျော် Ballets Russes အဖွဲ့တွင်ပါဝင်ခဲ့သည်။
The Firebird နှင့် The Rite of Spring အပါအ၀င်ဘဲလေးကဇာတ်တေးဂီတများစွာရေးပေးခဲ့သည်။ အစ
ပိုင်းတွင်စပရင်းသီးချင်းအပေါ်ဝေဖန်မှုများစွာခံခဲ့ရည်။မျက်မှောက်ကာလတွင်စထရာဗင်စကီ၏အကောင်း
ဆုံးလက်ရာများစွာအနက်တစ်ခုအဖြစ်အသိအမှတ်ပြုထားရ သည်။
ဖီးဒစ်ဆိုတာဘယ်သူလဲ ?
ဖီးဒိစ် Phideas သည်ရှေးဟောင်းဂရိနိုင်ငံမှပန်းပုဆရာတစ်ဦးဖြစ်သည်။သူ့လက်ရာများစွာမကျန်ရှိတော့သော်
လည်း မျက်မှောက်ကာလအထိ ဂုဏ်သတင်းကျော် ကြားနေဆဲ့ပင်။ ဖီးဒိစ်သည်ခရစ်မပေါ်မီ (၄၉၀)ခုနှစ်ခန့်မှ
(၄၃၀)ခုနှစ်အထိရှိနေခဲ့ပုံရသည်။ အေသင်မြို့ဘုရင် ပရီးကလ**စ်သည်ပါသီနွန်ဘုရားကျောင်းရုပ်လုံးများအပါ
အ၀င်အရေးကြီးသောတည်ဆောက်ရေးအစီအစဉ်ကြီးတစ်ရပ်ကိုဦးဆောင်စေခဲ့သည်။ ဖီးဒိစ်၏အေသီနာနတ်
သမီး ရုပ်တုကြီးကိုရွှေ၊ဆင်စွယ်တို့ဖြင့်ထုလုပ်သည်။(၁၀)မီတာမြင့်သည်။အေသင်မြို့တွင်စိုက်ထူခဲ့သမျှရုပ်တု
များစွာအနက်အကြီးများ ဆုံးဖြစ်သည်။ နောက်ပိုင်းတွင်အေသီနာနတ်သမီးကြေးရုပ်တုကြီးကိုထုလုပ်ခဲ့ရာပိုမို
မြင့်မားသည်။သို့ရာတွင်ဖီးဒိစ်အားပြည်နှင်ဒဏ်ပေးလိုက်သည်။ နတ်သမီးရုပ်၏ဒိုင်းလွှာပေါ်တွင်ဖီးဒိစ်ကမိမိပုံ
တူနှင့် ပရီးကလ**စ်၏ပုံတူကိုထည့်ထူခဲ့ခြင်းဖြင့်မလေးမစားလုပ်ရာရောက်သည်ဟုစွပ်စွဲနှင်ထုတ်လိုက်ခြင်းဖြစ်
သည်။
 လီယိုနာဒိုဒါဗင်ချီဆိုတာဘယ်သူလဲ ?
 လီယိုနာဒိုဒါဗင်ချီ(၁၄၅၂-၁၅၁၉)သည်ကမ္ဘာ့ဘက်စုံပညာရှင်များစွာအနက်တစ်ဦးဖြစ်သည်။ပန်းချီဆရာ၊
ပန်းပုဆရာ၊ဗိသူကာ၊ ခန္ဓာဗေဒပညာရှင်၊သိပ္ပံပညာရှင်၊တီထွင်သူ၊အင်ဂျင်နီယာနှင့်ဂီတပညာရှင်ဖြစ်သည်။
ဤအီတာလျံ လူမျိုးပုဂ္ဂိုလ်ထူးသည်ဥာဏ်သစ်လောင်းတော်လှန်ရေးကာလရှေ့ဆောင်တစ်ဦးဖြစ်သည်။စီ
မံကိန်းများစွာရေးဆွဲခဲ့၏။ အနည်းငယ်သာပြီးစီးသည့် လီယိုနာဒို၏လက်ရာအမြောက်ဆုံးနောက်ဆုံးညစာ
The Least Supper နံရံပန်းချီကားကြီးသည်အီတလီနိုင်ငံမီလန် မြို့ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်ရှိ
သည်။ လူ့ခန္ဓာဗေဒပညာရှင်နှင့်ပတ်သက်၍အသိကြွယ်မှုကြောင့်လည်းထင်ရှားခဲ့သူဖြစ်သည်။
ပီကာဆိုဆိုတာဘယ်သူလဲ ?
ပတ်ဘလိုရူးအစ်ဝိုင်ပီကာဆို (၁၈၈၁-၁၉၇၃) သည် စပိန်လူမျိုးပန်ချီပညာရှင်ကြီးတစ်ဦးဖြစ်သည်။ ပြင်သစ်
နိုင်ငံတွင်အနေများသည်။(၂၀)ရာစုပန်းချီပညာရှင်အား လုံးအနက်လူသိအများဆုံးဟုဆိုသင့်သည်။ပီကာဆို
သည်ဟန်အမျိုးမျိုးဖြင့်ပုံများရေးဆွဲတတ်သည်။အခြားပန်းချီပညာရှင်များအပေါ်ကြီးမားစွာသြဇာလွှမ်းမိုးနိုင်
ခဲ့သည်။ ပီကာဆို၏အစောဆုံးလက်ရာများကိုအဓိကအားဖြင့်အပြောရောင်ဖြင့်ခြယ်မှုန်းခဲ့သည်။ နောက်ပိုင်း
တွင် ဂဲသြမေတြီပုံသဏ္ဌာန်အစိတ်အပိုင်းများဖြင့် ရုပ်ပုံများစွာရေးဆွဲလာသည်။ Cubism ခေါ်ပန်းချီရေးနည်း
ရေးဟန်အဖြစ်သိထားကြသည်။ပီကာဆို၏အထင်ရှားဆုံးပန်းချီကားများစွာအနက်ဂွါနီကာ Guernica လည်း
ပါဝင်သည်။စပိန်နိုင်ငံပြည်တွင်းစစ်ကာလအတွင်းမြို့တစ်မြို့ပျက်စီးသွားရပုံကိုသရုပ်ဖော်ထားသည်။


ကိုလမ်ဘင်နှင့်ဟာလီကင်တို့ဟာဘယ်သူတွေလဲ ?
Columbine နှင့် Harlequin တို့သည်ရှေးရိုးစဉ်လာအီတလီပြဇာတ် Commedia dell'arte မှအဓိကဇာတ်
ကောင်နှစ်ဦးဖြစ် သည်။အဆိုပါအီတလီဇာတ်မျိုးသည်ရီ နေဆန်းဥာဏ်သစ်လောင်းတော်လှန်ရေးခောတ်
အဆုံးတွင်ပေါ်လာသည်။ (၁၈)ရာစုနှစ်အထိ ဥရောပတစ်လွှားလူသိများသည်။ အဆိုပါအီတလီပြဇာတ်၏
ဇာတ်လမ်းသည်ရိုးရိုးစင်းစင်းပင်ဖြစ်သည်။ဇာတ်ဆောင်လူငယ်တစ်ဦး၊လုံမငယ်တစ်ဦး၊သဘောမတူသော
နှစ်ဖက်မိဘများ၊ ဥာဏ်ရွှင်ပျော်တော်ဆက်အစေခံများပါဝင်တတ်သည်။ ယင်းသို့ဇာတ်လမ်းသရုပ်ဖော်ရာ
တွင်ဘားကျွမ်းခန်းများ၊မျက်လှည့်ခန်းများ၊တေးဂီတများပေါင်းစပ်ထည့်သွင်းထားသည်။ကိုလံဘင်နှင့်ဟာ
လီကင် ဇာတ်ကောင်နှစ်ဦး၏ကျေးဇူးကြောင့် ပြင်သစ်နိုင်ငံတွင်လည်းအလားတူ ဇာတ်မျိုးများပေါ်လာခဲ့ရ
သည်။
မော်လဲယားဆိုတာဘယ်သူလဲ ?
မော်လဲယား Moliere (၁၆၂၂-၁၆၇၃)သည်ပြင်သစ်လူမျိုးစာရေးစာရာနှင့်ဟာသပြဇာတ်ဆရာကြီးဖြစ်သည်။
မော်လဲယား၏အထင်ရှားဆုံးလက်ရာများတွင်Tartuffe,Le Misanthrope နှင့်Le Bourgeois Gentilhomme
တို့ပါဝင်သည်။မော်လဲယား၏အမည်အရင်းမှာ Juan-Baptiste Poquelin ဖြစ်သည်။ ပြောင်မြောက်သောဟာ
သသရုပ်ဆောင်တစ်ဦးဖြစ်သည်။မိမိရေးသည့်ပြဇာတ်များတွင်ပါဝင်သရုပ်ဆောင်တတ်သည်။သို့ရာတွင်မော်
လဲယား၏ပြဇာတ်လက်ရာများသည်ဘုရားကျောင်းတော်ကိုထိပါးတတ်သည်။သူ၏အကျော်ကြားဆုံး Tertuf
-fe ပြဇာတ်သည် နောက်ဆုံးဘူးပေါ်သလိုပေါ်သွားသော ဘာသာရေး အယောင်ဆောင်သမားတစ်ဦးကို သ
ရော်ထားသည်။ထိုပြဇာတ်သည်ငါးနှစ်တိုင်တိုင်ပိတ်ပင်ထားခံရသည်။ နောက်ဆုံးတွင် အောင်မြင်ကျော်ကြား
သွားခဲ့သည်။
ပီထရာ့ခ်ျဆိုတာဘယ်သူလဲ ?
Petrarch (၁၃၀၄-၁၃၇၄)သည်အီတလီကဗျာဆရာတစ်ဦးဖြစ်သည်။ဥရောပကဗျာစာပေလောကအပေါ်သြဇာလွန်စွာ
သက်ရောက်ခဲ့သည်။ ပီထရာ့ခ်ျ၏အမည်အပြည့်စုံသည် ဖရန်ဆက်စကိုပီထရာ့ခ်ျဖြစ်သည်။ မိမိကိုယ်ပိုင်လင်္ကာ(၄၀၀)
ကျော်ဖွဲ့ဆိုခဲ့သည်။ ကဗျာအများစုမှာလော်ရာဆိုသူအမျိုးသမီးတစ်ဦးသို့ရည်ညွန်းသည်။ ကဗျာရေးရာတွင်စာကြောင်း
အရေအတွက်ကို သီးခြားသတ်မှတ်စံနမူနာပြခဲ့သည်။ လက်တင်ကဗျာများကိုလေ့လာပြီး အချိန်ကုန်လွန်စေခဲ့သည်။ပီ
ထရာ့ခ်ျ၏ကဗျာကျေးဇူးကြောင့်ပျောက်ဆုံးနေသောရောမ Livy နှင့် Cicero ကဗျာကိုပြန်လည်တွေ့ရှိနိုင်ခဲ့သည်။

ဗစ်တာဟူးဂိုးဆိုတာဘယ်သူလဲ ?
  ဗစ်တာဟူးဂိုး(၁၈၀၂-၁၈၈၅)သည်ပြင်သစ်ကဗျာဆရာ၊ပြဇာတ်ဆရာနှင့်နောဗယ်ဝတ္ထုရေးဆရာတစ်ဦးဖြစ်သည်။မျက်
မှောင်ကာလအထိပင်  ဗစ်တာဟူးဂိုး၏ နော်ထရာဒမ်းက  ခါးကုန်းကြီး The Hunchback Notre Dame နှင့်ဒုက္ခဘုံ
Les Miserables နော်ဗယ်ဝတ္ထုကြီးနှစ်ပုဒ်ကြောင့် အမှတ်တရတေဆဲဖြစ်သည်။ ဗစ်တာဟူးဂိုးသည်နိုင်ငံရေးတွင် ပါဝင်
ဆောင်ရွက်ခဲ့ရသည်။ ယင်းသို့ရပ်ဝေးရောက်နေစဉ်အတွင်းဟူးဂိုးသည်ကဗျာစာအုပ်နှစ်အုပ်နှင့်ဒုက္ခဘုံနော်ဗယ်ကြီးကို
ရေးသားထုတ်ဝေခဲ့သည်။ ဒုက္ခဘုံဝတ္ထုတွင်ယွန်းဗာလယွန်း  Jean Valiean ဆိုသူလောကကြီးတွင်ရိုးသားအသုံး
ဝင်စွာနေထိုင် အသက်မွေးရန်ကြိုးပမ်းခဲ့သည့် ဝရမ်းပြေးကြီး တစ်ယောက်အကြောင်းဖော်ပြပါရှိသည်။  ဘ၀ုံးခါနီးတွင်
ဟူဂိုးသည်ပြင်သစ်နိုင်ငံသို့ပြန်လာခဲ့သည်။ ၁၈၈၅ခုနှစ်တွင်ပြင်သစ်၌ကွယ်လွန်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment