Wednesday, December 12, 2012

အယ်လ်ဂျာဇီးယားက ပြနေတဲ့  လိမ်လည်မှုပြကွက်များ







Rakhine Straight Views

ဒီနေ့ မှာ အယ်လ်ဂျာဇီးယားက ပြနေတဲ့  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကအကြောင်း တွေကို ထုတ်လွှင့်တာကို ကြည့်ဖြစ်တယ် ။ ဒီရု
ပ်သံကို မြန်မာအစိုးရကမထုတ်လွှင့်ဖို့  တားမြစ် ကန့် ကွက်ခဲ့ ပါတယ် ။ ဒါပေမဲ့ သူတို့ က ထုတ်လွှင့်တော့ကြည့်ဖြစ်ရပါတယ် ။


ရှေးဦးစွာ ရခိုင်ပြည်နယ် မှာ မိန်းခလေးတဦးကို မုဒိမ်းကျင့်ပြီး လူသတ်ခဲ့ တယ်ဆိုတာ ကိုပြတယ်။ မူဆလင်သုံးယောက်က အဲဒီလို စော်ကားခဲ့ လို့  ဆက်ဖြစ်လာတယ် ။ဆိုပြီး တော့ပြကွက်တွေနဲ့ပြသတယ်။သတိထားမိတာကမူဆလင်လို့သုံးတဲ့စကားလုံးဘဲဖြစ် တယ် ။
မုတ်ဆိတ်ဖြူဖြူနဲ့  ကုလားအဘိုးအိုတယောက်က ပြောတာကို ပြတယ် ။
( သူတို့ တွေဟာ အလောင်းကောင်တွေကို သဂြိုလ်လိုက်ကြတယ် ။ ကျနော်ကတော့
ကျနော်ကိုယ်တိုင်ဘဲ သူတို့ ကို သဂြိုလ်ချင်တယ် ) –

သူ့ ရဲ့ နောက်ခံ ပြကွက်က မောင်တောမြို့ မှာ မီးလောင်နေတဲ့  ပြကွက်ဖြစ်တယ် ။
ဒီလိုပြကွက်ကို ပြရင် မောင်တောမြို့ မှာဘဲ လူသေအလောင်းတွေကို သဂြိုလ်လိုက်တယ်
ဆိုတဲ့ သဘောဘဲ ။ ဒီလိုဆိုရင် အဲဒီသဂြိုလ်တဲ့ နေရာကို သူတောင် သိတယ်ဆိုရင်
မောင်တောမှာ ရှိတဲ့  လူတိုင်းသိကြမှာပေါ့ ။ ဒါကို အစိုးရက အဲဒီသဂြိုလ်တဲ့နေရာ က ဘယ်မှာလဲ ဆိုတာ မေးစမ်းရတော့မလိုဖြစ်နေပြီ ။ဒါဟာ လိမ်ညာတာ သက်သက်ဘဲ
ဆိုတာ ရှင်းရမှာဖြစ်ပါတယ် ။

နောက် အသက်( ၁၁ ) နှစ်လောက် ရှိမဲ့  ကုလားမလေး တယောက်က ပြောနေတယ် ။
( ကျမဲ့  မောင်နှမ ၀မ်းကွဲ -၅- ယောက်ကို သတ်လိုက်ကြတယ် ။ အဲဒီကျမရဲ့ မောင်နှမ၀မ်းကွဲ -၅-ယောက်စလုံးကို ကျမရှေ့မှာတင် မီးသဂြိုလ်လိုက်ကြတယ် - (မီးထဲ ဆွဲထည့်လိုက်တယ် ဆိုတာ ပြောတာ) -- )

ပြနေတဲ့  ပြကွက်က မောင်တောမြို့  မီးလောင်နေတဲ့  ပြကွက်ဆိုတော့ ဒါဟာ
မောင်တောမြို့ မှာဘဲ ဖြစ်နေတာပေါ့ ။
အသက်-၁၁-နှစ်လောက်သာသာ ရှိမဲ့  မိန်းခလေး တယောက်ဟာ သူ့ ရဲ့ ရှေ့မှာတင်
မောင်နှမ၀မ်းကွဲ -၅-ယောက်ကို သတ်ဖြတ်ပြီး မီးထဲဆွဲထည့် သဂြိုလ်လိုက်တယ်ဆိုတာ ကတော့ ဘယ်လိုမှ လက်သင့်ခံနိုင်စရာ မရှိတော့ဘူး ။ တော်တော်သတ္တိကောင်းတဲ့ 
မိန်းခလေးလို့ ဘဲ ပြောရမလားဗျာ ။ ဒါဟာ လိမ်ညာမှုသက်သက်သာဖြစ်တယ် ဆိုတာ
ကြည့်လိုက်တာနဲ့  သိပါတယ် ။ စောစောက ကုလားအဘိုးကြီးက ပြောသွားတဲ့ အထဲမှာ သူတို့တွေက သဂြိုလ်လိုက်ကြတယ်တဲ့  ။ မီးထဲ ထည့်ပြီး သဂြိုလ်တယ်လို့ မပြော သွား ဘူးနော် ။ မိန်းခလေးနဲ့  ကွဲပြားနေတယ် ဆိုတာ ပြောတာပါ ။

ဒီတော့ ကုလားမလေးက လူ--၅-ယောက်ကို သတ်ပြီး မီးထဲ ထည့်လိုက်တယ် ဆိုတဲ့ 
ပြကွက်ကို ပြဖို့ ရာမှာ မောင်တောမြို့ လမ်းမပေါ်မှာ လူတွေအများကြီးထွက်လာနေကြ တာကို ပြထားတယ် ။ မီးတွေလောင်နေတဲ့ ပြကွက်ကို ပြထားတယ် ။ အိမ်တွေဆီက
မှန်တွေ ကွဲရှသံတွေ ကြားနေရတယ် ။ သဘောက ရခိုင်လူမျိုးတွေဟာ မူဆလင်ကုလားတွေကိုသတ်လို့  မီးထဲ ထည့်လိုက်တယ် ဆိုတာမျိုး ပြကွက်အဖြစ် ပြချင်လို့ တမင်ပြကွက်ကို ပြနေတာဖြစ်တယ် ။

ရဲတွေဟာ လက်နက်ကိုယ်စီနဲ့  ရပ်ကြည့်နေတာကို မြင်ရတယ် ။ အဲဒီလို ရပ်နေတာကို လုံခြုံရေးအရ ရဲတွေဟာ မူဆလင်ကုလားအုပ်စုကို ဘယ်လိုမှ ဟန့် တားမရလို့မသွားနိုင် လို့  ရပ်နေကြရတယ် လို့  မပြောဘူး ။
နောက်ထပ် ကုလားတယောက်က ပြောတာပြတယ် ။
( ရခိုင်လူမျိုးတွေဟာ ကြွေးကြော်သံတွေနဲ့  အော်ဟစ်ပြီး ကျွန်တော်တို့ ကိုတိုက်ခိုက်ပါ တယ် ။ လယ်ကွင်းပြင်မှာ ဆိုရင် လူသေအလောင်းတွေအများကြီးဘဲ ။
သွေးအိုင်တွေထဲမှာ သွေးတွေ တရွှဲရွှဲနဲ့  အပြည့်ဘဲ ရှိနေတယ် )
သူကလဲ မောင်တောမြို့ မှာဘဲ ဖြစ်ပျက်တာကို ပြောနေတာဖြစ်တယ် ။ မောင်တောမြို့ မှာ မူဆလင်လူဦးရေ များလွန်းလို့  အဲဒီနေ့ က လမ်းမပေါ်ထွက်လာတဲ့ အခါ
ရခိုင်လူမျိုးတွေဟာ အသက်ကို ဖက်နဲ့ ထုတ်ပြီး နေကြရချိန်ဖြစ်တယ် ။ ဒီတော့
မောင်တောမြို့ မှာ ရခိုင်လူမျိုးတွေက လမ်းမပေါ်ထွက်လာပြီး ကြွေးကြော်သံတွေ
အော်ဟစ်ပြီး တိုက်ခိုက်ဖို့  လာခဲ့ တာဆိုတာကို ဘယ်သူက ယုံကြည်ကြမှာပါလဲ ၊

နောက်ပြကွက်တခုက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကို ကွန်ဖရင့်လုပ်နေတာကို
ထည့်ပြထားတယ် ။ ဒါကို ထည့်ပြစရာ မလိုအပ်ဘဲနဲ့  ပြထားတယ် ဆိုကတည်းက
စွပ်စွဲချင်လို့  ထည့်ထားတယ်ဆိုတာကို ပြကွက်အဖြစ် သုံးထားတာဖြစ်တယ် ။
အဲဒီပြကွက်မှာ ဒေါက်တာအေးမောင်က ရှင်းလင်းဖွင့်ဆိုထားတာဟာလူကြီး လူကောင်း ဆန်ပြီး ပဋိပက္ခကို ဘယ်လိုဖြေရှင်းနည်းနဲ့  ဖြေရှင်းရင်သင့်တော်မလဲဆိုတာ အကောင်းဆုံး တင်ပြထားတာ တွေ့ ရတယ် ။ တဖက်မှာ ဘင်္ဂလီဖက်ကပြောဆိုတဲ့  မျက်နာအမူအရာအရ အသုံးအနှုံးတွေဟာ လူကြီးလူကောင်း မဆန်သလို သူတို့ရဲ့ အကျင့်စရိုက်ကို ဖေါ်ပြထား တာကိုလဲ ခန့် မှန်းလို့ ရတယ် ။

လေးဝတီ-၀ပ်ဆိုက်ကို ဖေါ်ပြထားတဲ့ အခါမှာလဲ အဲဒီသတင်းတွေဟာ အဲဒီအချိန်တုံးက
ဝပ်ဆိုက်တိုင်း ဘလော့တိုင်းမှာ ဖေါ်ပြကြတာဘဲ ဖြစ်တယ် ။ ရခိုင်စာနဲ့ ရေးသား ထားတဲ့  လေးဝတီဝပ်ဆိုက်ကို တမင်ဖေါ်ပြလိုက်တာဟာ သတင်းကို ဖေါ်ပြနေတယ်ဆိုတာ ထက် သွေးထိုးလှုံ့ ဆော်တဲ့  ၀ပ်ဆိုက်ဆိုပြီး ဖေါ်ပြလိုက်တာဖြစ်တယ် ။
မှတ်ချက်- လေးဝတီဝပ်ဆိုက်ဟာ သတင်းများက အခြားဝပ်ဆိုက်များ၏ မြန်မာစာနဲ့ 
ရေးသားထားတာများကို ရခိုင်စာနဲ့  ဖေါ်ပြထားခြင်းသာဖြစ်တယ် ) ။
သမိုင်းလိမ်ဘင်္ဂလီကုလားတွေရဲ့  ဘလော့ကျတော့ စကားအဖြစ်သာ သုံးနှုံးပြီး
ပြောဆိုသွားတာရှိတယ် ။ ( ဒီလို အင်တာနတ်ဝပ်ဆိုက်တွေကို ဖေါ်ပြလိုက်တယ်ဆိုတာဟာ ပဋိပက္ခဖြစ် စေမဲ့  သွေးထိုးလှုံ့ ဆော်မှုများ ရှိနေတယ်ဆိုတဲ့ 
သဘောမျိုးဖြစ်နေတယ်ဆိုပြီး ဖေါ်ပြလိုက်လို့  အခုဆိုရင် လေးဝတီဝပ်ဆိုက်ဟာ
ဘန်းခံလိုက်ရပြီဖြစ်တယ် ။ ) တကယ်ဆိုရင် ကုလားတန်ဝပ်ဆိုက်တို့ 
အခြားကုလားဘလော့တို့  အများကြီးရှိတာပါဘဲ ။ သူတို့ က အဲဒီဝပ်ဆိုက်တွေ
ဘလော့တွေကို ဘာကြောင့်များ မဖေါ်ပြကြတာလဲ ။ မဖေါ်ပြကြတာကိုက မရိုးသားမှု
ရှိနေတယ်ဆိုတာ သိနိုင်ပါတယ် ။ ဖေါ်ပြလိုက်ရင် သူတို့  ရဲ့  ၀ပ်ဆိုက်တွေ
ဘလော့တွေမှာ ဘာတွေ ရှိနေတယ်ဆိုတာ သိသွားပြီး ဘန်းခံရမှာကို သိလို့ ဘဲ
ဖြစ်ပါတယ် ။ သွေးထိုးလှုံ့ ဆော်မှု ဆိုတာကို ကုလားဝပ်ဆိုက်တွေ ဘလော့တွေမှာ
အများကြီး တွေ့ ရလိမ့်မယ် ။

နောက် မူဆလင် မော်လပီ တယောက်က ပြောလာတယ် ။ ဒါပေမဲ့  သူက ဘာသာရေးဆရာ
မော်လပီ မဟုတ်သလို ပြောတာဖြစ်တယ် ။ မူဆလင်ဘာသာဝင်တွေမှာ မော်လပီဘာသာရေးဆရာ
လုပ်တယ်ဆိုရင် မုတ်ဆိတ်တွေ ထားရတယ် ။ ခုလဲ မုတ်ဆိတ်နဲ့  ကုလားက မော်လပီ
မဟုတ်သလို ဟန်ဆောင်ပြီး ပြောနေတာကို ပြတယ် ။ ဒီတော့ သူတို့ ဟာ
လိမ်ညာရမယ်ဆိုရင် သူတို့ ရဲ့  ဘုရား အလ္လာကိုတောင် လိမ်ကြတာ သိနိုင်တယ် ။
သူပြောတာက ဒီလိုပါ ။

( သူတို့ တွေမှာ သနားကြင်နာမှုတွေ မရှိကြဘူး ။ သူတို့  က ကျွန်တော်တို့ ကို
ဘယ်လိုနှိပ်စက်တယ်ဆိုတာကို တခုတည်းသော ဘုရားကသာ သိပါတယ် ) –

(သူပြောတော့ ငိုသံပါပါနဲ့  ပြောတယ် ။ လိမ်ညာလို့ မရတာက တခုတည်းသော ဘုရားကို
တိုင်တည်ပြီး ပြောတာနဲ့  ဒီလူဟာ မော်လပီဆိုတာ သိနိုင်တာပါဘဲ ။ ကုလားမှာ
မုတ်ဆိပ်ထားခွင့်ရပြီဆိုရင် မော်လပီ လုပ်ရလို့ ဘဲ ဖြစ်ပါတယ် ။

သူကငိုသံနဲ့  ပြောတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လှေနဲ့ 
ထွက်ပြေးပါတယ်ဆိုတဲ့  လူ-၄-ယောက်လောက်က လှေကလေးနဲ့  ပြကွက်ကို ပြတယ် ။ ဒါပေမဲ့ အဲဒီမူဆလင်ကုလားတွေက စွပ်ကျယ်အင်င်္ကျီနဲ့  လှေစီးပြီး ရိုက်ပြထားတာဖြစ်တယ် ။
လုပ်ကြံပြီး ရိုက်ကွင်းဖန်တီးထာသာဖြစ်တယ် ။ သတင်းထောက်ဟာ သူဒီလို
ပြကွက်ရိုက်ဖို့  ဖန်တီး ယူခဲ့ တယ်ဆိုတာ သိသာနိုင်တယ် ။ အဲဒီပြကွက် ပြတဲ့အခါမှာမှ ( so call rohingar ) အသံကို စတင်သုံးစွဲ လာတာ ကြားရတယ် ။

ကုလားအဖိုးကြီးက မောင်တောမြို့ မှာ ဘုရားဝတ်ပြုဖို့  ခွင့်မပြုဘူးလို့ 
ပြောတယ် ။ တကယ်လို့  လုပ်မယ်ဆိုရင် သူတို့ ကလဲ အဆင်သင့်ဘဲလို့  ပြောတယ်တဲ့  ။
ဒါဟာ လိမ်ညာပြီး ဘာသာရေးဝတ်ပြုလို့  မရဘူးဆိုတာ ချပြလိုက်တာဖြစ်တယ် ။ တကယ်တော့ဒေါက်တာထွန်းအောင်ခေါ် နူရောလာက် က ခွင့်ပြုချက်ယူပြီး မောင်တော မြို့ မှာ ဘာသာရေးဆုတောင်းပွဲကို သောကြာနေ့ မှာ လုပ်ခွင့်ရခဲ့ တာဖြစ်တယ် ။

မော်လပီမဟုတ်သလို ဟန်ဆောင်ထားတဲ့  ကုလားက ဒီလိုပြောတယ် ။

( တဘက်မှာ ရခိုင်လူမျိုးတွေ ရှိနေတယ် ။ ကျွန်တော်တို့  မူဆလင်တွေက ဘုန်းကြီး ကျောင်း ထဲမှာပေါ့ ၊ အဲဒီမှာဗျာ - ရခိုင်လူမျိုးတွေက ခဲနဲ့ ဘာသာရေးပလီကျောင်းထဲကို ပစ်တာပေါ့ ။ မူဆလင်တွေဟာ တချို့ ဆိုရင် ဒဏ်ရာတွေ အများကြီး ရကြပါတယ် ) –

မဖြစ်နိုင်တဲ့  စကားကို ပြောတာ လူတိုင်း သိပါတယ်- ဘယ့်နှယ်ဗျာ- သောကြာနေ့မှာ မောင်တောမြို့ မှာ အဓိကရုဏ်းဖြစ်လို့  သဇင်တည်းခိုရိပ်သာမီးလောင်ခံရ တာကို ရဲတွေနဲ့  လူတိုင်းက လက်ပိုက်ကြည့်နေခဲ့ ကြရပါတယ် ။ ဘယ်သူကကုလားပလီကို ခဲနဲ့  ပစ်ရဲပါ့ မလဲ ဗျာ ။

သူပြောနေချိန်မှာ မောင်တောမြို့ လမ်းမပေါ်မှာ ကုလားတွေထွက်လာတာကို ပြထားတယ်။
စောစောက ကုလားမက အခုလို ပြောတယ်။
( ရခိုင်လူမျိုးတွေဟာ တဦးစီတိုင်းကို ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း လုပ်ကြ တယ် ။ အရပ်သားရခိုင်လူမျိုးတွေရဲ့  လက်ထဲမှာ ဒါးတွေနဲ့  ဖြစ်သလို ရဲတွေမှာလဲသေနတ် ကိုယ်စီနဲ့ ပေါ့ ) ။
အရပ်သားဟန်ဆောင်တဲ့  မော်လပီက ပြောတဲ့ပြကွက်မှာ ခုလို ဆက်ပြောသေးတယ် ။

( ရဲတွေဟာ လေထဲကို သေနတ်နဲ့ေ ထာင်ပစ်တယ် ။ နေရာတိုင်းကို လှမ်းပစ်တယ် ။
ရဲကပစ်လို့  မူဆလင်ကုလားတယောက်သေတယ် ။ အခြားလူတွေ ဒဏ်ရာတွေ အများကြီးရကြတယ် ) ။

သူပြောနေချိန်မှာ လမ်းမပေါ်မှာ လူတွေ ထွက်လာနေတာကိုပြတယ် ။ လာတဲ့ လူတွေဟာ
ရဲကသေနတ်နဲ့  ပစ်လို့  ကြောက်လန့် ပြီး ပြေးလာကြတဲ့  လူတွေ မဟုတ်ဘူး ဆိုတာ
မြင်နေရတယ် ။ ဒါပမေဲ့  ပြနေတဲ့  ပြကွက်က အဲဒီလို ကြောက်လန့် လို့  လာတဲ့သဘောမျိုး ပြကွက်မျိုး ဖန်တီးလုပ်ကြံတာဖြစ်တယ် ။

နောက်ပြကွက်တွေမှာ ကုလားတွေ ( လူ-၃၀- ) သေတယ်ဆိုတာလဲ ပြောတယ် ။ အစကပြောတော့တယောက်သေဆုံး- အများကြီး ဒဏ်ရာရတယ် တဲ့  ။ နောက်ဆုံးအင်တာဗျုး လုပ်တဲ့အမျိုးသမီးကတော့ ဒီသတင်းကားရိုက်ပြီးတာနဲ့  ဒဏ်ရာတွေကြောင့်သေဆုံးသွားရပါတယ်လို့  ပြကွက်မှာ ပြသွားတယ် ။ သဘောက နုတ်ပိတ် လိုက်ပြီး ဇါတ်ကိုနာစေလိုက်တာပါဘဲ ။ ဒီနောက်ဆုံးအမျိုး သမီးဟာ မောင်တောမြို့ ကဒေါက်တာထွန်းအောင် ခေါ် နူရာလောက် ရဲ့  သမီးနဲ့  ရုပ်ချင်း ဆင်တူနေတာ တွေ့ရတယ် ။ နောက်မှဘဲ သေသေချာချာလေ့လာကြည့်ရမှာဖြစ်ပါတယ် ။

ကျွန်တော် ပြောချင်တာက ဒီသတင်းကားဟာ လိမ်ညာထားတဲ့  ဇါတ်အိမ်တခုကို
တည်ဆောက်ပြီး လူမျိုးရေးပဋိပက္ခတခုကို ဆက်လက်ဖြစ်ပွါးအောင် ဖန်တီး လိုက်ခြင်းဖြစ် တယ် ဆိုတာပါဘဲ ။ အခုအချိန်မှာ မြန်မာနိုင်ငံမှာ ကုလား- ရခိုင် ပဋိပက္ခဟာ ပြီးဆုံးစ ပြုနေပါပြီ ။ တည်ငြိမ်အေးချမ်း အစပြုလာပြီဖြစ်ပါတယ်။ အခုလို သွေးထိုးလှုံ့ ဆော်မှုတွေ ဆက်ရှိလာရင် ပဋိပက္ခတွေ ဆက်ဖြစ်လာလိမ့်မယ်
ဆိုတာကို နားလည်ဖို့ လိုပါတယ် ။ ဒါ့ကြောင့် မြန်မာနိုင်ငံအစိုးရကလဲဘဲ ကျွန်တော် ထောက်ပြထားတဲ့  အချက်အလက်တွေနဲ့  အခြားကျန်ရစ်နေတဲ့ အချက်အလက် တွေကို ဆက်စပ်ပြီး ဒီသတင်းကားဟာ ဒီလိုလိမ်ညာထားတဲ့  ဇါတ်အိမ်တစ်ခုသာ ဖြစ်ကြောင်း ကမ္ဘာကို ချပြရတော့မှာ ဖြစ်ကြောင်းပါဗျာ ။ ဒီသတင်းကို ရိုက်တဲ့  သတင်းထောက်ဟာ သာမန်အညံ့စားသတင်းထောက်မျိုးသာဖြစ်တယ် ။
ဘာကြောင့်လဲဆိုရင် သူအင်တာဗျူးလုပ်ခဲ့ သူတွေဟာ ကာယကံရှင်တွေမဟုတ်ဘဲ
လုပ်ကြံဖန်တီးထားသူများဖြစ်တယ် ဆိုတာပါဘဲ ။ တကယ်လို့  မောင်တောမှာ
ဘင်္ဂလီတွေအများကြီး သေဆုံးသွားခဲ့ ပါတယ်ဆိုတဲ့  မိသားစုတွေသာ ရှိနေခဲ့မယ်ဆိုရင် ခုထက်ကောင်းမဲ့  သတင်းတင်ဆက်ပုံ ပြကွက်တွေ ဖြစ်လာမှာ သေချာပါတယ် ။
ခုတော့ ခပ်ညံ့ညံ့ သတင်းကားတခုဘဲလို့  ပြောလို့ ရပါတယ် ။ မည်သို ပင်ဆိုစေ
မြန်မာနိုင်ငံအစိုးရ အနေနဲ့  ဒီ့ထက်ကောင်းတဲ့  သတင်းကားကို အင်္ဂလိပ်စာတမ်းထိုး
ရိုက်ပြီး အမြန်ဆုံး ကမ္ဘာကို ချပြရန်သာ ရှိကြောင်းပါဗျာ ။ သဘောကတော့ မီဒီယာကို
မီဒီယာနဲ့  တန်ပြန်တုံ့ ပြန်ခြင်းဆိုတာပါဘဲ ......။

အောင်သာနီ

ဖြည့်စွက်- ဒီတော့ ဒီရုပ်သံဌာနကို အပြင်းအထန်ကန့်ကွက်ခဲ့ပြီးဖြစ်တာကြောင့် ရခိုင် ပြည်နယ်ထဲကို ထပ်မလာဖို့ ရခိုင်တွေက ကန့်ကွက်ရပါလိမ့်မယ်။ ဒါအပြင် မြန်မာနိုင်ငံထဲကို ထပ်မလာဖို့လည်း အစိုးရအနေနဲ့ ကန့်သတ်ပိတ်ပင်မှုတွေလုပ်ဖို့ လိုပါလိမ့်မယ်။ ဒါမှ ရခိုင်တိုင်းရင်းတွေ ကျေနပ်မှာဖြစ်ပါတယ်။
သူတို့ထပ်လာရင် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်သွားရမယ်လို့ ထင်တယ်။

0 ကွန်မန့်ရေးရန်:

Post a Comment