Thursday, November 29, 2012

Ericsson က Samsung ကို တရားစွဲ

Sony နဲ့ ပါတနာဖွဲ့ပြီး စမတ်ဖုန်း ထုတ်လုပ်နေတဲ့ ဆွီဒင် ဆက်သွယ်ရေး ပစ္စည်းနဲ့ နည်းပညာ ကုမ္မဏီ Ericsson က Samsung ကို တရားစွဲ လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က တရားရုံးမှာ ဖြစ်ပါ တယ်။ နှစ်ဦးနှစ်ဘက်မှ သက်ဆိုင်ရာ အရာရှိများ တက်ရောက် ကြမှာ ဖြစ် ပါတယ်။ Ericsson က ယခုလို တရားမစွဲခင် ညှိနှိုင်းဆွေးနွေးမှုကို ၂ နှစ်ကြာ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Ericsson မှတီထွင် ဖန်တီးသော ကြိုးမဲ့ ဆက်သွယ်ရေး နည်းပညာများကို Samsung မှ ခိုးချနေတယ်လို့ အပြည့်အဝ ယုံကြည်နေပြီး ယခုရက်ပိုင်း အတွင်း စွဲချက် တင်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Patent war ထဲကို Ericsson နဲ့ Sony တို့ ပါ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ယခု တရားစွဲဆိုမှုမှာ Sony က မပါဝင်ပေမယ့် Sony Ericsson စမတ်ဖုန်း များနဲ့ သက်ဆိုင်တဲ့ အတွက် Sony လည်း မသိသလို နေလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။

လက်ရှိ မူပိုင်ခွင့် စစ်ပွဲအတွင်းမှာ Apple နဲ့ Samsung, Apple နဲ့ Google/ Motorolla, Samsung နဲ့ HTC, Samsung နဲ့ Ericsson, Sony အစရှိသဖြင့် တစ်ဖက်စီ ရှိနေကြပြီး ကမ္ဘာ့အင်အားကြီး နည်းပညာကုမ္မဏီများ ဖြစ်ပါ တယ်။

လက်ရှိ Sony Ericsson နဲ့ Samsung တို့အားပြိုင်မှုမှာ ဘယ်သူ နိုင်မလဲ ဆိုတာ ကမ္ဘာ့ နည်းပညာ ကုမ္မဏီကြီးများက စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။
--
Ref: thescore.ie

0 ကွန်မန့်ရေးရန်:

Post a Comment