Thursday, November 29, 2012

ဘန်ကောက်ရောက် မြန်မာများအတွက် အထူးသတိပေးချက်


မင်္ဂလာပါ

ဧဒင်ဥယျာဉ်ရဲ့ ထုံးစံအတိုင်း အထူးသတင်းနှင့် အခြေအနေများကို အချိန်မှီတင်ဆက်ပေးရာမှာ ယနေ့ ၂၃.၁၁.၂၀၁၂ သောကြာနေ့ ညနေမှာစတင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရဲ့ အချက်ချာကျတဲ့ လမ်းအားလုံးကို ကြားဖြတ်အစိုးရ အမိန့်အရ အင်အား ၁၇၀၀၀ (တစ်သောင်းခုနှစ်ထောင်) ရှိသော ရဲအင်အား အားလုံးဖြင့် စတင်ပိတ်ဆို့လိုက်ကြောင်း ဘန်ကောက်ရဲချုပ်မှ ဒီနေ့ညနေ မှာ စတင်ထုတ်ပြန်သွားခဲ့ပါတယ် ။

ထိုသို့ကြားဖြတ်အာဏာသိမ်းယူမှု့များကြောင့် တော်လှန် ဆန္ဒပြကြမည့် သူ ၅၀၀၀၀ (၅သောင်းခန့်) လာမည့် စနေနေ့ ၂၄.၁၁.၂၀၁၂ မှာ ထိုင်းပါလီမာန် အဆောက်အဦးပတ်ဝန်းကျင်တွင် ဆန္ဒပြမည့်အကြောင်း သတင်းရရှိသဖြင့် ယခုကဲ့သို့ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ယနေ့ ကမ္ဘာ့သတင်း အထူးသတင်းအဖြစ် ကြော်ငြာသွားခဲ့ပါသည်။

ယခု ထိုင်းအိမ်နီးချင်းနိုင်ငံများ က ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရောက်ပါက ဆင်ခြင်သတိထားနိုင်ရန် နှင့် မလိုအပ်ပါက မသွားရန် Alert (သတိပေးချက်များ) ထုတ်ပြန်ကြော်ငြာလိုက်ပြီဖြစ်ပါတယ် ။

သို့ပါသောကြောင့် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားအားလုံး နနက်ဖြန်နံနက်မှစပြီး ဘန်ကောက်မြို့တွင်းသွားလာမှု့မှ ရှောင်ကြဉ်နိုင်ရန်နှင့် သတင်းများကို သတိထား နားဆင်ကြရန် ၊ ထိုင်းနိုင်ငံရောက် မြန်မာ အချင်းချင်း သတိပေးကာကွယ်ပေးနိုင်ရန် ဧဒင်ဥယျာဉ်မှ အထူးသတိပေးပါသည် ။




ထိုင်းပါလီမာန် အနီးတဝိုက် ပိတ်ဆို့ထားခြင်း သတင်း ဓာတ်ပုံ Router 




ရင်လတ် ရှာရနာဝပ်ထရာ (လက်ရှိထိုင်းဝန်ကြီးချုပ်)

0 ကွန်မန့်ရေးရန်:

Post a Comment