Tuesday, September 18, 2012

((((((((((((((((((ငရဲခန်း))))))))))))))))))


ကျွန်တော်သည်
ထောင်ထဲစရောက်တုန်းက ယောင်လည်လည်ဖြစ်နေခဲ့ပါတယ်
ဘယ်သူ့ကိုမှာမသိ ဘယ်သူနဲ့မှမခင် ဘယ်သူ့ကိုဘယ်လိုစကားမျိုးပြောရမယ်ဆိုတာလည်းမသိခဲ့ပါဘူး
ထောင်ထဲရောက်ပြီ ဆယ်ရက်ဆယ့်ငါးရက်လောက်ကြာမှာ ထောင်ရဲ့အကြောင်းတွေကိုသိခဲ့ပါတယ်
ထောင်ထဲမှာလူပေါင်းများစွာရှိနေပါတယ်
အဲဒီထဲမှာ ကျွန်တော်လည်းပါဝင်ပါတယ် နေ့နဲ့ည ထောင်လုပ်ခိုင်းတဲ့ အလုပ်တွေကိုလုပ်ရပါတယ်
ထောင်ထဲကလူတွေဟာ အလုပ်မျိုးစုံလုပ်ရပါတယ် အဲဒီထဲမှာ အရုပ်ညံ့ဆုံး အလုပ်ကတော့
ချီးဘုတ်ထန်းရတာပဲ လူတိုင်းလိုလိုလဲဖြစ်ပါတယ်
တာဝန်ပေးတာလဲ လုပ်ရပါတယ် သူတို့ထားရာနေ စေရာသွားရပါတယ်
ပုံမကြရင် ရိုက်ခံကြရပါတယ်
ပုံကြအောင်ဆိုရင်လဲ တော်တော်ကိုလုပ်ယူရပါတယ်
သူတို့ တန်းစီးခိုင်းတဲ့နေရာ မှာ တန်းစီးရပါတယ်
မနက်မိုးလင်း လေးနာရီခွဲဆိုထရပါတယ် ခြောက်နာရီဆို အိမ်ဆောင်ဖွင့်တယ်လေ ဒါဆို အပြင်ထွက်ပြီ မျက်နှာသစ် ရတယ်လေ မျက်နှာသစ်ပြီးရင် ခဏနေ ဆန်ထမ်းတဲ့ ထောင်သားတွေက ဆန်ပြုတ်ထမ်းပြီး ဆန်ပြုတ်လာပို့တယ်လေ အဲဒီထမ်းတဲ့လူတွေက သနာဖို့ကောင်းတယ် နောက်ပြီထောင်ထဲက
လူတွေ နွားလိုလုပ်ရကိုင်ရတယ်လေ ဒါတွေကို သူတို့က အကောင်းမြင်နေကြတဲ့လေ
အစားအသောက်နဲ့ပတ်သက်လို့ကတော့ ဘာမှမကောင်းပါဘူး
တာလပေါ့ဆိုရင်လဲ ရေတွေကြီးပဲ
ဆားလေတောင်မှမပါဘူး ပဲဟင်းဆိုရင်လဲ ပဲအဖတ်လေးတောင်မမြင်ရဘူး ရေးလုံပြုတ်ပဲလေ
တစ်ပတ်မှာတော့ အသားနှစ်နပ်ကျွေးပါတယ် ကြက်သားမဟုတ်ရင်အမဲသားပေါ့
ဒါကေမဲ့ ကျွေးတဲ့အသားတွေဟာ ပုတ်နေတာလေ အဲဒါတွေ စားနေရတဲ့ ထောင်သားတွေရဲ့ ဘ၀ကို စာနာနားလည်ကြည့်ကြပါဗျာ
သူတို့ မဟုတ်တာ လုပ်လို့ရောက်တဲ့ လူတွေရှိသလို ဘာမှကိုမလုပ်ရပဲနဲ့ ထောင်ထဲကို
ရောက်ရတာလဲရှိပါတယ်
ဟိုလူက အနိုင်ကျင့် ဒီလူက အနိုင်ကျင့်တာကိုခံရတာပဲလေ လူတိုင်းပါပဲ
ထောင်ထဲမှာ ထိုင်စားရတဲ့လူတွေလဲရှိပါတယ် အဲဒါကတော့ အိမ်က ထောင်ဝင်စာမလာတဲ့လူတွေလေ လာတဲ့လူတွေလဲရှိပါတယ်
ပိုက်ဆံချမ်းသာတဲ့ လူတွေကတော့ ထောင်ကိုပိုက်ဆံပေးပြီ ထောင်ကျနေတဲ့အချိန်မှာ ဘာအလုပ်မှမလုပ်ရအောင်နေကြတယ်လေ
မနက်ဆိုရင်လဲ အလုပ်ချိန်အလုပ်ရတယ်လေ ပင်ပန်းတာလဲရှိသလို မပင်ပန်းတာလဲရှိပါတယ်
မပင်ပန်းတာတော့ ထောင်ကိုပိုက်ဆံပေးထားတဲ့လူတွေပဲလေ
ပင်ပန်းတာကတော့ မပေးနိုင်တဲ့လူတွေပါပဲဗျာ
မနက်
ဆယ်နာရီခွဲလောက်ဆို ထမင်းလာပို့ရင် ထမင်းသွားယူပြီး ကိုယ်ရှိတာလေတွေနဲ့ စားရပါတယ်
မရှိတဲ့သူတွေဆိုထောင်ကကျွေးတာလေးနဲ့စားကြပါတယ်
ပြီရင် နေ့လည်ဆယ်တစ်နာရီခွဲလောက်ဆို အိမ်ဆောင်ပိတ်ပြီလေ ဒါဆို အိမ်ဆောင်ကိုဝင်ကြရပါတယ် ပြီးရင် တန်းစီးရပါတယ် ဆယ်နှစ်နာရီလောက်လို
တန်းစီတာပြီးပါတယ် အဲဒီချိန်လေးတွေမှာ အိပ်ချင်ရင်အိပ်ရပါတယ် မအိပ်ချင်ရင်လဲ ကိုယ့်သဘောပါပဲ
နှစ်နာရီထိုးရင် တန်းဖွင့်ပါတယ် ပြီးရင် အပြင်ထွင်ပြီ အလုပ်တွေများကို ပြန်လည်လုပ်ရပါတယ်
ညနေ လေးနာရီလောက်ဆို အလုပ်တွေသိမ်းရပါတယ်
နောက် လေးနာရီခွဲလောက်ဆို ရေးချိုးကျပါတယ် ရေးချိုးပြီရင် နောက် ထမင်းထမ်းသမားတွေက ဖိုးကြီးကထမင်းသွားယူရပါတယ်
ယူပြီးပြန်လာရင် လာပို့တဲ့ထမင်းကို သွားတန်းစီပြီးယူရပါတယ်
ပြီးရင်ရတဲ့ထမင်လေးကို စားစရာရှိတဲ့လူတွေကတော့စားနိုင်ကြပါတယ် မရှိတဲ့လူတွေကတော့ ထောင်ကကျွေးတာလေးနဲ့စားကြရပါတယ်
ညနေ ငါးနာရီဆို အိမ်ဆောင်ပြန်ပိတ်ပါတယ် ပိတ်ခါနီး တန်းစီရပါတယ် ခြောက်နာရီလောက်ဆို ဘုရားရှိခိုးရပါတယ် ဘုရားရှိခိုးပြီးမှာ ကိုယ့်ဘာသာကိုယ် လွတ်လပ်စွာနေလိုရပါတယ် ည ကိုးနာရီထိုးတာနဲ့ အိမ်ချိန်ပေးပါတယ်
ဒါလေးကတော့ တစ်နေ့စားအဖြစ်အပျက်လေးပါ
ဒါပါပဲ
ကျေးဇူးတင်ရှိရင်
လူ့ ဘ၀ က ငရဲခန်းလေးဖြစ်ပါတယ်
ဒီစာဖတ်သူတိုင်း ကိုယ်ကိုကိုယ့် ထောင်ထဲမရောက်အောင်နေကြပါလို့ ပြောကြားလိုပါတယ်
ရွှေမြို.တော်သူ ရွှေမြို.သားတွေအကုန်လုံးကို ပြောပြချင်ပါတယ်
ဒါပေမဲ့ သူငယ်ချင်းတို့ ဆက်လက်ရေးဖို့ ကျွန်တော်အနေနဲ့မဖြစ်နိုင်တော့လို့ ဒီလောက်နဲ့ပဲကျေနပ်ပါလို ပြောကြားလိုပါတယ်
သူငယ်ချင်းတို့ရေးးးးးးးး
ဒီလို မဖြစ်အောင်နေကြပါ လို ပြောကြားရင် ဆုတောင်းပေးလိုက်ပါတယ်နော်
သာယာ ပျော်ရွှင် ချမ်းမြေ.ပါစေ လို ဆုတောင်းလိုက်ပါတယ်နော်
ကျွန်တော်ရေးတာတွေ ဟာသတွေ ရီသရာတွေ ဖြစ်နေရင်
ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်နော်
ပုံ
သတိပေးရင်
ဝင်းကျော်ကျော် /rapper 9

0 ကွန်မန့်ရေးရန်:

Post a Comment