Tuesday, September 18, 2012

ရွှေဂုံတိုင် ကလေး ပြုစုရေး ဂေဟာသို့ စွန့်ပစ် မိဘမဲ့ ကလေးများ လာရောက် အပ်နှံမှု တွင်


ရီရီမြင့်
သြဂုတ်၊ ၂၅၊ ၂၀၁၂

ရွှေဂုံတိုင် ကလေး ပြုစုရေး ဂေဟာသို့ စွန့်ပစ် မိဘမဲ့ ကလေး များ လာရောက် အပ်နှံမှု တွင် ရန်ကုန်တိုင်း ဒေသကြီး သည် အများဆုံး ဖြစ်ကြောင်း ရွှေဂုံတိုင် ကလေး ပြုစုရေး ဌာနမှ ကျောင်းအုပ် ဆရာမ ဒေါ်ခင်မာအေး က ပြောသည်။

မွေးဖွား သူများသည် လိပ်စာ ကို အတည် တကျ မပေးခြင်း၊ စွန့်ပစ်သော မိဘများ၏ မဖြေ ရှင်းနိုင် သော အခက် အခဲများ ရှိခြင်းများ ကြောင့် ယခုကဲ့သို့ အများဆုံး ဖြစ်နေ ရကြောင်း ယင်း၏ ပြောပြ ချက်အရ သိရသည်။

''ဒီလို စွန့်ပစ်တဲ့ မိဘ တွေက လည်း သူတို့ မှာ မဖြေရှင်း နိုင်တဲ့ အခက် အခဲတွေ ရှိလို့ နေမှာပေါ့။ကိုယ်ရဲ့ မဖြေရှင်း နိုင်တဲ့ အခက် အခဲ မှာ ကလေးက ကြားခံ ဖြစ်သွား တာ'' ဟု ဆရာမ ဒေါ်ခင်မာအေး မှ ပြောသည်။

မိမိ၏ ကလေး ကို ဆေးရုံတွင် စွန့်ပစ်ပြီး နောက်တွင် မည်သို့မှ သံယောဇဉ် မပြတ်နိုင် သဖြင့် လာရောက် ပြန်ယူ သောကြောင့် ခိုင်မာသော အ ထောက် အထားများ အရ ပြန်ယူခွင့် ပေးခဲ့သော အဖြစ် အပျက် လည်း ရှိ ကြောင်း ဆရာမ ဒေါ်ခင်မာအေး မှ ပြောသည်။
ကျွေးမွေး စရိတ် အတွက် ထမင်းကျွေး လျှင် တစ်နေ့ (၂)ကြိမ်ကိုကျပ် (၅၀၀၀၀) နှင့် မုန့်ကျွေး လျှင် တစ်နေ့ (၂)ကြိမ် ကို ကျပ် (၃၀၀၀၀) ဖြစ်ကြောင်း ...

ထို ရွှေဂုံတိုင် ကလေး ပြုစုရေး ဌာနသို့ ၂၀၁၁ ခုနှစ်တွင် မိဘမဲ့ ကလေး လာရောက် အပ်နှံသည့် အရေ အတွက်မှာ (၃၁)ယောက် ဖြစ်ပြီး ယခု ၂၀၁၂ ခုနှစ် သြဂုတ်လ အထိတွင် (၂၃) ယောက် ရှိကြောင်း သိရသည်။

ထိုဌာ နတွင် အာဟာရ အလှူရှင် များ အနေဖြင့် သြဂုတ်လ အကုန် အထိ အပြည့် ရှိနေသော ကြောင့် ထပ်မံ အလှူရှင် ကို သြဂုတ်လ ကုန် မှသာ လက်ခံ မည်ဖြစ်သည်။ ကျွေး မွေး စရိတ် အတွက် ထမင်း ကျွေးလျှင် တစ်နေ့ (၂)ကြိမ်ကို ကျပ် (၅၀၀၀၀) နှင့် မုန့်ကျွေး လျှင် တစ်နေ့ (၂)ကြိမ် ကို ကျပ် (၃၀၀၀၀) ဖြစ်ကြောင်း သိရသည်။

ထိုဌာနတွင် သူငယ်တန်း မှ ဒုတိယတန်း အထိကို အ.မ.က (၁၂) တွင် ပညာ သင်ယူ ရပြီး အသက် (၈) နှစ်ကျော်လျှင် အမျိုး သမီး များကို မလိခ လမ်းရှိ အမျိုး သမီး ကျောင်းနှင့် အမျိုးသား များကို ကျိုက်ဝိုင်း လူငယ် သင်တန်း ကျောင်းသို့ အသီးသီး ပို့ဆောင် ပညာသင်ယူ စေကြောင်း သိရသည်။

ယခု လက်ရှိ တွင် ထိုဌာန ၌ ကလေး စုစုပေါင်း (၁၀၃) ယောက်ရှိ ၍ မသန် စွမ်းသူ ကလေး မှာ (၅) ယောက် ရှိကြောင်း သတင်း ရရှိသည်။
Source: http://www.messengernewsjournal.com/news/local/detail.php?id=479

0 ကွန်မန့်ရေးရန်:

Post a Comment