Tuesday, September 18, 2012

ရခိုင်အရေး အလေးပေး ဆွေးနွေးသော အမျိုးသားရေး လက္ခဏာ နိုင်ငံသားဖြစ်မှု ဆွေးနွေးပွဲတွင် တွေ့ရသော သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း


ဓါတ်ပုံ - The Voice Weekly
 
ရခိုင် အရေးကို အလေးပေးဆွေးနွေးခဲ့သော အမျိုးသားရေး လက္ခဏာနှင့် နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဆွေးနွေးပွဲကို ရခိုင်တိုင်းရင်းသား သမိုင်းပညာရှင် ဒေါက်တာအေးချမ်း တက်ရောက်ဆွေးနွေးခဲ့သည်။

ဒေါက်တာအေးချမ်းသည် ရခိုင်ပြည်နယ်သို့ ဘင်္ဂါလီများ ခိုးဝင်လာသည့် သမိုင်းကြောင်းများကို အသေးစိတ်ရှင်းလင်းခဲ့သည်။ ယင်းရှင်းလင်းချက်များကို ဘင်္ဂါလီ နှစ်ဦးက ကန့်ကွက် ဆွေးနွေးခဲ့သဖြင့် အခြေအနေ အနည်းငယ် တင်းမာခဲ့သည်။

သို့သော်လည်း ဒေါက်တာ အေးချမ်းကမှု အမေရိကန်တွင် သော်လည်းကောင်း၊ ဘင်္ဂလားဒေခ်ျ့တွင် သော်လည်းကောင်း ယင်းနိုင်ငံတို့၏ လူဝင်မှု ကြီးကြပ်မှု ဥပဒေရှိပြီး ယင်း ဥပဒေကို လိုက်နာရကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံတွင်လည်း လိုက်နာ ရမည်ဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့တော် CHATRUM ဟိုတယ်တွင် စက်တင်ဘာလ ၁၆ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သော ဒေါက်တာ အေးချမ်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရှေ့နေ ဦးသန်းမောင် တို့ တက်ရောက်ခဲ့ပြီး ရခိုင်ကိစ္စ စုံစမ်း စစ်ဆေးရေး ကော်မရှင်၊ ကုလသမဂ္ဂ၊ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား၊ ပြည်တွင်း ပြည်ပ သမိုင်း ပညာရှင်များ တက်ရောက် ခဲ့သည်။

Copy from - New MyanmarFoundation

0 ကွန်မန့်ရေးရန်:

Post a Comment