Thursday, August 2, 2012

ယာယီသက်သေခံကဒ် (White Card) ရှိသည့် ဘင်္ဂလီများ နိုင်ငံသားခံနိုင်မည် ...






3036 White Card Bingali Citizenship
လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနမှ ၁၉၈၂ ခုနှစ် မတိုင်မီ ထုတ်ပေးခဲ့သည် ယာယီသက်သေခံ ကဒ်ပြား (White Card) လက်ဝယ် ရှိသော ဘင်္ဂလီများအနေဖြင့် မြန်မာနိုင်ငံသားအဖြစ် ခံယူခွင့် ရှိမည်ဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီက ပြောကြား လိုက်သည်။
၁၉၈၂ ခုနှစ် မတိုင်ခင်က ယာယီသက်သေခံကဒ်ပြားလို့ အများခေါ်တဲ့ white card ပေးထားတယ်။ အဲ့ဒါကဒ် သူတို့မှာရှိသေးရင် သူတို့မှာ နိုင်ငံသားအဖြစ် လျှောက်လို့ရတဲ့ အခွင့်အရေးရှိတယ်။ သူကိုယ်တိုင်ကလဲ မြန်မာနိုင်ငံသား ဖြစ်ချင်တဲ့ ဆန္ဒရှိရမယ်ဆိုရင်ဟု လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ပြောသည်။
ဘင်္ဂလီများသည် မြန်မာနိုင်ငံသားအဖြစ် ခံယူမည်ဆိုပါက လူ
ဝန်မှုကြီးကြပ်ရေး ၀န်ကြီးဌာနထံသို့ လာရောက် လျှောက်ထားနိုင်ပြီး ၁၉၈၂ ခုနှစ်က ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံ နိုင်ငံသားအက်ဥပဒေပါ အချက်အလက်များဖြင့် ကိုက်ညီမူရှိပါ လက်ခံမည်သွားဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုပြီး လုံးဝမရှိကြောင်းဟု ခိုင်ခိုင်မာမာ ပြောဆိုနိုင်ကြောင်း ၀န်ကြီး ဦးခင်ရီက ပြောကြား ခဲ့သည်။
လျှောက်တဲ့အခါ သတ်မှတ်ချက်တွေတော့ ရှိတယ်။ သူ့ရဲ့ ကိုယ်ရေးရာဇ၀င်ကို တင်ပြရမယ်။ ဘိုးစဉ်ဘောင်ဆက် အချက်အ လက်တွေ ပြရမယ်။ မြန်မာစကား ကောင်းကောင်း ပြောတတ်ရမယ်။ အဲဒါတွေစုံရင် ဗဟိုအဖွဲ့ကို တင်ရတယ်။ဟု ဗဟိုအဖွဲ့တွင် လည်း ဥက္ကဋ္ဌတာဝန် ယူထားသူ ဦးခင်ရီက ဆက်လက်ပြောပြ ခဲ့သည်။
၁၉၈၂ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး ဥပဒေဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲသို့ လူဝန်မှုကြီးကြပ်ရေး ၀န်ကြီးဌာနမှ ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အခြား ၀န်ကြီးဌာနများမှ ၀န်ကြီးများ နှင့် မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံအမတ်များ တက်ရောက်ခဲ့ ကြပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
မစ္စတာ ကင်တားနားသည် ဂျူလိုင်လ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောဒေသများသို့ သွားရောက် လေ့ လာခဲ့သည်။
---
Photo: မြစ်မခ

 







0 ကွန်မန့်ရေးရန်:

Post a Comment