Thursday, August 2, 2012

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အန္ဒိယ နိုင်ငံသို့ ယနေ့ သွား



ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)


ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ အန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးအဖြစ် အထူး လေယာဉ်နဲ့
နေပြည်တော်က ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ နေ့လယ်ပိုင်းက ထွက်ခွာသွားပါတယ်။

အန္ဒိယနိုင်ငံက ဖိတ်ကြားမှုကြောင့် အန္ဒိယနိုင်ငံကို သွားမယ့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို
နေပြည်တော် လေဆိပ်မှာတော့ ကြည်း၊ ရေ၊ လေ တပ်မတော် အရာရှိကြီးတွေက ခမ်းခမ်းနားနား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

အခုခရီးစဉ်ဟာ ဘယ်နှစ်ရက်ကြာမယ်ဆိုတာနဲ့ အန္ဒိယကို ဘာကိစ္စ သွားတယ်ဆိုတာကိုတော့ နိုင်ငံပိုင် သတင်းရုပ်သံတခုဖြစ်တဲ့ MRTV 4 မှာ ဖော်ပြမသွားခဲ့ပါဘူး။

0 ကွန်မန့်ရေးရန်:

Post a Comment