Thursday, August 2, 2012

နိုင်ငံရပ်ခြားဟာသများ(၁၀)

တိုက်တန်းနစ်
ဥပဒေ ပါမောက္ခတစ်ဦးသည် သူ၏တပည့်များအား စာမေးပွဲနှင့်ပတ်သက်၍ ပြောပြနေသည်။ " စာမျက်နှာ (၂၅) မျက်နှာလောက်ကုန်မယ်။ မေးခွန်းအားလုံးဖြေဆိုဖို့ အနည်းဆုံး (၄) နာရီလောက်တော့ ကြာမယ်" ဟု သူကပြောသည်။ ထို့နောက် စာသင်ခန်းတစ်ခန်းလုံး ဆူညံသွားသဖြင့် " မစိုးရိမ်ပါနဲ့ကွာ။ မင်းတို့အားလုံးဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားတွေပဲ မဟုတ်လား" ဟု ပါမောက္ခကြီင်္းက နှစ်သိမ့်လိုက်သည်။ ထို့အခါ ကျောင်းသားတစ်ဦးက အော်ပြောလိုက်သည်။
"မှန်တာပေါ့ဆရာ….အဲဒီလှေက တိုက်တန်းနစ်ပါ"
သတင်းကောင်းဆိုလို့
လက်ထပ်ပြီးခါစ ဇနီးက အလုပ်မှ ပြန်လာသော ခင်ပွန်းကို ပြောပါသည်။
"မောင့်အတွက် သတင်းကောင်းတစ်ခုရှိတယ်။ မကြာမီမှာပဲ အိမ်မှာ လူနှစ်ယောက်အစား လူသုံးယောက် ဖြစ်လာတော့မယ်"
ခင်ပွန်းက ပြုံးရွှင်သောမျက်နှာ၊ တောက်ပသော မျက်ဝန်း
များဖြင့် ဇနီးထံပြေးသွားသည်။
" မောင်ပျော်နေတဲ့အတွက် ကျွန်မ ဝမ်းသာပါတယ်။မနက်ဖြန်မှာ မေမေက ကျွန်မတို့နဲ့အတူ လာနေတော့မှာ"
ဇနီးသည်၏ ပြောစကားကြောင့် ပျော်ရွှင်စွာ အနမ်းပေးနေသော ခင်ပွန်းမျက်နှာ နီမြန်းသွားတော့သည်။

အမှန်အကန်ပဲ
လူတစ်ဦးသည် စတိုးဆိုင်တစ်ဆိုင်မှ ဖိနပ်တစ်ရံဝယ်သည်။ ထိုဖိနပ်ကိုစီးပြီး ထွက်လာရာ ဆိုင်မှ ခပ်ဝေးဝေးမရောက်မှီ ဖိနပ်ပြတ်သွားသည်။ သူသည် ချက်ချင်းပင် ဈေးဆိုင်သို့ ပြန်လာကာ ရောင်းချသူအား မကျေမနပ် ပြောဆိုတော့သည်။
ရောင်းသူ။ ။ ဘာဖြစ်လို့လဲခင်ဗျာ။
ဝယ်သူ။ ။ကျွန်တော် ခုနကပဲ ခင်ဗျားတို့ဆိုင်က ဖိနပ်တစ်ရံ ဝယ်သွားတယ်။ ခင်ဗျားပြောတော့ တစ်နှစ် အာမခံဆို။ အခု ပြတ်သွားပြီဗျ။
ရောင်းသူ။ ။ဝမ်းနည်းပါတယ်ဗျာ။ အရည်အသွေးကတော့ စစ်မှန်ပါတယ်။ ဒီနေ့ဆိုရင် ခင်ဗျားဖိနပ် ဆိုင်မှာရှိနေတာ တစ်နှစ်တိတိ ပြည့်သွားပါပြီ။

ဇနီးကောင်း
" အချစ်ရေ… ကိုယ့်သူငယ်ချင်းတစ်ဦးကို ညစာလာစားဖို့ ဖိတ်ထားတယ်" ဟု ခင်ပွန်းက ဇနီးကို ပြောသည်။
"ဘာရှင့်… ရှင်ရူးနေတာလား။ အိမ်မှာလည်း ရှုပ်ပွနေတယ်။ ဈေးလည်း မသွားရသေးဘူး။
အခန်းအားလုံးလည်း ညစ်ပတ်နေတာပဲ။ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ဖို့လည်း စိတ်မပါဘူးရှင့်"
"ဒါတွေအားလုံး ကိုယ်သိပါတယ်ကွာ"
"ဒါဆိုရင် ဘာကြောင့်များ ညစာဖိတ်ကျွေးရတာလဲ"
"အကြောင်းရင်းကတော့ သနားစရာကောင်းတဲ့ သူငယ်ချင်းငပေါက အိမ်ထောက်ပြုဖို့ စိတ်ကူးနေလို့ဟေ့"
ကိုလူချော
www.naylinaung1.blogspot.com

0 ကွန်မန့်ရေးရန်:

Post a Comment