Thursday, August 2, 2012

ကျေးရွာ ( ၁၈ ) ရွာမှ တစ်ရွာတစ်ယောက် KIA ထံ တပ်သားသစ် ပို့တောင်ရ


ဇော်ကြီး

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ ကျေးရွာ (၁၈) ရွာမှ တစ်ရွာတ ယောက်နုန်း ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ထံ တပ် သားသစ် ပို့ပေးရကြောင်း ဒေသခံများက ပြောသည်။

မန်ဝိန်းကြီး ကျေးရွာ အုပ်စုအတွင်းမှ လူငယ် (၁၈) ဦးအား KIA တပ်ဖွဲ့ဝင်များ အခြေစိုက်ရာ ပန်ခမ်းကျေးရွာသို့ ယခုလ (၃၀) ရက်နေ့က ရပ်ရွာ လူကြီးများကိုယ်တိုင် သွားရောက် ပေးပို့ခဲ့ရသည်ဟု မန်ဝိန်းကြီး ဒေသခံ တဦးက အခုလို ပြောသည်။

“တစ်ရွာတယောက် မပေးလို့ကို မရဘူးလို့ ပြောတယ်။ ရွာလူကြီးတွေက နေ ရှာဖွေထားပေါ့။ မပေး ရင်ရပ်ထဲရွာထဲဝင်ပြီးအနိုင်ကျင့်တာ တွေလည်း ရှိတယ်။ အဲဒါနဲ့ ဒီလ (၃၀) ရက်နေ့၊ မနေ့ကပေါ့ ရွာလူကြီးတွေ စုပြီး သွားပို့ ပေးလိုက် ရပြီ။ အားလုံး (၁၈) ယောက်။”

မြန်မာပြည်မှ တရုတ်ပြည်နယ်စပ် နောင်တောင်းမြို့သို့ ၀င်ထွက်သွားလာရာ လမ်းကြောင်း ပေါ်ရှိ နောင်မွန်းကျေးရွာ လမ်းဆုံတွင် ယခုလ(၁ ၇) ရက်နေ့က KIA တပ်ဖွဲ့ဝင်များ အင်အားသစ် စုဆောင်းခဲ့ရာ လူငယ် (၆၅) ဦးအား ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား ကျေးရွာအလိုက် ကိုယ် ရေး ရာဇ၀င်အကျဉ်း ကောက်ယူခဲ့သည်။

အဖမ်းခံရသူများ ထိုညက ပြန်လည်ထွက်ပြေး လွတ်မြောက်သွားခဲ့ရာ ၎င်းတို့နေထိုင်သည့် ကျေးရွာများမှ တစ်ရွာတယောက်နုန်း အင် အား သစ် ထည့်ဝင်ရမည်ဟု KIA တပ်ဖွဲ့က အကြပ်ကိုင် တောင်းဆိုခဲ့ကြောင်း မန်ဝိန်းကြီး ဒေသခံက အခုလို ပြောဆိုသည်။

“ရွာလူကြီးတွေကို လာပြောတယ်။ ထွက်ပြေးသွားတဲ့ သူတွေကို ပြန်ခေါ်ပေးပါ။ မခေါ်ပေးရင် သူတို့ မိဘတွေကို ခေါ်ထားရမယ် ဘာညာဆိုပြီး ပြောလာတယ်။ ရွာလူကြီးတွေကလည်း ခေါ်လို့မရဘူးထင်တယ်။ သူတို့ဘယ်ကို ထွက်ပြေး မှန်း ကျနော်တို့လည်း မသိဘူးလေ။ အိမ်ကိုလည်း ပြန်မလာဘူးလို့ ပြောပြတာပေါ့။ နောက်ဆုံး တရွာတယောက် ပေးရမယ်တဲ့။ မပေးလို့မရဘူးပေါ့။ တရွာတယောက် ပေးပြီးမှပဲ အဲဒီထွက်ပြေး သွားတဲ့ သူတွေ သူ့ရွာ ကိုယ့်ရွာ ပြန်လာနေလို့ရမယ်လို့ ပြောတယ်။”

ရှမ်းတိုင်းရင်းသား ကျေးရွာများဖြစ်သည့် ကွတ်လုံ၊ ကွန်းခမ်း၊ ပန်ခမ်း၊ နောင်မွန်း၊ မန့်လယ်တိုက်၊ နမ့်မဟီး၊ ဆွန်ဖား၊ နောင်ကျွန်း၊ ၀မ့်စန့်၊ ဟို ဟင်၊ ဖာစန့်၊ နောင်နွမ်၊ နောင်နုတ်၊ နားလုံ၊ မန်ဝိန်းကြီး၊ မန့်မွမ်း၊ မန့်ဟွေ့၊ မန့်မိုင် စသည့် ကျေးရွာများမှ ပို့ပေးရခြင်း ဖြစ်သည်။

ယင်းတို့အနက် ဖာစန့်၊ နောင်နုတ်နှင့် မန်ဝိန်းကြီး ကျေးရွာများတွင် မြန်မာ အစိုးရတပ်များ အခြေစိုက်ထားသော်လည်း မကြာခန ဆိုသ လို KIA တပ်ဖွဲ့ဝင်များ ၀င်ထွက်သွားလာ မှုရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့ဝင်များ အခြေစိုက်ရာ ပန်ခမ်း ဂိတ်သို့ ဖြတ်သန်း သွားလာသည့် ခရီးသည်များအား KIA က ဖမ်းဆီး၍ အင် အားသစ် စုဆောင်းနေကြောင်း မူဆယ် ဒေသခံများက ပြောသည်။ သို့သော် အသက် (၁၆) နှစ်အောက် ကလေးငယ်များနှင့် တရုတ် လူမျိုး များကိုမူ ဖမ်းဆီးခြင်း မရှိကြောင်း သိရသည်။

ယင်းကိစ္စ KIA တပ်ဖွဲ့၏ ဦးဆောင် ပါတီဖြစ်သော ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သော် လည်း ဆက်သွယ်၍ မရခဲ့ပါ။

သို့သော် KIA က အင်အားသစ် စုဆောင်းမှုများ ပြုလုပ်နေခြင်းသည် အစိုးရတပ်မှ KIA အပေါ် ထိုးစစ်ဆင်မှု၏ အကျိုးဆက်ဖြစ်ပြီး အကယ်၍ တိုက်ပွဲများ ပြန်လည် ငြိမ်သက် သွားပါက ယင်းကိစ္စများ ပျောက်ပျယ်သွားလိမ့်မည်ဟု KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က သတင်းနှင့်မီဒီယာ ကွန်ယက် သတင်းဌာန (NMG) သို့ ပြောဆိုခဲ့ဘူးသည်။

KIA နှင့် အစိုးရတို့ (၁၇) နှစ်ကျော် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ရာ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လဆန်းမှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အချိန် (၁) နှစ်ကျော် ကာလ အတွင်း နှစ်ဖက် ကိုယ်စားလှယ်များ အကြိမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း ယနေ့ထိ ပြေလည်မှု မရ သေးပါ။

နှစ်ဖက် တိုက်ပွဲများအတွင်း အစိုးရတပ်နှင့် KIO တို့ အင်အားသစ် စုဆောင်းမှုအပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေ ကြောင်း တဖက်နှင့်တဖက် အပြန်အလှန် စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။

0 ကွန်မန့်ရေးရန်:

Post a Comment