Wednesday, August 8, 2012

Facebook ရှယ်ယာများ အနိမ့်ဆုံးရောက်ရှိ



By Net Guide Journal
Facebook သည် ၎င်းတို့ လူမှုရေးဝက်ဘ်ဆိုက်ကို အများပိုင်အဖြစ် ပြောင်းလဲခဲ့ပြီးနောက် မေလ ၁၈ ရက်တွင် နောက်ဆုံး သတ်မှတ်ထားသော ရှယ်ယာတစ်ခု တန်ဖိုးမှာ ၃၈ ဒေါ်လာဖြစ်သော်လည်း နောက်ဆုံး ထွက်ပေါ်လာသော တစ်ပတ်အတွင်း ရှယ်ယာ ပိတ်သိမ်းပြီးတန်ဖိုးမှာ ဒေါ်လာ ၂၃.၇၁ သာ ရှိတော့သည့်အတွက် အနိမ့်ဆုံး အနေအထားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

Facebook အနေဖြင့် ပြီးခဲ့သည့် ဧပြီလမှ ဇွန်လအထိ အရှုံးငွေပေါင်း ဒေါ်လာ ၁၅၇ သန်းအထိ ရှိနေပြီဟု ကြေညာထုတ်ပြန်ပြီး တစ်ရက်အကြာမှာပင် ထိုကဲ့သို့ ရှယ်ယာဈေးနှုန်းများ ကျဆင်ခဲ့ခြင်းဖြစ်သည်။

ဒုတိယ ၃ လပတ်အတွက် ကြေညာသည့် Facebook ၏ ဝင်ငွေ ပမာဏမှာ ဒေါ်လာ ၁.၁၈ ဘီလီယံအထိ မြင့်တက်ကာ ရာခိုင်နှုန်းအနေဖြင့် ၃၂ ရာခိုင်နှုန်း ရှိခဲ့သော်လည်း အဆိုပါ ပမာဏမှာ ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်ထားသည့် ပမာဏအောက်မှာပင် ရှိနေခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ရှယ်ယာဈေးနှုန်းများ ကျဆင်းခြင်းကြောင့် Facebook ပိုင်ရှင်ဖြစ်သူ CEO Mark Zuckerberg မှာ ကမ္ဘာ့ဘီလီယံနာများစာရင်းမှ အဆင့်လျော့ကျခဲ့ရသလို ၎င်း၏ စုစုပေါင်း အသားတင် ချမ်းသာမှု ဒေါ်လာ ၁၃.၇ ဘီလီယံမှ ဒေါ်လာ ၁.၆ ဘီလီယံ ဆုံးရှုံးသွားခဲ့ရသည်။

သို့ရာတွင် Mark Zuckerberg မှာ IPO အဖြစ် ပြောင်းလဲပြီးနောက်မှာပင် ၎င်း၏ ရှယ်ယာများထဲမှ ၃၀.၂ သန်း ပမာဏအထိ ရသည့် ရှယ်ယာများကို တစ်စုလျှင် ဒေါ်လာ ၃၇.၅၈ နှုန်းဖြင့် ရောင်းချခဲ့ရာ၌ ဒေါ်လာ ၁.၁ ဘီလီယံပမာဏ ဝင်ငွေ တိုးပွားသွားခဲ့သည်။

လက်ရှိတွင် Facebook လစဉ် အသုံးပြုသူ အရေအတွက်မှာ ၉၅ သန်းအထိ ရှိသော်လည်း fake profiles များ ရှိနေသည်က မေးခွန်းထုတ်စရာရှိသလို mobile device မှ နေ့စဉ် log in ဝင်ရောက်သူမှာလည်း နှစ်အလိုက် ၅၄၃ သန်းအထိ ရှိသော်လည်း မိုဘိုင်းမှအမြတ်ရရေးမှာ ခေါင်းစားစရာ issue တစ်ခုဖြစ်လျက် ရှိသည်။

0 ကွန်မန့်ရေးရန်:

Post a Comment