Sunday, August 5, 2012

မလေးရှားနိုင်ငံ ကူလင်းမြို့ တမန်ချန်ဂိုင်တွင် မြန်မာလုပ်သားများ အလုပ် လုပ်နေသော (ဂက်စ်)စက်ရုံ မီးလောင်ပေါက်ကွဲမှုဖြစ်ပွား

         ယမန်နေ့ ၄ ရက် ၈ လ ၂၀၁၂ ခုနှစ်တွင် မလေးရှားနိုင်ငံ ကူလင်းမြို့ တမန်ချန်ဂိုင်တွင် မြန်မာလုပ်သားများ (ဂပ်စ်) စက်ရုံတွင်  မတော်တဆ မီးလောင်ပေါက်ကွဲမှု တခု နံနက် ၃ နာရီ ၂၀ မိနှစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ မလေးရှားနိုင်ငံမှ မီးသတ်ယဉ်များ
အချိန်မှီ လာရောက် မီးများကိုငြိမ်းစေခဲ့ပါတယ်လို့ သိရပါတယ်။  အမြန်မာလုပ်သား ၇ ဦးအနက် ၅ ဦးမှာ မီးလောင်ဒဏ်ရာများဖြင့်  မြင်မကောင်းစွာ ဝေဒနာကို ခံစားနေရကြောင်း သိရပါတယ်။ အချိန်မှီ မလေးရှားမှ အရေးပေါ်လူနာတင်ယဉ် ရောက်ရှိလာပြီး ဆေးရုံသို့
အချိန်မှီပို့ဆောင်ပေးခဲ့သည်ဟုသိရပါတယ်။
          ဒဏ်ရာရရှိသူ ၅ ဦးအနက် ၁ ဦးမှာ အခြေအနေ ဆိုးရွားနေကြောင်း ကိုလွတ်မြောက်လာသူ ၂ ဦးမှ ပြောကြားခဲ့ပါတယ်။ ယင်းဒဏ်ရာ
ရရှိထားသော မြန်မာလုပ်သားများကို မလေးရှားမှ တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရန် စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။
၎င်းမြန်မာ လုပ်သားများမှာ ပါမစ်မရှိသော မြန်
မာအလုပ်သမားများဖြစ်ကြသည်။
          သိရှိရသည်များကို ထပ်မံတင်ပြပေးသွားမည်ဖြစ်သည်။
                                                                                        သတင်းပေးသူ  မီးလောင်ပေါက်ကွဲရာမှ လွတ်မြောက်လာသူ ၂ ဦး
ထံမှသိရှိရသည်

0 ကွန်မန့်ရေးရန်:

Post a Comment