Sunday, August 5, 2012

မိန်းကလေးများဘဝကိုတန်ဖိုးထားကြပါ

          ဒီတစ်ခါအကြောင်းအရာလေးကတော့ သူငယ်ချင်းများကိုသိစေချင်လွန်းလို့ ကြားဖူးနားဝရှိတာလေးကိုမျှဝေပေးလိုက်ပါတယ်...
တစ်ခါက ရွာလေးတစ်ရွုာကနေ မြို့မှာတက္ကသိုလ်လာတက်တဲ့ သစ်သစ် ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်...အဲဒီကောင်မလေးက
ကျောင်းပြီးသွားတော့ တက်လမ်းမရှိတဲ့ရွာကိုမပြန်တော့ပဲနဲ့ အဲဒီမြို့မှာပဲ အဆောင်တစ်ခုမှာဆက်နေပြီး အလုပ်လုပ်နေခဲ့တယ်..
သူအရင်ကျောင်းတက်တုန်းကနေခဲ့တဲ့ အဆောင်ကလဲ ရောင်းလိုက်ပြီဆိုတော့ သူ့မှာအဆောင်အသစ်တစ်ခုကိုပြောင်းခဲ့ရတယ်...အတူတူ
တက်ခဲ့တဲ့ သူငယ်ချင်းတွေကလဲ ပြန်ကုန်ကြပြီဆိုတော့ သူ့မှာအဲဒီအဆောင်သစ်မှာ ရှိတဲ့ကောင်မလေးတွေကိုပဲ သူငယ်ချင်းလုပ်ခဲ့ရတယ်..
ဝမ်းရေးအခက်အခဲကလဲရှိနေတော့ အလုပ်တစ်ခုတည်းနဲ့ အဆင်မပြေဖြစ်တဲ့ သစ်သစ်ဟာအဆောင်မှာ ကောင်မလေးတွေလဲ ဖုန်းပြောရ
အဆင်ပြေအောင် သူလဲဝင်ငွေရအောင်ဖုန်းငှားတဲ့အလုပ်လဲလုပ်ခဲ့တယ်...အဲဒါနဲ့ သူ့ဖုန်းနံပါတ်ဟာ အဆောင်သူတွေနဲ့သက်ဆိုင်တဲ့
သူတွေဆီကိုရောက်သွားပါတယ်...ဇာတ်လမ်းကဒီလိုကနေ စပါတယ်...အဲလိုဖုန်းနံပါတ်ပေးတဲ့အထဲမှာ အဲဒီအဆောင်က မိန်းကလေးတစ်
ယောက်ကသူ့အစ်ကိုဝမ်းကွဲဆိုပြီး သစ်သစ်ရဲ့ဖုန်းနံပါတ်ကိုပေးလိုက်ပါတယ်...အဲဒီလူကလဲ သစ်သစ်ဆီညတိုင်းဖုန်းဆက်ပြီး
သူ့ညီမကိုခေါ်ပေးဖို့ပြောပြီး ဖုန်းလှမ်းလှမ်းဆက်ပါတယ်...ဘယ်
လိုရေစက်မှန်းတော့မသိပါဘူး  သစ်သစ်တစ်ယောက် အဲဒီလူဖုန်းလာလို့
အသံကိုကြားတုန်းကတော်တော်အမြင်ကတ်နေခဲ့ပါတယ်....ဒါပေမယ့်လို့ သူ့ရဲ့စီးပွားရေးလိုဖြစ်နေတော့ ဖုန်းလဲချမပစ်ပဲညတိုင်းအဲဒီလူအသံ
ကိုနားမထောင်ချင်လဲ ကြားနေရပါတယ်..တစ်နေ့မှာတော့ အဲဒီလူရဲ့ညီမက သစ်သစ်ကိုသူ့အစ်ကိုက သစ်သစ်အသံကြားပြီးကြိုက်နေကြောင်း
ယောင်းမတော်ချင် ကြောင်းစပါတယ်..သစ်သစ် အစပိုင်းမှာတော်တော် ဒေါသထွက်သွားပါတယ်...ဒါပေမယ့် ဇွဲမရှော့ပဲနေ့တိုင်းနီးပါး
နားသွင်းနေတော့တာပါပဲ...သစ်သစ်လဲကြာတော့ စိတ်ယိုင်လာပါတယ်..သူကလဲညဘက်ဖုန်းဆက်ရင် သူ့ညီမနဲ့တောင် မပြောပဲ
သစ်သစ်နဲံ့ပဲစကားပြောနေပါတော့တယ်..ချပစ်လဲဇွဲကောင်းစွာနဲ့ပေါ့...သစ်သစ်လဲ သူ့ညီမကို နင့်အစ်ကိုကသာကြိုက်တယ်ြေါ့ပာတာ
ငါကသူ့ကိုမြင်ဖူးတာလဲမဟုတ်ဘူး သူ့အကြောင်းကိုလဲသေချာသိတာမဟုတ်ပဲ ဘယ်လိုပြန်ကြိုက်ရမလဲလို့မေးလိုက်ပါတယ်..အဲဒီမှာတင်
အဲဒီကောင်မလေးက အစ်မကိုသမီးက မဟုတ်တဲ့သူနဲ့စပါ့မလား...သမီးအစ်ကိုနဲ့သဘောတူလို့ပြောတာပါ..စသဖြင့်ယုံလောက်အောင်
ပြောနေတော့ အစတည်းကစိတ်ယိုင်နေတဲ့သစ်သစ် အဲဒီလူနဲ့နောက်ပိုင်းမှာ ချစ်သူဖြစ်ခဲ့ပါတယ်..ချစ်သူဖြစ်ပြီး အဲဒီလူကသူ့ညီမကတစ်ဆင့် လက်ဆောင်တွေပေးခဲ့ပါတယ်..မာနကြီးတဲ့သစ်သစ်ဟာ သူပေးတဲ့လက်ဆောင်တွေကို တစ်ခုမှလက်မခံ
ခဲ့ပါဘူး...ပြီးတော့အပြင်မှာတွေ့ဖို့ချိန်းခဲ့တာကိုလည်း သစ်သစ်တစ်ယောက် သွားရကောင်းနိုး မသွားရကောင်းနိုးနဲ့ တကယ်တမ်းမသွားဖြစ်ခဲ့ပါဘူး...ကြာလာတော့ အဲဒီလူလဲသစ်သစ် ကိုမဆက်သွယ်တော့ပါဘူး...သံယောဇဉ်တွယ်နေပြီဖြစ်တဲ့သစ်သစ်
ဟာအဲဒီတော့မှ အဲဒီလူအကြောင်းကို သူနဲ့မြို့တူတဲ့သူတို့အလုပ်ထဲက လူဆီမှာ စုံစမ်းခဲ့ပါတယ်..အဲဒီတော့မှ အဖြစ်မှန်တွေကို သိခဲ့ရတာပါ..အဲဒီလူရဲ့ညီမဝမ်းကွဲဆိုတာက သူထောက်ပံ့ပေးထားတဲ့မိန်းကလေးဖြစ်နေပါတယ်..အဲဒီလူမှာ မိန်းမနဲ့ကလေးနဲ့လဲ ရှိနေခဲ့ပါတယ်..သူဟာညီမဝမ်းကွဲလို့လိမ်ထားတဲ့ကောင်မလေးဆီက သစ်သစ်စီးပွားရေးအဆင်မပြေတာတွေ အနေအေးပြီးရည်းစား
မရှိတာတွေကိုသိတော့ သစ်သစ်ကို ပစ္စည်းနဲ့မျှားပြီး ဖျက်ဆီးဖို့ကြံရွယ်ခဲ့တာပါ..ဒါပေမယ့်သစ်သစ် ရဲ့မာနက သစ်သစ်ကိုကယ်ခဲ့တာပါပဲ..
သူပေးသမျှကိုလဲမယူ သူချိန်းသမျှကိုလဲ မသွားတော့ သူတွေ့ခဲ့တဲ့မိန်းကလေးတွေနဲ့ မတူဘူးဆိုတာသိလို့ နောက်ဆုတ်သွားတာပါ..
မိန်းကလေးများအားလုံးလဲသတိထားသင့်ပါတယ်..ပစ္စည်းဥစ္စာဆိုတာ ဘယ်လောက်ပဲတန်ဖိုးကြီးကြီး မိန်းကလေးတစ်ယောက်ရဲ့ဘဝ
ထက်ပိုပြီးတန်ဖိုးမကြီးနီုင်ပါဘူး...ဒါကြောင့်မိန်းကလေးတွေအနေနဲ့ ကိုယ့်ဘဝကိုယ်တန်ဖိုးထားတတ်ကြတဲ့သူတွေ ဖြစ်ပါစေလို့ဆုတောင်း
ပေးလိုက်ပါတယ်...
    

0 ကွန်မန့်ရေးရန်:

Post a Comment