Sunday, August 5, 2012

အဆိုတော် အီတိုးတို့ရဲ့ အိမ်ထောင်ရေး ဘာဖြစ်သွားတာလဲ


 
ဓာတ်ပုံ- myanmarcelebrity.com

မြန်မာနိုင်ငံက ရော့ခ် အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ သားဖြစ်သူ အဆိုတော် အီတိုး ခေါ် ကိုဝင်းထွဋ်သော်တာ ဟာ ဒေါ်မြင့်မြတ်သူနဲ့ ပေါင်းသင်းနေထိုင်စဉ်မှာ ခွင့်မလွှတ်နိုင်စရာတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့လို့ အခု
တော့ ဒေါ်မြင့်မြတ်သူက တရားရုံး တက်ကာ ကွားရှင်းလိုက်ကြပါတယ်။

ဒါကြောင့်ပဲ ဇူလိုင်လ ၃၁ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ကွာရှင်းပြတ်စဲကြောင်း ကတိလက်မှတ်တွေ အသီးသီး ရေး ထိုးပြီးကြောင်း၊ ဒေါ်မြင့်မြတ်သူရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေမယ့် အပြောအဆိုအပြုအမူများ မလုပ်ဖို့ သူ့ ရှေ့နေက ဒီက နေ့ သတင်းစာထဲမှာ ကြော်ငြာထည့်ထားတာပါ။


ဘာကြောင့် ဘာတွေဖြစ်တယ်ဆိုတာ အသေးစိပ်မပြောထားပေမယ့် သူတို့ ၂ ဦးမှာ သားလေး တဦး ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ကမှ သားဦးလေးကို ဖွားမြင်ခဲ့ကြတာပါ။

၂၀၀၈ ခုနှစ် အောက်တိုဘာလက ခြိမ့်ခြိမ့်သည်း မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြတာပါ။

အဲဒီတုန်းက မင်္ဂလာ ဘိသိက်သွန်းပွဲ နှင့် မော်ကွန်းတင် လက်မှတ် ရေးထိုးပွဲကို အောက်တိုဘာ လ ၂၁ ရက်နေ့ မနက် ၁၁ နာရီက ရန်ကုန်မြို့၊ ဆူးလေ ဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပခဲ့တာလည်း ဖြစ် ပါတယ်။

ရန်ကုန်မြို့၊ အမှတ်-၉၊ န၀ဒေးလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်နေ ဦးဇော်ဝင်းထွဋ် (EMPEROR MUSIC GROUP) နှင့် ဒေါ်မေခိုင်အုန်း တို့ရဲ့ သားငယ် ၀င်းထွဋ်သော်တာ(ခ) အီတိုးနဲ့ ရန်ကုန်မြို့၊ အမှတ်-၁၊ သီရိရတနာလမ်း၊ ဘောက်ထော် ၁၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်နေ ဦးနေ၀င်းထွန်း (ဥက္ကဌ RUBY DRAGON COMPANIES) နှင့် ဒေါ်နန်းအေးအေးမြင့် (ဒါရိုက်တာ RUBY DRAGON COMPANIES) တို့ရဲ့ သမီးဖြစ်သူ မြင့်မြတ်သူ တို့ရဲ့ မင်္ဂလာပွဲကို အီတိုး ရဲ့ အဘွားဖြစ်တဲ့ အဆိုတော် ထားက အတိုင်းမသိ အခါတော် အမည်ရ တေးသီချင်းနဲ့ သီကျူး ပေးခဲ့ပါတယ်။

ထားသီဆိုမှုမှာ တီးခတ်ပေးခဲ့တာက အလင်္ကာ ၀တ်ရည် မြန်မာသံ တေးဂီတ အဖွဲ့ပဲ ဖြစ်ပါတယ်။

အခုတော့ ဘာတွေ ဖြစ်ကုန်ကြတယ် မသိပါဘူး။

from The Irrawaddy's Blog by အိမ့်သံစဉ်

0 ကွန်မန့်ရေးရန်:

Post a Comment