Sunday, August 5, 2012

*ဒေါ်လာငွေစက္ကူအတု ၂ဒသမ ၃သန်းပီရူးရဲတပ်ဖွဲ့ သိမ်းဆည်းရမိ**




ပီရူးရဲတပ်ဖွဲ့သည် အမေရိကန်ဒေါ်လာအတု ၂ဒသမ ၃သန်းကို သိမ်း ဆည်းရမိကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သြဂုတ် ၁ရက်တွင် သတင်း ထုတ်ပြန်သည်။ပီရူးနိုင်ငံမှ မိသားစုတစ်စုသည် အမှတ်တရပစ္စည်းများအတွင်း ဒေါ်လာငွေအတု များကို သိုဝှက်ကာ အမေရိကန်နိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းနိုင်ရန် စီစဉ်ခဲ့ ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ရာအူးလ်ဆာလာဇာက ပြောကြားသည်။ ပီရူးနိုင်ငံမှ ရိုဒရစ်အမည်ရှိ မိသားစုသည် အမေရိကန်ဒေါ်လာ ၅၀ တန်ငွေ စက္ကူများကို အတုပြုလုပ်မှုအတွက်တာဝန်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ပီရူးနိုင်ငံ မြို့တော်လီမာတွင် ငွေစက္ကူအတုပြုလုပ်ရာ၌ အသုံးပြုသော ပစ္စည်း ကိရိယာများကို သိမ်းဆည်းရမိခဲ့သည်။ရိုဒရစ်မိသားစုမှ မိသားစုဝင် အချို့ သည် ငွေစက္ကူအတုများနှင့်အတူ ဇူလိုင်လလယ်က အဖမ်းခံခဲ့ကြရကြောင်း ပီရူး တိုင်းမ်သတင်းစာက ရေးသားဖော်ပြသည်။ငွေစက္ကူအတုများကို မှောင်ခိုတင် သွင်းနိုင်ရန် ကြိုးပမ်းမှုများတွင် အသက်(၁၃)နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်ကြောင်း သတင်းစာတွင် ဖော်ပြသည်။ (အင်တာနက်)

0 ကွန်မန့်ရေးရန်:

Post a Comment