Sunday, August 5, 2012

ဒေါ်စု ကော့မှူးတွင် လယ်သမားများနှင့် ဆွေးနွေး


နေလင်းအောင်

လယ်ယာမြေ အသိမ်းခံရမှု၊ လယ်မြေများ ရေနစ်မြုပ်မှုနှင့် လယ်သမားများ လယ်ယာလုပ်ငန်း ဆိုင်ရာ အသိပညာဖွံဖြိုးမှု အစရှိသည့်အ ကြောင်း များကို ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကော့မှူးမြို့နယ် ခရီးစဉ်တွင် တောင်သူလယ်သမားများနှင့် ဆွေးနွေးခဲ့ကြောင်း ဆွေး နွေးပွဲပါဝင်သူများက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒ နယ်မြေ ကောမှူးမြို့နယ်သို့ သောကြာနေ့ ကသွား ရောက်ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ မိုးစပါး စိုက်ပျိုးမှု အခက်အခဲများကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ဆည်မြောင်းနဲ့ သက်ဆိုင်တာတွေကို ဆည်မြောင်းနဲ့ ဆွေးနွေးပေးမယ်။ သက်ဆိုင်တဲ့ အကြောင်း အ ရာပေါ် မူတည်ပြီး သက်ဆိုင်တဲ့ ဌာန ကို ဆွေးနွေးပေးမယ်လို့ ပြောပါတယ်” ဟု ဟု ဒေါ်အောင်ဆန်းစုကြည်က လယ်သ မား များအား ကတိပြုပြောကြားချက်များကို ကိုးကား၍ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ညောင်ပင်သာရွာမှ ဦးသိန်းလွင် က မဇ္ဇျိမကိုပြောသည်။

ဘုန်းတော်ကြီးကျောင်းတခုတွင် ကျင်းပသည့် ယင်းဆွေးနွေးပွဲသို့ ဝါးပလောက်သောက်၊ ထန်းမနိုင်၊ ကမာပတ်၊ ဖယုံချောင်၊ ညောင်ပင် သာ ရွာ စသည့် ကျေးရွာများမှ တောင်သူသုံးဆယ်ခန့် တက်ရောက် သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် တောင်သူများ ရေကြီးရေလျှံ အခက်အခဲများအတွက် ကော့မူးမြို့နယ် ဆည်မြောင်းဦးစီးရုံးမှ ဦး စီး အရာရှိ ဦးဆန်းလွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မူးမြို့နယ် NLD လူငယ်များနှင့်လည်း တွေ့ဆုံ၍ ပါတီအတွင်း လှုပ်ရှား ဆောင်ရွက်မှု ဆိုင် ရာ ကိစ္စ့ရပ်များ ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ရွေးကောက်ပွဲပြီးနောက် ၎င်း၏မဲဆန္ဒနယ်အား အနည်းဆုံး သုံးကြိမ် သွားရောက် ၍ ဒေသခံများနှင့် တွေ့ဆုံကာ အခက်အခဲနှင့် လိုအပ်ချက်များကို လေ့လာခဲ့သည်။

ဇူလိုင်လ ၅ ရက်နေ့က သွားရောက်စဉ် ဒေသခံ ၃ဝဝ ကျော်နှင့် တွေ့ဆုံကာ ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ် စစ်မီး၊ ချေးငွေ၊ အလုပ်အကိုင် ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများနှင့် ပတ်သက်၍ တင်ပြချက်များကို ဆွေးနွေးခဲ့သည်။

မြန်မာနှစ်ဆန်း တရက် (ဧပြီလ ၁၇ ရက်)နေ့ကလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကျပ်ငွေ သိန်း ၃၀၀ အားကော့မှူးမြို့နယ်မှကျေးရွာ များ သို့ ကံစမ်းမဲများ ဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လှူဒါန်းခဲ့သေးသည်။

0 ကွန်မန့်ရေးရန်:

Post a Comment