Tuesday, August 28, 2012

မုတ်သုံမီးတောင်ပုံစံဟိုတယ် ခရီးသွားများကို ဆွဲဆောင်


ချီလီနိုင်ငံ တောင်ပိုင်း LosRiosရှိ ဟူလိုဟူလိုဒေသမှ ဧကသုံးသိန်းကျော်ကျော် ကျယ်ဝန်းသည့် သဘာဝမုတ်သုံတောအတွင်းတွင် မီးတောင်ပုံစံ မွန်တာနာမာဂီကာခေါ် ဟိုတယ်ကခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ အဆိုပါဟိုတယ်လေးကို သဘာဝ မီးတောင်ငယ်ပုံစံ တည်ဆောက်ထားပြီး ချော်တုံးချော်ခဲများ စီးဆင်းရာ လမ်းကြောင်းလေးအဖြစ် စမ်းချောင်းလေးတစ်ခုကိုများ စီးဆင်းရာ လမ်းကြောင်းလေးအဖြစ် စမ်းချောင်းလေးတစ်ခုကို ဖန်တီးထားသည်။ ထို့ပြင် ပြတင်းပေါက်များကို ရေညှိများ၊ နွယ်ပင်များဖြင့် အလှဆင်ထားသည်။ ထိုမွန်တာနာမာဂီတာ ဟိုတယ်လေးသည် ဧည့်သည်များတည်းခိုနိုင်ရန် အခန်းပေါင်း ၁၃ခန်းဖြင့် တည်ဆောက်ထားသည်။လာရောက်တည်းခိုကြသည့် ဧည့်သည်များသည် ရံဖန်ရံခါ၁၃လက်မအရွယ်ရှိ Pudaသမင်ဟင်းလျာများကို စားသုံးခွင့်ရရှိကြသည်။
Pudaသမင်များသည် ကမ္ဘာပေါ်တွင် အသေးဆုံးသမင်များ ဖြစ်ပါသည်။ ဟိုတယ်ဝန်းကျင်တွင် တောတွင်းဂေါက်ကွင်း ငယ်လေးများစွာတည်ရှိပြီး ထိုဒေသသည် တောင်အမေရိကတိုက်တွင် အကျယ်ပြန့်ဆုံး နေရာတစ်နေရာ ဖြစ်ပါသည်။ဟိုတယ်နံဘေးတွင် ဖန်တီးထားသည့် ရေတံခွန်လေး၏ ရေစီးကျသံများ
ကို နားဆင်ပြီး ညစာသုံးဆောင်နိုင်ရန် စီစဉ်ထားသည်။ဟိုတယ် ၀န်ဆောင်ခသည် တစ်ညလျှင် ယူရို၁၅၀ မှ ၂၆၀ နှုန်းရှိပြီး လာရောက်တည်းခိုချင်သူများ များပြားလျက်ရှိသည်။ ဟိုတယ်သို့ လာရောက်တည်းခိုသူများကို ခြေကျင်သွားလာမှု တစ်မျိုးတည်းသာ ခွင့်ပြုကြောင်း သိရှိရသည်။
http://luckymyotaw.wall.fm/forum/11  (နိုင်ငံတကာသတင်း)

0 ကွန်မန့်ရေးရန်:

Post a Comment