Tuesday, August 28, 2012

မလေးရှားရောက် မြန်မာမိတ်ဆွေများ ဖတ်ပေးကြပါ..

.
ခု..ညီက မလေး၇ှား( မာဂျူးဂျာရာ..ပူချုန်းမြို့မှာပါ) ခုဆားဗားနဲ့ မြန်မာတွေ သတ်ပွဲဖြစ်နေတယ်.... ပြောရရင် ၂၁ရက်နေ့ ညဦးပိုင်း ( နာ၇ီ ၈နာရီ ခွဲလောကမှာ ဆားဗားကောင်တွေက အရက်မူးပြီးဟိုသူ့ လိုက်ရန်ရှာ .ဒီသူ့  လိုက်ရန်၇ှာနဲ့ ...မြန်မာတချို နဲ့ တွေ့ တော့ ရန်၇ှာတာကနေ ထိုးပွဲဖြစ်ရောဆိုပါတော့ ...စစချင်း မြန်မတယောက်တော်တော် အထိုးခံထိလိုက်တယ်လို့ ပြောကြတယ်...အဲခဏနေတော့ ...နောက်မြန်မာတယောက်ကိုရစ်ပါလေရော ရစ်ပြီးတော့ ထိုးလွှတ်လိုက်တယ်တဲ့  အဲမြန်မာကောင်ကလည်း သူ့ အိမ်က သူသူငယ်ချင်းတွေကိုခေါ်ပြီး အဲ ဆားဗားကောင်တွေကို ဝိုင်းဖဲ့တာ တယောက်ပဲပိတ်မိပြီး အဲတယောက်ကို မြန်မာတွေတော်တော်များများက ဝိုင်းဖဲ့ ဝိုင်းထိုးကြတာ...အတော်ကြာတော့ ရဲကားရောက်လာတော့ ထိုးတဲ့ မြန်မာတွေ ပြေးရော ဆိုပါတော့ အဲ အဆက်က နောက်ရက်ရောက်တော့(၂၂)ရက်နေ့ မှာ ဆားဇားကောင်တွေတ်ေတော်များများ ကားတွေ ဆိုင်ကယ်တွေနဲ့  ရောက်လာကြတယ်တဲ့ ...( ပြောရဦးမယ် ညီတို့ နေတဲ့ မားဂျူးဂျာရာ( ပူချုန်း) မှာကညနေခင်း အလုပ်ပြန်လာကြတာနဲ့  မြန်မာအတော်များများကပန်းခြံထဲမှာ ခြင်းခတ်..ဘောလုံးကန် လုပ်ကြတာ...အဲ ရန်ပွဲဖြစ်ပြီး နောက်နေ့  ( ၂၂) ရက်နေ့ ကြတော့ ဆားဗားကောင်တွေ ကားတွေဆိုင်ကယ်တွေနဲ့ ရောက်လာပြီ ပန်းခြံထောင့်ကနေ ဝိုင်းရှိုးနေကြတယ်တဲ့ ....အဲနေ့ ကဘာမှမဖြစ်လိုက်ဘူး ဖြစ်တာကေ နာက်နေ့ ( ၂၃ )ရက်နေ့ မှာပဲ.ညနေခင်း ၆နာရီလောက်မှာ ဒီကောင်တွေ အုပ်စုဖွဲပြီးရောက်လာကြတာ လူလေးဆယ်ထက်မနည်းဘူး ရဲကားတွေရော ရဲ ဆိုင်ကယ်တွေရော ဒါပေမဲ့ ရဲတွေက ဒီတိုင်းရပ်နေကြပြီးတော့အဲဆားဗားကောင်တွေက ထင်တဲ့ ကောင် ဝိုင်းရိုက်ဝိုင်းထိုးရဲလက်အပ်..လုပ်ကြတာ ( ဟင်န၇ီ) ဆိုတဲ့  ကရင် အကိုတယောက်ကို ဝိုင်းထိုး ဝိုင်းရိုက်ပြး ခေါ်သွားကြတယ် တလမ်းလုံး ခေါ်တဲ့ လျှောက်လုံးဝိုင်း ထိုး ဝိုင်းရိုက်ပြီး ရဲတွေဆီရောက်မှပ်လိုက်ကြတာ လူကတော့ မျက်နှာ တခုလုံး ရစရာကိုမကောင်းဘူးပေါ့ အဲပြီးတာနဲ့ မြန်မာလို့ ထင်တာနဲ့ ဝိုင်းထိုး ဆွဲခေါ်ရဲလက်အပ်လုပ်နေကြတာပဲအကို အဲ ၂၃ ရက်နေ့ ညနေခင်းမှာပဲ ( ဟင်န၇ီ) ကရင်.....(ကိုပု) အဲတယောက်က မော်လမြိုင်ထင်တယ်.. နောက် ဖူးကော့ ဆိုတဲ့စားသောက်ဆိုင်ကြီးနာက ငါးခေါ်င်းတရုတ်စားသောက်ဆိုင်မှာ လုပ်နေတဲ့  မြန်မာ၂ယောက်....ပါသွားတယ် ဘယ်လို ဆက်ဖြစ်သလဲ ဆိုတာ ခုထိသတင်းမကြားသေးဘူး ဆိုးတာက မနေ့ ည( ၂၄ )ရက်မှာပဲ မြန်မာအိမ်တွေလိုက်တက် မနေ့ ညကတော့ ညီသိသလောက် (ရခိုင်တွေနေတဲ့ အိမ်ကိုတက်ပြီး ဘာမပြောညာမပြောတံခါးချိုးဖျက်ဖွင့်ပြီး အဲမှာနေတဲ့ ရခိုင်တယောက်ကို ဝိုင်းရိုက်ပြီးလှေကားကနေ တရွတ်တိုက် ဆွဲခေါ်သွားကြတယ်တဲ့ ..... .တခြားတွေတော့ညီလည်း မသိဘူး ခုဆို ညီတို့ မြန်မာတော်တော်များများက ညဆို ကိုယ့် အိမ်မှာကိုယ်မအိပ်ရဲ လို့  တခြားနေရာတွမှာရွေ့ အိပ်နေကြကုန်ပြီ......ညီ နာမည်ဖိုးသားပါ...ခုဖြစ်နေတဲ့ မာဂျူးဂျရာမှာနေပါတယ်.... ဖြစ်နိုင်ရင် ဒီစာတွေကို မျှဝေပေးစေချင်ပါတယ်......ညီ့ မေးလ်က naingthutunn2@gmail.com

0 ကွန်မန့်ရေးရန်:

Post a Comment