Tuesday, August 28, 2012

သက်ဆင် မြန်မာ ပြည်မှာ အခြေစိုက် မယ် လို့  ထိုင်း မှာ သတင်း ထွက်နေ



၂၀၀၆ ခုနှစ် က ရာထူး မှာ ဖယ်ရှား ခံ လိုက်ရ တဲ့ ၀န်ကြီး ချုပ် ဟောင်း သက် ဆင်ဟာ မြန်မာ နိုင်ငံ မှာ အခြေစိုက် ပြီး ထိုင်း နိုင်ငံ တွင်း ပြန် လည် ၀င် ရောက် ရေး အတွက် စီစဉ် မယ် လို့  သက်ဆင် ကို ထောက်ခံ တဲ့ ရုပ်နီ အုပ်စု တွေ ကြား မှာ
သတင်းထွက်ပေါ်နေ ပါတယ်။

ဖွေ့ ထိုင်း ပါတီ က လွှတ်တော် အမတ် တစ်ဦး က လည်း လာမယ့် နိုဝင်ဘာ လ မှာ သက်ဆင် ဟာ မြန်မာ နိုင်ငံ ကို သွား ရောက် ဖို့  ရှိ တယ် လို့  ပြော ဆို မှု ကို ဘန်ကောက် ပို့ စ်သတင်း စာ ထဲ မှာ ဖော် ပြ ထား ပါတယ်။
သက်ဆင် ရဲ့  ထိုင်း နိုင်ငံ ကူး လက်မှတ် ကို အဘီဆစ် အစိုးရ လက်ထက် က ထိုင်း နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရိုမာ က ပယ်ဖျက် ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ လ အတွင်း ထိုင်း ဘုရင် ဘူမိဘော အဒူလျှာဒက် သက်တော် ၈၅ နှစ် ပြည့် ချိန် မှာ သူ့  ကို လွတ်ငြိမ်း ချမ်းသာ ခွင့် ပေး ပြီး ပြည်တော် ၀င် ဖို့  အတွက် မြန်မာ နိုင်ငံ မှာ တစ်ထောက် နား စခန် အဖြစ် နေ ထိုင် ပြီး ဆောင် ရွက် မှာ ဖြစ်တယ် လို့  ထိုင်း ရှပ် ၀ါ တွေ ကသုံး သပ် ကြ ပါတယ်။

နခွန်ဆ၀န် က ထိုင်း ရှပ်နီ ခေါင်းဆောင် တစ်ဦး ဖြစ် တဲ့ ဆူရီယာတ် ထာတ် က ” သက် ဆင် မြန်မာ နိုင်ငံ နဲ့  ဒူဘိုင်း တစ် လှည့် စီ အခြေ စိုက် ပြီး နေ ဖို့  များ တယ် ၊ ဒီတစ်ခေါက် သက်ဆင် မြန်မာ နိုင်ငံ မှာ ရှိ နေရင် ရှပ် နီ တွေ သွား တွေ့ ကြ မယ် ဟု FNG ကို ပြောသည်။

သက်ဆင် လိုလား တဲ့ ပွေ့  ထိုင်း ပါတီ က တော့ ” ယခင် အစိုးရ ဟာ တရား မျှ တမှု မရှိ ပါဘူး၊ သက်ဆင် နိုင်ငံ ကူး လက်မှတ် ကို ဖျက် သိမ်း ရင် သက် ဆင် ကို တရား စွဲ ဆိုထား တဲ့ အမှု တွေကို လည်း ဖျက် သိမ်း ရမှာ ပဲ ‘ လို့ ထောက် ပြ ပါတယ်။

ပြည်ပ မှ ခိုလှုံနေတဲ့ သက်ဆင် ဟာ မွန် တီ နီဂရိုး နိုင်ငံ ရဲ့  နိုင်ငံ ကူး လက်မှတ် ကို ကိုင်ဆောင်ထား ပြီး ဒူဘိုင်း ၊ မွန်တီ နီဂရိုး နဲ့  အရှေ့ ဥရောပ နိုင်ငံ တွေ မှာ လှည့် လည် နေ ထိုင် ခဲ့ ပါတယ်။

၁၉၉၅ ခုနှစ် သက် ဆင် နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေစဉ် မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  တို့  နှင့် သီးသန့် တွေ့ ဆုံခဲ့ဖူး ပြီး သူ ၀န်ကြီး ချုပ် အဖြစ် တာဝန် ထမ်းဆောင် ချိန် ၂၀၀၀ နှင့် ၂၀၀၄ ခုနှစ် များ တွင်ထပ်မံတွေ့ ဆုံ ခဲ့ သည်။

မြန်မာ စစ်ထောက် လှမ်း ရေး အကြီး အကဲ ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ၏ သားဖြစ်သူ ရဲ နိုင် ၀င်း ပိုင် ဆိုင် သည့် Bagan Cybertech လုပ်ငန်း များ တွင် သက်ဆင် က ငွေကြေးနှင့် နည်းပညာ အကူ အညီ ပေး ခဲ့ ပြီး ၊ ၂၀၀၄ ခုနှစ် တွင် မြန်မာ စစ်အစိုးရ ကို ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင် ရွက် မှု အစီအစဉ် အရ အမေရိကန် ဒေါ်လာ ၄၅ သန်း ခန့် ချေးငှား ခဲ့ သည်။

ပြီး ခဲ့ တဲ့ နှစ် ဒီဇင် ဘာ လ ၂၀ ရက်နေ့  က သက် ဆင် ဟာ မြန်မာ နိုင်ငံ ကို သူ့  ရဲ့  ကိုယ်ပိုင် လေယာဉ် နဲ့  လာရောက် ခဲ့ ပြီး မြန်မာ စစ်ခေါင်းဆောင် ဟောင်း ဗိုလ် ချုပ် မှုး ကြီး သန်း ရွှေ ကို လာရောက် တွေ့ ဆုံ ခဲ့ တယ် လို့  ထိုင်း သတင်း တွေ မှာ ဖော် ပြ ခဲ့ ပါတယ်။

http://freedomnewsgroup.com/2012/08/26/thaksin/

0 ကွန်မန့်ရေးရန်:

Post a Comment