Sunday, August 12, 2012

ကားတန်ဖိုး ၃၀ ရာခိုင်နှုန်း ပေးရုံဖြင့် ဂျပန်ကား စီးနိုင်ပြီ




by Flower News Journal |
ကားတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ပေးချေရုံဖြင့် ဂျပန်ကားများ ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း Farmer Auto ကားအရောင်းစင်တာမှ သိရသည်။

“ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဘဏ်မှာ ဘဏ်အကောင့် ဖွင့်ရမယ်။ ကားဝယ်မယ့်သူ အနေနဲ့ ကားတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ပေးသွင်းရုံနဲ့ သုံးရက်အတွင်း ကားပေးလိုက်မှာ ဖြစ်ပါတယ်” ဟု Farmer Auto ကားအရောင်းစင်တာမှ ဒေါက်တာစိုးထွန်းက ပြောသည်။

အဆိုပါ ကားဝယ်ယူခွင့်ကို ယခုလမှ စတင်ကာ စီစဉ်ပေးနေပြီး မူလတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ပေးသွင်းပြီးနောက် ကျန်ရှိသည့်ငွေကို ၁၂ ရစ်ခွဲ ပေးသွင်း ရမည်ဖြစ်သည်။

“ကားဝယ်မယ့်သူတွေအတွက် အခွင့်အရေးကောင်း တစ်ခုပေါ့။ ဒါပေမဲ့ အခုဆို ကားတွေက သူ့ထက်ငါ အပြိုင်တင်သွင်း ရောင်းချနေကြတော့ ဈေး ကတော့ ဒီ့ထက်ကျဦးမှာပဲ” ဟု ဟံသာဝတီ ကားဈေးကွက်မှ ကားဝယ်ရောင်းသမား တစ်ဦးက ပြောသည်။

“အဓိကတော့ လူလတ်တန်းစားတွေ အတွက် ဦးတည်ပြီး ၂၀၀၇ မိုဒယ်နဲ့ အထက် ဂျပန်ကားတွေ အပါအဝင် သိန်း ၁၀၀၊ ၁၅၀ ဝန်းကျင်ရှိတဲ့ ကားတွေကို ရောင်းချပေးသွားမှာပါ” ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

အဆိုပါ ကားအရောင်းစင်တာအနေဖြင့် ကားဟောင်းအပ်ခြင်း၊ ကားရောင်းချခြင်း အပါအဝင် မော်တော်ကားနှင့် ဆက်စပ်ပြီး ကားဝယ်လိုသူများကို အခမဲ့ ဆွေးနွေးပေးနေပြီး ဆက်သွယ်လိုသူများ အနေဖြင့် ဖုန်း - ၀၉-၇၃၂၅၂၄၃၇၊ ၀၉-၇၃၂၅၂၄၃၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

နှင်းကို (သာစည်)

0 ကွန်မန့်ရေးရန်:

Post a Comment