Sunday, August 12, 2012

စင်ကာပူပွဲမှာ ရရှိတဲ့ စင်ကာပူဒေါ်လာ တစ်သောင်းကို ရခိုင်ဒေသအတွက် လှူဒါန်းမယ့် ဖိုးချစ်


ဖိုးချစ်က Father Land Promotion ဖျော်ဖြေပွဲ အတွက် စင်ကာပူကို ဇူလိုင် လ ၂၈ ရက် နေ့ကသွားရောက်ခဲ့ပြီး သြဂုတ်လ ၁ရက်နေ့ မှာ ပြန် လည်ေ ရာက် ရှိ ခဲ့ပါတယ်။
ဖျော်ဖြေပွဲ ကို ဇူလိုင်လ ၂၉ ရက်နေ့ ၊ နေ့ခင်း ၂ နာရီမှ ည ၉နာရီ အထိ Singapore Poly Convention Centre မှာကပြခဲ့ပြီး ပရိ သတ် တစ်ထောင်ကျော်လောက် လာရောက်ကြည့်ရှုခဲ့ကြကြောင်း ပြော ပါတယ်။ စင်ကာပူ မှာ ရရှိခဲ့တဲ့ အနုပညာငွေကြေး များကို ရခိုင်ဒေသ အ တွက် လှူဒါန်း မှာဖြစ်ကြောင်း ကို ဖိုးချစ်က ”ကျွန်တော် တို့ လက်မှတ် တချို့ကို ရောင်းထားတယ်။

နောက်ပိုင်း ကျတော့ လက်မှတ် ကို လိုက်ပေးပြီး အလှူခံ ခဲ့ပါတယ်။ အဲဒီကနေ ရတဲ့ ကျွန်တော့်ရဲ့ အနု ပညာကြေးရယ်၊ ဆုချတဲ့ အနု ပညာကြေးရယ်၊ ရုံဝင် လက်မှတ်တွေ ထဲက ပိုက်ဆံရယ် စုစုပေါင်း စင်ကာပူ ဒေါ်လာ တစ်သောင်းလောက်ကို ရခိုင်ဒေသမှာရှိတဲ့ ဒုက္ခ သည်တွေကို လှူဒါန်းဖို့ ကြေညာ ခဲ့ပါတယ်” လို့ ဖိုးချစ် ကပြောပါ တယ်။

နိုင် ငံခြား မှာ မြန်မာ့ ဇာတ်သဘင် အနေနဲ့ ဖျော်ဖြေတာ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး အရင်က လူနည်း နည်းနဲ့ ပဲကပြ ခဲ့ရပေမယ့် အခုဇာတ် အဖွဲ့ သူ အဖွဲ့သား အယောက်၂ဝ လိုက်ပါဖျော်ဖြေ ခဲ့ကြကြောင်း၊ အော်ပရာ အစီအစဉ် ၃ခုနဲ့ နှစ်ပါးသွား ကပြခဲ့ကြောင်း၊ အမှတ်တရ တစ်ခု က တော့ ကရင်းနဲ့ ဇာတ်ရုံငှားထားတဲ့ အချိန်ပိုသွားတဲ့ အတွက် ၄၂၈ ဒေါ်လာ ထပ်ပေး ခဲ့ရကြောင်းပြောပြပါတယ်။

ဖိုးချစ်က စက်တင်ဘာလ မှာ အမေရိကကို ၁ လကြာဖျော်ဖြေရေး အနေနဲ့ သွားဖို့ရှိပြီး ဖိုးချစ် ဇာတ်အဖွဲ့ထဲက ၈ယောက် ပါမှာ ဖြစ် သလို မန္တလေး ဘက်က တခြားဇာတ် အဖွဲ့ သားတွေနဲ့ဆို လူ၃ဝ နီးပါးလောက် သွားကြ မှာ ဖြစ်ကြောင်းပြောပါတယ်။ဖိုးချစ် က သြဂုတ်၁၇၊ ၁၈ရက်နေ့ အမျိုးသား ကဇာတ်ရုံ မှာ မြန်မာမှု နဲ့ ပတ်သက် တဲ့ ပွဲက မှာ ဖြစ်ပါ တယ်။ ဒီပွဲ နဲ့ ပတ်သက်ပြီး ဖိုးချစ် က ” ပုဂံအော်ပရာ၊ ဆရာ ချစ် ဦးညိုရဲ့ ပေါရိသာဒရယ်၊အရည်းကြီး အော်ပရာ ၁ခုရှိမယ်၊ အရိန္ဒမ မိုး ကောင်း ကင်၊ရွှေငါးလေး အော်ပရာနဲ့ နှစ်ပါးသွားမှာလည်း အရင်တုန်းက ပုံစံနဲ့ကွဲထွက်တဲ့ နှစ်ပါးသွားတွေ ထပ်လုပ်ထားပါတယ်။

 ထူးခြား တာက လူတွေအများကြီး နဲ့ လက်ရှိဖျော်ဖြေမှု ပုံစံက နေ ကွဲထွက်ပြီး အရသာ တစ်မျိုးရအောင် စီစဉ် ထားပါတယ်။ ကျွန်တော့်ကို တွေ့နေကျ၊ ကြည့်နေ ကျပရိသတ်ရော၊ မကြည့်ဖူးတဲ့ ပရိသတ်တွေရော ဖိုးချစ်ကို ကြည့်တာ ထက် မြန်မာ့ဇာတ်ပွဲ ကိုကြည့်ရတဲ့ အနေ အထား ဖြစ်မှာပါ”လို့ ပြောပါ တယ်။

ခိုင်ဝေလွင်
Popular Journal

0 ကွန်မန့်ရေးရန်:

Post a Comment