Sunday, August 12, 2012

ဗိုလ်ချုပ်အောင်ဆန်း ကချင်လူထုထံ ပြောခဲ့သော စကားများ။



၁၉၄၆ နိုဝင်ဘာလ ၂၉ ရက် ၌
ဗိုလ်ချုပ်အောင်ဆန်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မြောက်ဘက် မန်ခိန်ကျေးရွာ
လူထု အစည်းအဝေး ၌ ကချင်လူထုထံ ပြောခဲ့သော စကားများ။
“ခင်ဗျားတို့ ကချင်လူမျိုးတွေ ကြီးပွား တိုးတက်လိုလျှင် ကျွန်တော်တို့ ဗမာတွေနဲ့ အတူတကွ ပူးပေါင်းပြီး လွတ်လပ်ရေး အတူတူယူ၇အောင်၊ ခင်ဗျားတို့ မကြီးပွားလိုလျှင် အင်္ဂလိပ်တွေရဲ့ စကားကို နားထောင်ကြပါ၊ ခင်ဗျားတို့ ဗမာကို မယုံဘူး ဆိုရင်လည်း လွတ်လပ်ရေး ရပြီးနောက် ဘယ်သူမှ မဖျက်နိုင်တဲ့ ဥပဒေ လုပ်ထားပေးမယ်”

ကချင်ပြည်နယ်ကို ကချင်များသာ အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ ဗမာများက ကချင်များအပေါ် စိုးမိုးအုပ်ချုပ်မည် မဟုတ်ကြောင်း၊ ကချင် တောင်တန်းဒေသကို ကချင်များ စိတ်တိုင်းကျ အုပ်ချုပ်နိုင်ကြောင်း၊ သို့ရာတွင် တစ်ပြည်လုံးနှင့် သက်ဆိုင်သော ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး စသည်တို့ မူတွင်ကား ကချင်ဝန်ကြီး ပါဝင်သော ဗဟိုအစိုးရ အဖွဲ့က တိုင်ပင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဘာသာရေး၌လည်း လွတ်လပ်စွာ ကိုယ်ကြိုက်နှစ်သက်ရာ ဘာသာကို ယုံကြည်ကိုးကွယ် နိုင်ကြောင်းဗမာတစ်ကျပ် ကချင် တစ်ကျပ် တန်းတူ အခွင့်အရေး၇မည် ဖြစ်ကြောင်း၊ ခင်ဗျားတို့က ဗမာ မကောင်းဘူးလို့ထင်ရင် လက်တွေ့ ပေါင်းကြည့်နိုင်ကြောင်း၊ ယခုဗမာက ယခင်ဗမာနဲ့ မတူကြောင်း ခင်ဗျားတို့ ယုံပါ။”

လူမျိုးရေးခွဲခြား လိုသော စိတ်ကြောင့် တင်ခြင်းမဟုတ်ပါ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သော စကားများကို ဒီကနေ့ အခြေအနေနဲ့ နှိုင်းယှဉ် ကြည့်ခြင်းသာ ဖြစ်ပါတယ်။
Tsaw Ra Tsaw Facebook အင်တာနက်စာမျက်နှာမှ

0 ကွန်မန့်ရေးရန်:

Post a Comment