Sunday, August 12, 2012

ကုန်းဘောင်ခေတ်တုန်းက အမှန်တရားကို အသက်နဲ့လဲဝံ့တဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ဘယ်သူလဲ *

Inbox
x





ရာထူးကျပြီးသေသော်လည်း နာမည်မကျ ။


ကုန်းဘောင်ခေတ်တုန်းက အမှန်တရားနှင့်ပတ်သက်လာလျှင် အသက်နှင့်လဲဝံ့သောပုဂ္ဂိုလ်တစ်ဦးရှိ၏။ သူသည် မင်းလိုလိုက် မင်းကြိုက်
ခစားသူများအကြားမှ မှန်မည်ထင်ရာ ယုံကြည်ရာကို ရဲဝံ့စွာ ပြောဆိုခြင်းကြောင့် ရာထူးမှ မကြာခဏ အချခံရပြီး အိမ်နိမ့်စံဘ၀ဖြင့် ကွယ်လွန်
သွားသော ၀န်ကြီးလည်း ဖြစ်ခဲ့သည်။
    သူကား ယောအတွင်းဝန် ဦးဘိုးလှိုင်ဖြစ်ပါသည်။ မင်းတုန်းမင်းနှင့် မြောက်ဆောင်တော်မိဖုရားတို့၏ မွေးစားသားအဖြစ် ချီးမြှောက်ခြင်း
ခံရ၏။ သို့ရာတွင် ဟုတ်တိုင်းမှန်ရာကို ယူဆပြောဆိုသည်ကြောင့် ရာထူးမှ မကြခဏ ချခြင်းခံရသည်။ အသက်(၂၃)နှစ်အရွယ်က
မင်းတုန်းမင်းကြီးနှင့် အယူအဆမတူ၍ တစ်ကြိမ်။ ကနောင်မင်းသား လုပ်ကြံခံရအပြီး ဗျစ်ရည်သည် ဆေးခါးကြီးနှင့်တူကြောင်း၊ အနည်းငယ်
သောက်က အပြစ်မရှိကြောင်း ပြောဆိုသဖြင့် ဒုတိယတစ်ကြိမ် ရာထူးချခံရသည်။ တတိယအကြိမ် ရာထူးချခံရပုံက သူမို့သာ လုပ်ရဲသည်ဟု
ဆိုရမည်။ အဖြစ်က ဤသို့တည်း...
     တစ်ခါသော် မင်းတရားကြီး၏ သဘောလွဲမှားနေမှုကို အကြောင်းပြု၍ ဘုရင်မင်းမြတ်သည် အစ်မ၊ နှမ၊ သမီးကညာအပ်နှင်းခြင်း၊ တံစိုး
လက်ဆောင်ဆက်သခြင်းကိုအကြောင်းပြုလျက် အတတ်မပညာမရှိသူများကို ၀န်ကြီး၊ အမတ် စသည်ဖြင့် ခန့်အပ်ခဲ့သော် တိုင်းပြည်ပျက်
တတ်ကြောင်း ဘုရင်မင်းတရားကြီးအား မထောက်မညှာ ဝေဖန်ထောက်ပြလျှောက်ထားလိုက်သည်။ ဤတွင် မင်းတုန်းမင်းတရားကြီး
စိတ်တော်ဆိုး၍ ဦးဘိုးလှိုင်အား သူ၏ဖခင် ယင်းတော်ဝန်ကြီးအားကွပ်မျက်ခဲ့သောလှံကိုပြသလျက် ထိုးမည်ပြုရာ ရင်ကိုကော့လျက်
“ထိုးတော်မူပါဘုရား”ဟု လျှောက်တင်ခဲ့သည်။ မင်းတုန်းမင်းက မထိုးဘဲ လှံကိုင်၍ အတွင်းတော် ၀င်သွားသောကြောင့်သာ အသက်
ချမ်းသာရာ ရလေသည်။ အခြားဝန်ကြီးများက အတွင်းဝန်ဦးဘိုးလှိုင်အား ဤမျှ တင်းတင်းမာမာ ဘုရင်ကို ပြန်မလျှောက်သင့်ကြောင်း
ဝိုင်း၍ ပြောကြသည်တွင် ဦးဘိုးလှိုင်က ပြန်ပြောကြားသောစကားမှာ တန်ဖိုးရှိလှပေသည်။ ဦးဘိုးလှိုင်က..
     ကျွန်ုပ်အား လှံဖြင့်ထိုး၍ သေရခြင်းကား မြတ်ပါ၏။ နေရာတိုင်း မင်းအလိုလိုက်၍ ဆောင်ရွက်ပေးနေရပါမူ မကောင်းမှုဖြစ်ပွားလာ
ပါက နိုင်ငံတော် ပျက်စီးခြင်း ရောက်လေသည်ဟု နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော် သေရကျိုးမနပ်”

     ဟူ၍ပင် ဖြစ်လေသည်။ ဤသို့ဖြင့် မင်းလိုလိုက် မင်းကြိုက်မခစားသောကြောင့် တတိယအကြိမ် ရာထူးမှ ကျလေသည်။

--
အားလုံးပျော်ရွင်ပါစေ

0 ကွန်မန့်ရေးရန်:

Post a Comment