Saturday, July 28, 2012

နတ်နှင့်လူ ကာမကိစ္စတူကြသလား

*နတ်များတစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရာတွင် အချို့ဆရာများက "ယာမာနတ်တို့သည် အချင်းချင်းဖက်ကာမျှဖြင့် ကာမကိစ္စပြီးကြ၏။ တုသိတာ နတ်တို့သည် ကိုယ်လက်သုံးသပ်ကာမျှဖြင့် ကာမကိစ္စပြီးကြ၏။ နိမ္မာနရတိနတ်တို့သည် ပြုံးကာမျှဖြင့် ကာမကိစ္စပြီးကြ၏။ ပရနိမ္မိတ၀သ၀တ္တိနတ်တို့သည် ကြည့်ကာမျှဖြင့် ကာမကိစ္စပြီးကြ၏။ အခြားနတ်တို့သည် နှစ်ဦးပေါင်းဖေါ်မှီဝဲကြခြင်းဖြင့် ကာမကိစ္စပြီးကြ၏"ဟု ယူဆကြသည်။

*ထိုသို့ယူဆခြင်းနှင့်ပတ်သက်၍ "ဤသို့ယူဆခြင်းမှာ မဖြစ်သင့်၊ အကြောင်းမှာ ကိုယ်ဖြင့်မထိသောသူအား ကာမကိစ္စကို မပြီးစေနိုင်၊ နတ်ပြည်ခြောက်ထပ် ရှိ နတ်တို့၏ကာမကိစ္စသည် လူတို့အတိုင်းသာ လူတို့နှင့်အတူတူပင်ဖြစ်၏"ဟု ရှေးအဋ္ဌကထာဆရာကြီးများ ပယ်လေသည်။

*ဖောဋ္ဌဗ္ဗာရုံကို လူတို့ကဲ့သို့ ခံစားကြသော်လည်း သုတ်သွေးထွက်ခြင်း၊ ရွှေု့လျားခြင်းမရှိ၊ သို့သော် ရဟန္တာအရှင်မြတ်များကဲ့သို့ သုတ်သွေးမရှိတော့ခြင်း ကား မဟုတ်ပေ။ နတ်သမီးများသည် လူမိန်းမတို့ကဲ့သို့ ဓမ္မတာသွေးလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ကလေးမွေးခြင်း၊ ကလေးနို့်တိုက်ရခြင်းမျိုးမရှိ။ စာတု မဟာရာဇ်နတ်သမီးများကား ဓမ္မတာသွေးလာခြင်းတို့ရှိသည်။

0 ကွန်မန့်ရေးရန်:

Post a Comment