Saturday, July 28, 2012

“ဖောင်းပြင်မြို့နယ်အင်းပေါက်ကျေးရွာအနီးကုန်တင်အမြန်ရေယာဉ်တစ်စီးတိမ်းမှောက်”



ကိုထက်(ဟုမ္မလင်း)ပေးပို့သည်။

ချင်းတွင်းမြစ်ရေကြီးသည့် ကာလတွင် ရေလမ်းကြောင်းပြောင်းလဲ ဖြစ်ပေါ်မှု တစ်ရပ်မှုတစ်ရပ်ကြောင့် ယခုလ (၂၅) ရက်နေ့က ဖောင်းပြင်မြို့နယ် ၊ အင်းပေါက်ကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းအတွင်း ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်နစ်မြုတ်ခဲ့ကြောင်းေ

ဒသခံ တစ်ဦးကပြောကြားသည်။

“ နစ်မြုတ်တယ်ဆိုတဲ့ရေယာဉ်က “ မြသန္တာ” ကုန်တင်ရေယာဉ် ဖလက်အမျိုးအစား ဖြစ်တယ်.. ရွှေပလ္လင် ၀ဲအတက်မှာ ရေကြောင်းပြောင်းလဲဖြစ်ပေါ်မှုတစ်
ရပ်ကြောင့် နစ်မြုတ်သွား တာပါ.. နစ်မြုတ်သွားတဲ့ ရေယာဉ်ပေါ်မှာက မြေတူးစက်ယန္တရားနဲ့ စက်သုံးဆီအချို့တင်ဆောင်ပြီး ခန္တီးသို့အဆန်မှာ.. အခုလိုတိမ်းမှောက်နစ်မြုတ်သွားခဲ့ရခြင်းဖြစ်တယ်လို့ ..သိထားရပါတယ်..” ၄င်းဒေသခံက ဆက်လက်၍ ပြောကြားသည်။

အဆိုပါ ရေယာဉ်သည် ဧရာဝတီမြစ်ကြောင်းမှဆန်တက်လာပြီ
း ကုန်စည်များတင်ဆောင်ကာ ချင်းတွင်းမြစ်ကြောင်းအတိုင်းခန္တီးသွားရောက်၍ ကုန်စည်ပို့ဆောင်ရာတွင် ယင်းကဲသို့ တိမ်းမှောက်နစ်မြုတ်ခဲ့ခြင်းဖြစ်သည်။

၎င်း ရေယာဉ်တိမ်းမှောက်နစ်မြုတ်ခြင်း
နှင့် ပတ်သက်၍ ဒေသဆိုင်ရာ ရေယာဉ် ကြီးကြပ်ကွက်ကဲရေးဌာန (မုံရွာ)၏ အဆိုတစ်ရပ်အရ ၎င်းရေယာဉ်သည် မုံရွာရေယာဉ်စစ်ဆေး ဂိတ်သို့ဝင်ရောက်အစစ်ဆေးခံခြင်းမရှိကြောင်း၊ ရေယာဉ်အမည်မှာ မြသန္တာရေယာဉ်ဖြစ်ကြောင်း၊ ရေယာဉ်လိုင်စင်အမှတ်မှာ(၁၁၈၃၁)ဖြစ်၍ သက်တမ်းကုန်ဆုံးရက်မှာ (၃၁.၇.၂၀၁၂)ရက်နေ့ဖြစ် ကြောင်း၊ ပိုင်ရှင်မှာ ကနီမြို့နယ်၊ မင်းအိုကျေးရွာနေ ဦးကျော်ရွှေ ဆိုသူဖြစ်ကြောင်း၊ အဆိုပါ ရေယာဉ်၏ တက်မကြီးကိုင်အဖြစ် တင်ပြထားသူမှာ ဦးမြင့်အောင်ဆိုသူဖြစ်ပြီး လိုင်စင်မှာ ( ဆတ - ၁၁၈ /၇၉ )ဖြစ်ကြောင်း၊ အခင်းဖြစ်နေရာမှာ မုံရွာမှ ခန့်မှန်းရေမိုင်အားဖြင့် (၂၅၁)မိုင်ကွာဝေးသ ဖြင့် ဖြစ်စဉ်အသေးစိပ်သိရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ThanLarWaddy Times

0 ကွန်မန့်ရေးရန်:

Post a Comment