Saturday, July 28, 2012

ရန်ကုန်မှာ သတိထားစရာ

ကျွန်တော် ဒီပြဿနာကို မနေ့ကမှ သိရတယ်ဗျာ။ ဖြစ်ခဲ့တာ တစ်ပတ်လောက်ရှိပြီပြောတယ်။ သူငယ်ချင်းတို့လည်း သတိထားလို့ရအောင် ဒီပို့စ်ကို တင်လိုက်ပါတယ်။
ဆံပင်.............ထောင်ထားတဲ့ပုံကနေ ရှည်လာတာကိုအလယ်မကျတကျခွဲထားသလိုဖြစ်နေတဲ့ပုံလို့ပြောပါတယ်။
...................(ဒါက ဆံပင်ညှပ်ရင် ၊ အတုစွပ်ရင် ၊ ဦးထုပ်ဆောင်းရင် ပုံသေတွက်မရတဲ့ အရာပါ။)
အရပ်.................၅ပေ ၆လက်မ ၀န်းကျင်။
အသားအရောင်..........ဖြူတဲ့ဘက်သွားပါတယ် ၊ အရောင်ခပ်သန့်သန့်ထဲက။
မျက်ခုံး၊ မျက်လုံး.........အားလုံးပုံမှန် ဖွဲ့စည်းတည်ဆောက်ပုံ ရှိပါတယ်။ ဘာတစ်ခုမှ
နှာခေါင်း နှုတ်ခမ်း.......လွန်ကျူးနေတာမျိုး သတိထားစရာမရှိပါဘူးတဲ့။
နားရွက်............နားရွက်မှာ နားကွင်း ၂ခုရှိတယ်။ ကြည့်လိုက်တာနဲ့ ထင်းနေတာမျိုးပါ။ ပြောင်ကွင်းတစ်ကွင်း .................စက်ဖြတ်တစ်ကွင်း။ (ဒါလည်း ပြောင်းလဲလို့ရတဲ့ အရာပါ။)
ခန္ဓာကိုယ်..........မပိန် ၊ မ၀။ ခြုံကြည့်ရင်

လူပုံခပ်သန့်သန့်နဲ့ မထင်ရတဲ့ ရုပ်မျိုးပေါ့ ခင်ဗျာ။
ပြဿနာဖြစ်တဲ့ နေရာက သီရိမင်္ဂလာဈေးဟောင်းကားမှတ်တိုင် (မြောင်းကြီးထိပ် မှတ်တိုင်လဲခေါ်တယ်) ပြောပါတယ်။ ကာယကံရှင် အစ်မက အင်ဂျင်နီယာတစ်ယောက်ပါ။ ပြောချင်တာက နုံလို့ခံရတာ
မဟုတ်ဘူးဆိုတာကိုပါ။ ကျွန်တော်အဲဒီအစ်မ မထိခိုက်စေချင်လို့ နာမည်လြွှဲပီး တင်ပြပါ့မယ်။ မဖြူလို့ပဲ အလွယ်ခေါ်လိုက်
်ကြပါစို့ဗျာ။ ဟုတ်ကဲ့ .. မဖြူက ပြန်ပြောပြခဲ့တာပါ။ (သူအကုန်မှတ်မိနေတယ်ခင်ဗျ။) အဲဒီနေ့ကမဖြူ အဲဒီမှတ်တိုင်
်မှာ ကားစောင့်နေပါတယ်။ လက်ထဲမှာလည်းစီးမဲ့ ကားခကလေးကိုင်ထားပါတယ်တဲ့။ အဲဒီအချိန်မှာ လူတစ်ယောက်က သူ့ဘေးလာရပ်လိုက် ပြန်ထွက်သွားလိုက် ၊ နောက်လာရပ်လိုက် လုပ်နေတာသတိထားမိတယ်ပြောပါတယ်။ ကားမှတ်တိုင်
်ရဲ့နောက်မှာလည်း ဇယ်ခုံတစ်ခုရှိနေပါတယ်တဲ့။ အဲဒီအချိန်မှာ အဲဒီနောက်လာရပ်လိုက် လုပ်နေတဲ့လူက မဖြူရဲ့ပုခုံးကို တစ်ချက်ပုတ်ပြီး " အစ်မ ..
အကြွေ ၂၀၀ လောက်ခဏပေးပါ။"
လို့တောင်းပါတယ်။ မဖြူကလည်း အသာတကြည်ပဲ ပေးလိုက်ပါ
တယ်။ (အဲင်္ဒိမှာ ဆေးစမိပြီလို့ကျွန်တော်ထင်ပါတယ်။) မဖြူကတော့ ဆေးဆိုတာခေါင်းထဲတောင်ရောက်မလာဘူးပေါ့
လေ။ ခုနလူကဇယ်ခုံဆီထွက်သွားပါတယ်။ ခဏနေတော့ပြန်ရောက်လာတယ်။ "အစ်မ ၂၀၀၀လောက်
ထပ်ပေးဦး"
လို့ တောင်းပါတယ်။ မဖြူလဲ ထပ်ထုတ်ပေးတာပဲ။ ခဏနေတော့ "အစ်မ ဟိုမှာကျွန်တော် ရှုံးခဲ့တယ်။ ငွေ ၄သောင်း လောက်ပါရင်ပေးဦး။" လို့ ထပ်လာတောင်းပြန်ပါတယ်တဲ့။ မဖြူက ၄၅၀၀၀ ထုတ်ပေးလိုက်ပါတယ်။
အဲဒီငွေကိုယူသွားပြီးခဏနေတော့ ငွေ၅၀၀၀ မဖြူကို ပြန်လာပေးပါတယ်။ သနားလာထင်ပါရဲ့။ လမ်းစရိတ်
ရအောင် ပြန်ပေးတာနဲ့ တူပါတယ်။မဖြူလဲ ကြောင်ပြီး ရပ်နေတုန်းပဲ။ ခဏနေတော့ အသိနဲနဲ ၀င်လာထင်ပါ့။ ရှေ့က
ကောင်လေးတစ်ယောက်လက်ထဲကငွေကို သွားလုမိတယ်ပြောပါတယ်။ အဲဒီမှာ အဲဒီနားက လူကြီး တစ်ယောက်က
လာအော်ပါတယ်။ မိန်းကလေးဖြစ်ပြီးအရှက်မရှိ သူများငွေလုရလားပေါ့။ ခုဏက ကစားဝိုင်းလည်းဘယ်ပျောက်သွားမှန်း
မသိပါဘူးတဲ့။ (ရှာကြည့်ရကောင်းမှန်း သိနေတယ်။) ငွေလာတောင်းတဲ့လူကတော့ အဲဒီနားမှာ တ၀ဲလည်လည်နဲ့ ဟိုလျှောက် ဒီလျှောက် ၊ ကွမ်းယာဆိုင်သွားရပ် လုပ်နေတာကို သူ့နောက်လိုက်ရင်တော့ ငါ့ ငွေ ပြန်ရမှာပဲဆိုတဲ့အသိ (အသိ)နဲ့ မဖြူတစ်ယောက်လျှောက်လိုက်မိနေတယ် ပြောပါတယ်။ (ဟိုလူက မျှားခေါ်သွားရင်လည်း မဖြူလိုက်သွားမိမဲ့
ပုံပါ။) မဟုတ်တာလုပ်ရင် မဖြူဘ၀ မတွေးရဲစရာအထိ ဖြစ်လာခဲ့မှာပါ။ ခုတော့ အဲလို မလုပ်တာကိုပဲ မောင်မင်းကြီး
သားကို မဖြူတစ်ယောက် ကျေးဇူးအတင်ကြီး တင်နေလေရဲ့ခင်ဗျာ။ ခဏနေတော့ မဖြူ လာနေတဲ့ကားတစ်စီးပေါ်တက်
်စီးပြီး (ဘာကားမှန်းမသိ) ပြန်လာခဲ့တယ်ပြောပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက မဖြူဟာ လူနုံတစ်ယောက
်မဟုတ်ပါ။ နောက်ပြီးအဲဒီလူရဲ့ပုံကို အတိအကျ ပြန်ပြောနိုင်တဲ့အတဲ့အထိ ၊ ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြနိုင်တဲ့အထိ အသိရှိနေပါတယ်။
နောက်ပြီး အဲဒီပြဿနာဖြစ်ခဲ့တဲ့ ပတ်ဝန်းကျင်ဟာ သူတို့လူတွေချည်းပဲနဲ့ ဖန်တီးထားတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်နေနိုင်စရာ အကြောင်းရင်းတွေ အများကြီးရှိနေပါတယ်။ နောက်ပြီး အသိဟာလုံးဝလွတ်သွားတာမျိုး မဟုတ်ပဲ တော်တော်များများကို မှတ်မိတွေးတောစဉ်းစား နေနိုင်ပါတယ်။ ဒါကတစ်ခုပေါ့ခင်ဗျာ။
နောက်တစ်ခုက ကျွန်တော့်သူငယ်ချင်းရဲ့အစ်ကို ကြုံရတာလေးတစ်ခု သူငယ်ချင်း
တွေ သတိထားနိုင်စေဖို့ ပြန်မျှပါရစေ။ သူကျတော့ဒီလိုခင်ဗျ။ ဖုန်းလာတော့ ဖုန်းထုတ်ပြီးပြောတယ်။ ပြီးတော့အိတ်ထဲ
ဲပြန်ထည့်ထားတယ်။ မိုးကလဲတော်တော်လေးရွာနေတယ်။ အဲဒီမှာ "အစ်ကို ကျွန်တော်ထီးမပါလို့ ခဏ
လောက် ခိုပါရစေ"
ဆိုပြီး ထီးအောက်ဝင်လာတယ်။ ကြည့်ရင်တော့ အသိတွေလို၊ အတူလာသလို
ိုဖြစ်နေတာပေါ့ဗျာ။ ပြီးတော့ ဘယ်နေရာ ဘာလုပ်လိုက်တယ်မသိ။ (ကျွန်တော်တွေးမိတာတော့ တစ်ခုခုနဲ့တော့ ထိ
ိလိုက်မှာပါ။) ဖုန်းတောင်းတယ်တဲ့ခင်ဗျ။သူငယ်ချင်းအစ်ကိုကလည်း အသာတကြည်ထုတ်ပေးလိုက်ဆိုပဲ။ ဖုန်းလဲရရော
ကိုယ်တော်ချောက မိုးရေထဲ နှုတ်ဆက်လက်ပြ ထွက်ခွာသွားလေတော့သတည်းပေါ့ဗျာ။ သူငယ်ချင်းအစ်ကိုလည်း မိုးရေ
ထဲ ဘယ်ရောက်မှန်းမသိ လျှောက်ကောင်းကောင်းနဲ့ လျှောက်ကျန်ခဲ့တာပေါ့လေ။ ဟုတ်ကဲ့.... မထူးဆန်းပါဘူး။ ကြားဘူးနေကျလွန်းလို့....ရိုးးးး...ဟိုးးး ...ဟိုးးးး... နေပြီ။ သူငယ်ချင်းတို့ရေ နုံတာလည်တာနဲ့မဆိုင်ပါ ခင်ဗျာ။ သွားတာလာတာ ပတ်ဝန်းကျင်လေး တစ်ချက်ရှိုးပြီးမှ သတိနဲ့ သွားပါ လာပါလို့ပဲ။ ဟုတ်ကဲ့... ကျွန်တော်တို့ မြန်မာ
မှာက လူတိုင်း ကိုယ့်ကားနဲ့ကိုယ် သွားလာနေနိုင်ကြတာမဟုတ်ဘူးလေ။အများသုံးရတဲ့နေရာတွေမှာ ခုလိုပြဿနာ
တွေက ပိုအဖြစ်များတတ်ပါတယ်။ ကိုယ့်ကားနဲ့ကိုယ်ဆိုလို့ ဒီနေရာမှာ စကားလေးကြုံတာနဲ့ .. မိုးရွာရင်ကိုယ်ပိုင်ကား
ခပ်သေးသေးက ရန်ကုန်မှာ သိပ်အလုပ်မဖြစ်ဘူးနော်....ကားစီးရင်း ရေနစ်တတ်တယ်ခင်ဗျ......ဟဲ...ဟဲ။ စီးချင် လမ်းကြိတ်စက် ၀ယ်စီး၊ အဲဒါ စိတ်ချရတယ်ဗျ။ တိုက်ရင်ပြုရင်လဲ ကိုယ်ကသိပ်အနာမရှိဘူး........ :P

လွန်တာရှိ ၀န္ဒာမိပါခင်ဗျာ။
သူငယ်ချင်းအားလုံး ဘေးကင်းရန်ကွာ ပြီး ကိုယ်ရောစိတ်ပါ အေးချမ်း သာယာကြပါစေ။

0 ကွန်မန့်ရေးရန်:

Post a Comment