Saturday, July 28, 2012

အာဇာနည်နေ့က ရွှေတိဂုံမှာ စွန့်ပစ်ခံခဲ့ရဟန်တူတဲ့ တစ်နှစ်ခွဲသားအား တွေ့ရှိ


ရွှေတိဂုံစေတီတော် မြောက်ဘက်မုဒ်ရှိ ဆံတော်တွင်း တန်ဆောင်းတွင် အာဇာနည်နေ့က တစ်နှစ်ခွဲခန့်အရွယ်ရှိ ယောကျာ်းလေးတစ်ဦးအား အုပ်ထိန်းသူမဲ့ ငိုကြွေးနေတာကို လုံခြုံရေးတာဝန်ကျသူများမှ ညနေ ၆ နာရီတွင် တွေ့ရှိခဲ့ကြပြီး ည(၉)နာရီအထိ လာရောက်ခေါ်ယူသူ မရှိခဲ့ကြောင်း ဇူလိုင်လ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
လတ်တလောတွင် ထိုကလေးငယ်အား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရှိ ၀န်ထမ်းတစ်ဦး၏ နေအိမ်တွင် စောင့်ရှောက်ထားပြီး ဒဂုံမြို့နယ် ရဲစခန်းမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

ကလေးနဲ့သက်ဆိုင်သူတွေအနေနဲ့ ကလေးကို ပြန်ခေါ်ချင်ပါက ဒဂုံမြို့နယ်ရဲစခန်းကို ဆက်သွယ်ရမှာဖြစ်ကြောင်းလည်း သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment