Saturday, July 28, 2012

မုံရွာမြို့ တွင်ဆိုင်ကယ်စီး လူငယ် ခုနစ်ဦး က လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသူများ ကို အုပ်စုဖွဲ့ ရိုက်နှက်ထိုးကြိတ်ခဲ


မုံရွာမြို့ တွင် ဇူလိုင် ၂၅ ရက် ည ၁၁ နာရီ ၁၅ ခန့် က ကျောက်ကာလမ်း ဇောတိက ဘုန်းတော်
ကြီးကျောင်းရှေ့  လက်ဖက်ရည်ဆိုင်တွင် ဆိုင်ကယ်စီး လူငယ် ခုနစ်ဦး က လက်ဖက်ရည်ဆိုင်တွင်
ထိုင်နေသူများ ကို အုပ်စုဖွဲ့ ရိုက်နှက်ထိုးကြိတ်ခဲ့ ကြသည်။ထိုး လိုက်တဲ့ သူတွေကို သိပါတယ်။ရန်ကင်းကျောင်း
အရှေ့ ဘက် သုံးလမ်းထဲ က ပြည့် ဖြိုးမောင်ခေါ် ဖြိုးမောင်နဲ့  လွင်ကိုမြင့် ခေါ် လွင်ကို တို့ ပါ။ရန်ကင်းကျောင်း
အရှေ့ ဘက် သုံးလမ်းထိပ်ထမင်းဆိုင် က အောင်ဇော်မြင့် ခေါ် ဇော်ဇော် လည်း ပါတယ်……ဟု အကြောင်းမဲ့ ထိုးကြိတ်
ခံခဲ့ရသူတစ်ဦး ကပြောပြခဲ့ သည်။လက်ဖက်ရည်ဆိုင်ထိုင် ရင်း အကြောင်းမဲ့ ရိုက်နှက်ခံ ရသူ မှာ မုံရွာပြည်သူ့ 
ဆေးရုံကြီးတွင် အရေးပေါ်ပို့ လိုက် ရပြီး ဦးခေါင်းတွင် ၅ ချက်ချုပ်ရကာ ခြေထောက်များပေါက်ပြဲဒဏ်ရာ
တင်ပါးဆုံ တွင် အရိုက်ခံဒဏ်ရာများဖြင့်  ဒဏ်ရာများဆိုးဝါးလျက်ရှိသည်။သူတို့ ကို ကျတော်တို့ မသိပါဘူး။
အရိုက်ခံရပြီး မှ ဘေးကပြောပြတာကတော့  ရန်ကင်းကျောင်းအရှေ့ ဘက် ၃ လမ်းထဲ က ဖြိုးမောင် နဲ့ 
လွင်ကို တို့  လို့သိရတယ်။သံလက်သီးလို့ ထင်ရတဲ့  မာတဲ့  အရာနဲ့  ထုလိုက်တာ ခေါင်းပေါက်သွားတယ်။

ဒါတောင် သူတို့  က လက်ဖက်ရည်ဆိုင် က ဓာတ်ဗူးနဲ့  ထုတယ်။ဓာတ်ဗူး ကွဲသွားတယ်။ ကျတော်ပြေးတယ်။
နောက်ကနေ အငြိုးနဲ့  လိုက်တယ်။ဇောတိကလမ်း အတိုင်း ဝင်ပြေးတာ နောက်က လူ ၃ ယောက်လိုက်လာတယ်။တုတ်နဲ့  ဝင်ရိုက်တယ်။တင်ပါးမှာ အရိုက်ခံလိုက်ရတယ်။ကျတော် ရန်မဖြစ်ဖူးဘူး
သူတို့ နဲ့  ရန်ငြိုးမရှိဘူး…ဟုပြောပြခဲ့ သည်။
အဆိုပါ အဖွဲ့  ၏ အချက်ပေါင်းများစွာ အ၇ိုက်ခံရသူတစ်ဦး ကလည်း သူတို့  တုတ်တွေနဲ့ 
ဝင်လာလို့  ကျတော်ပြေးတယ်။နောက်က နေ 125ဆိုင်ကယ်နဲ့ လူ၂ယောက် လိုက်တိုက်တယ်။ဘေးကို ဆင်း အရှောင်မှာ ဆိုင်ကယ်ပေါ် ကဆင်းပြီး ဒူးကို ဖြတ်ရိုက်တယ်။လဲသွားတယ်။ဆဲဆို ကြိမ်းမောင်းပြီး အချက်ပေါင်းများစွာ
၇ိုက်တယ်။ဒီလက်နဲ့  အလုပ်လုပ်တာ မို့  လား ပြောပြီး လက်တွေ ကို ပါ တုတ်နဲ့ ရိုက်တယ်။သတိလစ်သွားတယ်။ နောက်မှ ကျတော့်  လူတစ်ယောက် လာ လို့ ဆေးရုံပို့ လိုက်ရတယ်။
ဟူ၍ ပြောပြသည်။
အဆိုပါ ၇ိုက်နှက်သူ အုပ်စုမှာ ရပ်ကွက်ထဲ နှင့်  ကျောက်ကာလမ်းများပေါ်တွင် ညပိုင်းဂစ်တာ တီး သွားရင်း
ရိုက်ပွဲများစွာ ဖန်တီးလေ့ ရှိသူများ ဖြစ်ကာ ရိုက်နှက် ပြီး နောက်မနက်တွင် မပေါ်အောင် ဟန်လုပ်နေလေ့ 
ရှိပြီး ပေါ် ပါ ကလည်း မိဘ များ အကူ အညီဖြင့်  အရိုက်ခံရသူများ ကို ကျေနပ်အောင် တောင်းပန်ခိုင်းကာ
နောက်တစ်ကြိမ် ရန်ပွဲ အတွက်တာစူနေသူများဖြစ်ကြောင်းသိရသည်။
“မုံရွာ ရဲ့  တရားဥပဒေ စိုးမိုးရေး အတွက် အေးချမ်းသာယာရေးအတွက် အုပ်စု ဖွဲ့  ရိုက်နှက်သူတွေ ကို
ကူညီပါရစေ ဆိုတဲ့  ပြည် သူ့ ရဲတွေ က သေချာ ရှာဖွေ ပြီး ဖော်ထုတ်အရေးယူသင့် တယ်။ ရဲ က ထိထိရောက်ရောက် အလုပ်မလုပ်ဘူး ဆို ရင် ကျန်တဲ့  သူတွေ အတွက် လုံခြုံရေးစိုးရိမ်ရပြီ။”
ဟူ၍ ဒေသခံပြည်သူ တစ်ဦး အဆိုအရသိရသည်။
အဆိုပါ အမှု အား (ပ) ၃၂၂ ဖြင့်  မုံရွာအမှတ် ၂ ရဲစခန်း မှ ပုဒ်မ ၃၂၅ ၊၂၉၄၊ ၁၁၄ တို့ ဖြင့် ဆောင်ရွက်နေ
သော်လည်း ဇူလိုင် ၂၈ ရက်နေ့  မနက်ပိုင်းအထိ မည်သူ့  ကို မှ အရေးယူခြင်း မရှိသေးကြောင်းသိရသည်။
By: ThanLarWaddy Times

0 ကွန်မန့်ရေးရန်:

Post a Comment