Thursday, July 5, 2012

မိုဘိုင်းဖုန်းအားသွင်းစဉ် ပေါက်ကွဲမှုဖြစ်


အိန္ဒိယနိုင်ငံ ယာဘတ်မယ်ခရိုင် ဆီရိုနီရွာတွင် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးသည် အားသွင်းထားသည့် ၄င်းဖခင်၏ မိုဘိုင်းလ်ဖုန်းဖြင့် ကစားနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၄င်းကလေးငယ်၏ ယာဘက်မျက်စိတစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ကလေး၏ မျက်စိ၊ လက်နှင့် နှုတ်ခမ်းတို့တွင်လည်း ဓာတုလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သောကြောင့် ၄င်း၏ဖခင်ဖြစ်သူသည် နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် ၄င်းအား နာပူရမြို့ရှိ အစိုးရဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ဆရာဝန်များသည် ၄င်း၏ ဦးနှောက်သို့ ဓာတုပစ္စည်းများ ပျံ့နှံ့မှုများ မရှိစေရန် ခွဲစိတ်မှုများ ပြုလုပ်၍
ကြိုးပမ်းခဲ့သော်လည်း အဆိုပါ ကလေး၏ ယာဘက်မျက်စိသည် လုံးဝပျက်စီးသွားခဲ့ကြောင်း ဆရာဝန်များက ပြောကြားသည်။ နိုင်ငံအတွင်း လွန်ခဲ့သည့် နှစ်ကလည်း အလားတူ မိုဘိုင်းလ်ဖုန်း အားသွင်းနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲသည့် မိုဘိုင်းလ်ဖုန်းနှစ်ခုစလုံးမှာ တရုတ်နိုင်ငံလုပ် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

0 ကွန်မန့်ရေးရန်:

Post a Comment