Thursday, July 5, 2012

မန်းဘူတာကြီး အပေါ်ထပ်များတွင် ဟိုတယ်နှင့် ဈေးဝယ်စင်တာ ဖွင့်လိုက ငှားမည်



ဟိုတယ်နှင့် ရှော့ပင်းစင်တာ ဖွင့်လှစ်ရန် မန္တလေး ဘူတာကြီး အပေါ်ထပ် များကို ငှားရမ်းပေးသွားမည်ဟု မြန်မာ့မီးရထား လုပ်ငန်း တာဝန်ရှိသူ ထံမှ သိရသည်။
”နိုင်ငံတကာ မှာလည်း ဒီလိုပဲ ငှားရမ်းပြီးတော့ လုပ်နေကြတာပဲ။ အခုလည်း ဒီအထပ်တွေကို အလကားထားမယ့် အစား ငှားရမ်းခွင့် ပေးလိုက်တာပါ” ဟု ၄င်းက ပြော သည်။
မြန်မာ့ မီးရထားပိုင် မြေနေရာများတွင် ဆို
င်ခန်းသေးများ ဖွင့်လှစ်လိုပါက သက်တမ်း တစ်နှစ်သာ ခွင့်ပြုပေးထားပြီး၊ ယခု စီမံကိန်းများ အတွက်ကိုမူ ပထမစာချုပ် သက်တမ်း ၁၅ နှစ်နှင့် နောက်ထပ် ငါး နှစ်သုံးကြိမ် သက်တမ်း တိုးခြင်းဖြင့် စုစုပေါင်းနှစ် ၃ဝ ငှားရမ်း ပေးသွားမည်ဟု မြန်မာ့မီးရထား လုပ်ငန်းမှ တာဝန်ရှိသူ က ပြော သည်။
မြန်မာ့မီးရထားမှ ငှားရမ်းသွားမည့် အစီအစဉ်တွင် မန္တလေးဘူ တာကြီးရှိ တတိယထပ်၊ စတုတ္ထထပ်၊ ပဉ္စမထပ်နှင့် ခေါင်မိုးထပ်များ ဖြစ်ပြီး တင်ဒါ စနစ်ဖြင့် တိုင်းရင်း သား လုပ်ငန်းရှင် များကိုသာ ဖိတ်ခေါ် ထားကြောင်း သိရသည်။
ခိုင်နွယ်ဦး၊ စိုးစန္ဒာအေး

0 ကွန်မန့်ရေးရန်:

Post a Comment