Thursday, July 5, 2012

တနင်္သာရီရေပြင် ငါးမဖမ်းရ သတ်မှတ်ချက် ကမ်းနီးလှေများအား ခြွင်းချက်ထားခွင့်ပြု



ရေလုပ်သား များ၏ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် တနင်္သာရီ ငါးလုပ်ငန်း ရေပြင်တွင် ငါးမဖမ်းရ ကာလနှင့် နယ်မြေ သတ်မှတ် ထားသော်လည်း ကမ်းနီးလှေ များအား စည်းကမ်းနှင့် ညီညွတ်ပါက ဖမ်းဆီးခွင့်ပြု ပေးလိုက်ကြောင်း ငါးလုပ်ငန်း ဦးစီးမှ သိရသည်။
စည်းကမ်း သတ်မှတ်ချက်မှာ စက်စွမ်းအား မြင်းကောင်ရေ ၂၅ ကောင်ထက် မပိုသော လှေ၊ အသုံး ပြုဖမ်းဆီးသော ငါးဖမ်း ကိရိယာကို စက်အင်အားဖြင့် အတင်/ အချ ပြုလုပ်၍ ဖမ်းဆီးခြင်း မဖြစ်စေရန်၊ စက်အင်အားကို ငါးဖမ်းကွက် သို့ သွားလာနိုင်ရန် အတွက်သာ အသုံးပြုပြီး နေ့ချင်းပြန် ငါးဖမ်းဆီးသော လှေဖြစ်ရန် နှင့် ဒေသ တွင်းရှိ
မိရိုးဖလာ ငါးဖမ်းနည်း စနစ်ဖြင့် ဖမ်းဆီးသော လှေ ဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။
တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် လုပ်ငန်းရှင် များ၏ တောင်းဆိုချက် အရ ငါး သယံဇာတ ပေါများလာစေရေး အတွက် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများ တွင် ငါးမဖမ်းရ ကာလနှင့် ငါးမဖမ်း ဆီးရ နယ်မြေကို ၂ဝ၁၂ ခုနှစ် မေ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ကမ်းနီး ငါးဖမ်း လုပ်ငန်း ကို မိရိုးဖလာ ငါးဖမ်းနည်း စနစ်များဖြင့် လုပ်ကိုင် နေသော ကမ်းနီးလှေ များအား နေ့ချင်းပြန် အစား ငါးဖမ်းရက် ပြောင်းလဲ သတ်မှတ်ခြင်းနှင့် ငါး သယ်ရက်ကို ၇ ရက် တိုးမြှင့် ခွင့် ပြုပေးခဲ့ပြီး ဖြစ်ကြောင်း ၂၂/၂ဝ၁၂ ကြိမ်မြောက် သားငါး ကဏ္ဍမှ သိရ သည်။
ထက်ထက်မိုးမြင့်   

0 ကွန်မန့်ရေးရန်:

Post a Comment