Thursday, July 5, 2012

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုလွှာ တင်သွင်းမည့်ရက်အား ပြင်ဆင်သတ်မှတ်


၁၄.၆.၂၀၁၂ ရက် မြန်မာ့အလင်း သတင်းစာနှင့် ၁၅.၆.၂၀၁၂ ရက် ကြေးမုံ သတင်းစာတို့တွင် (၁) အမှတ်(၇၇/၉၁)၊ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ယခင်ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ ရုံးဟောင်း(၃)ထပ် အဆောက်အအုံ။ (၂) အမှတ် (၆၀၄/၆၀၈)၊ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ယခင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၏ ရုံးဟောင်း(၃)ထပ် အဆောက်အအုံ။ (၃) အမှတ် (၁၉/၄၃)၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ယခင်ကုန်သွယ်ရေးကော်ပိုရေးရှင်း၊ အမှတ်(၅) ရုံးဟောင်း၏ (၄)ထပ်အဆောက်အအုံ။ (၄) အမှတ် (၅၆၉/၅၇၇)၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိ ယခင်သွင်းကုန်ထုတ်ကုန်လုပ်ငန်း ရုံးဟောင်း၏ (၄)ထပ်အဆောက်အအုံ စသည့်အဆောက်အအုံများကို မူလပုံစံမပျက် ဟိုတယ်အသွင် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုလွှာများ တင်သွင်းရန် တင်ဒါခေါ်ယူခဲ့ပါသည်။ အဆိုပြုလွှာ တင်သွင်းမည့်သူများအတွက် လေ့လာရန် အချိန်ပိုမိုရရှိစေရေး ရည်ရွယ်ပြီး တင်ဒါတင်သွင်းရမည့် ၇.၇.၂၀၁၂ ရက်အစား ၇.၈.၂၀၁၂ ရက်သို့ ပြင်ဆင်သတ်မှတ်ကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဖုန်း-၀၆၇-၄၀၆၁၈၄၊ ၄၀၆၃၃၄ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment