Thursday, June 14, 2012

စစ်တွေမြို့ ကုန်းတန်းရပ်ကွက်မှာ လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိ



ဓာတ်ပုံ ဂျေမောင်မောင်(အမရပူရ)
မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခု
က ဇွန် ၁၂ ရက်ည ၁၁ နာရီခန့်က စစ်တွေမြို့ ကုန်းတန်းရပ်ကွက်နေ ဘင်္ဂါလီများ နထိုင်သည့် အောင်မင်္ဂလာကျေးရွာသွားသောလူအုပ်အယောက်တစ်ရာထဲမှ တုတ်၊ဓား၊ လှံ လက်နှက်များကိုင်ဆောင်ထားသည့် လူ ၂၉ ဦးဖမ်းမိလိုက်ကြောင်းသတင်းရရှိသည်။
လူမျိုးစုံဒေသခံများကိုဖမ်းမိခြင်းဖြစ်ပြီး ၄င်းတို့လက်ထဲတွင်လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိကြောင်းသတင်းရရှိသည်။ ယနေ့ ဇွန် ၁၄ ရက်တွင် စစ်တွေမြို့တွင်း ဆူပူအုံကြွမှုများမတွေ့ရကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

7Day News Journal

0 ကွန်မန့်ရေးရန်:

Post a Comment