Thursday, June 14, 2012

ကြက်သားသံပုရာသီး ဆီစိမ်ကြော်

 

အမြည်းမှ စားချင်တယ် ဆိုတဲ့ ကိုကိုတို့ အတွက်ပါရှင်....


ကြက်သားက ဘယ်လောက်ပဲ စားကောင်းတယ်ပြောပြော CPကြက်သားတွေက ချက်ရင်လဲဖုံပွပွနဲ
့တောကြက်သားတွေလို စားမကောင်းပါဘူး။
ကြာ်လိုက်ရင်လည်း မာကြောကြောနဲ့မို့ သူတို့ကို တစ်ခုခုနဲ့ပြုပြင်ပြီးမှ ကြော်တာ ချက်တာက ပိုပြီး ကောင်းတယ်
လို့ထင်ပါတယ်။
ဒါကြောင့်မို့
ဒီနေ့တော့ ကြက်ရင်ပုံသားကို သံပုရာရည်ညှစ်ပြီး ဆီစိမ်းတစ်ညစိမ်ပြီးကြော်စားကြည့်ရအောင် နော်...
ထမင်းဖြူလေးနဲ့စားလို့ကောင်းသလို အရက်လေး beer လေးနဲ့မြည်းချင်ပါတယ်ဆိုတဲ့ ကိုကိုတွေအတွက်လည်း
အစဉ်ပြေမှာပါရှင်...
လိုအပ်တာတွေကတော့
  • ကြက်ရင်ဘုံသား-750g
  • သံပုရာသီးကြီးကြီး-တစ်လုံး
  • ဆီ-လီတာဝက်
  • ဆား-အနည်းငယ်
  • ဟင်းခတ်မှုန့်-အနည်းငယ်
  • နနွင်းမှုန့်-အနည်းငယ် ပါပဲ။

ကြက်ရင်ဘုံသားကိုအမြှောင်းရှည်ရှည်လေးတွေလှီးပြီးဆား နနွင်း ဟင်းခတ်မှုန့်တို့နဲ့အရသာဝင်အောင်ရင်ဆုတ်ဆုတ်ပြီးနယ်ပါ ပြီးမှသံပုရာရည်ညှစ်ပြီးတစ်ခါထပ်နယ်ပေးပါ ဆီမြုပ်အောင်စိမ်ပြီးရေခဲသေတ္တာထဲတွင်တစ်ညလောက်နှပ်ပေးပါ
နောက်နေ့မနက်မှာစိမ်ထားတဲ့ဆီနဲ့ဘဲမီးအနေတော်နှင့်ကြော်ပေးပါ

ကြော်နေစဉ်ဟိုဘက်ဒီဘက်ကိုမကြာမကြာလှည့်ပေးပါ အရောင်ရဲလာလျှင်ကျက်ပါပြီ ဆယ်ပြီးဆီစစ်ပေးပါ

အရမ်းကိုကြွတ်ရွပြီးမွှေးရနံ့သင်းပျံ့တဲ့သံပုရာစိမ်ကြက်ကြော်လေးကိုစားပွဲလေးပြင်လို့ရပါပြီ

 *ရေခဲသေတ္တာအဆင်မပြေပါကသုံးနာရီလောက်ဒီအတိုင်းနှပ်ထားပြီးကြော်ရင်လဲရပါတယ်*
သူငယ်ချင်းတွေလည်း မိုးအေးအေးမှာ ကြက်ကြော်လေးနဲ့ စိတ်ကြိုက်မြည်းနိုင်ကြပါစေရှင်..
ခင်တဲ့  နှင်းဆီ

0 ကွန်မန့်ရေးရန်:

Post a Comment