Thursday, June 14, 2012

ခေါင်းမြီးခြုံ သရဲမ

ကျွန်တော်ခု ပြောပြမယ့် အကြောင်း အရာ က တော့ ကာတာနိုင်ငံ ဒိုဟာမြို့ Al Sadd Area မှာ ရှိတဲ့ Villa တစ်လုံး က ခေါင်းမြီးခြုံ သရဲမ အကြောင်းပါ ။ ကျွန်တော် က ဂူဂဲလ် က နေ ရှာပြီး ပြော တယ်လို့ထင်မှာစိုးလို့ ရှင်းပြ စရာ ရှိပါတယ် ၊ ကျွန်တော် ပြောပြမယ့် နေ ရာ ဟာ မှန် မမှန် ဆို တာ ကို မန်ဘာအားလုံး အား လေးစားသဖြင့် ယခုလိုရှင်းပြ ရခြင်း ဖြစ်ပါတယ် ။ နေ ရာ က Grand Harmad Hospital ရဲ့ ရှေ့ ဖက်ပေါ့ ၊ Lu Lu Hypermarket ဆိုတာရှိပါတယ် ၊ တစ်ဖက်မှာ White Palace Intersection ရှိပြီး တစ်ဖက်မှာတော့ Sport Round About ဆိုတာရှိပါတယ် ။ ကျွန်တော်က အဲဒီ နှစ်ခုရဲ့ ကြား ထဲ Harmad Hospital အရှေ့ဖက်၊ ခု နက ပြော တဲ့ Lu Lu Hypermarket ဖက်မှာ နေပါတယ် ။ ကျွန်တော် ရယ် ကျွန်တော့်ခွေး ( German Police Dog ) လေး တစ်ကောင်ရယ် အခန်း တစ်ခု ထဲမှာ နေ ပါတယ် ။ ကျွန်တော့်  ခွေး လေး က ကျွန်တော် သူ့ကိုတစ်လ သား ထဲ က နေ မွေး ထား တာ ပါ ၊ အိပ်ရင် အတူတူပဲ ကျွန်တော့်ဘေး အိပ်ယာပေါ်မှာ အိပ်ပါတယ် ။ ပြောစရာ ရှိလို့ ယခု လို ခွေး အကြောင်းထည့်ပြော ပြ နေ ခြင်း ပါ ။ လေ ရှည်တယ် မထင်ပါနဲ့နော် အား လုံး ။
ကျွန်တော် အဲဒီ အခန်း မှာ နှစ်နဲ့ချီပြီး နေ ခဲ့ပါတယ် ။ ဒါပေမယ့်် ဖြစ် တာ ကတော့ ဘေး အိမ် မှာ နေ တဲ့ ကုလား မ တစ်ယောက် သေ ပြီး နောက်ပိုင်းပါ ပဲ ။ အဲဒီ မှာ ရှိတဲ့ Villa တွေ က တစ်ခု နဲ့တစ်ခု သီးခြား ခြံ တွေဖြစ်ပေမယ့် အိမ်တွေ က တော့ တစ်လုံး နဲ့တစ်လုံး ဆက်နေပါတယ် ၊ နံရံ တွေပဲ ခြား ပါတယ် ၊ Villa တစ်လုံး မှာ အခန်း တွေ ကို တစ်ခန်း စီ ငှား နေ ရ ပါတယ် ၊ အောက်ထပ်မှာ တော့ မြန်မာ တစ်ချို့နဲ့ နီပေါတွေ ရှိပါတယ် ၊ အပေါ်ထပ် မှာ တော့ ကျွန်တော်ရယ် ၊ အင်ဒို က တစ်ယောက်ရဲ့ အခန်း ရယ် ၊ အခြား မြန်မာ နှစ်ယောက်စပ်ငှား နေ တဲ့ အခန်း အား လုံး ပေါင်း အပေါ်ထပ်မှာ သုံး ခန်း ပဲ ရှိပါတယ် ၊ သေသူက တော့ ကျွန်တော့်  အိမ်ခြေ ရင်း ဘက် က ပါ ။ အစ္စလာမ် ဓလေ့ ထုံး တမ်း အစဉ်အလာအရ သူ့ကို သေတော့ ထိုင်ရက်မြုပ်တယ်လို့ ကြားမိပါတယ် ၊ ဒါပေမယ့် ထားပါတော့ ကိုယ်နဲ့မှ မဆိုင်တာလေ ။ ဒါပေမယ့် တစ်ခု ရှိတာက အဲဒီ နောက်ပိုင်း မှာ ဖြစ်ပျက် လာ တယ် ဆို တာ ကို သတိထား မိလာတာပါ ၊ အရင် ကလည်း ဘာ မှ မရှိခဲ့ မဖြစ်ပျက်ခဲ့ဘူး လို့ပါ ။ ကျွန်တော် က ညဘက်ဆိုလျှင် အင် တာနက်ကို ည ၁ နာရီ ၂ နာရီ ထိသုံးပါတယ် ၊ မြန်မာ နိုင်ငံ နဲ့ဆိုလျှင် ကာ တာ နိုင်ငံ က ၃နာရီ ခွဲ ကွာ ပါတယ် ( စောပါတယ် ) ၊ စင်္ကာပူနဲ့ဆိုလျှင်တော့ ၅ နာရီ ကွာပါတယ် ၊ ဒါပေမယ့် ကျွန်တော့်  လိုင်းပေါ်မှ သူငယ်ချင်း များ ကလည်း ညလုံးပေါက်သုံး ကြပါတယ် ၊ ညဘက်ရောက်မှ တွေ့ဖြစ် ကြ တာ ဆို တော့ မအိပ်ဖြစ်ကြပါဘူး ။ မနက်ဆိုလျှင်တော့ ကျွန်တော်က မနက် ၁၀ နာရီ ထိုးမှ ထ ဖြစ်ပါတယ် ။
ကျွန်တော် ညဘက် ၁၁ နာရီလောက်ဆိုလျှင် အိမ်ရှေ့ က Balcony မှာ ဗိုက်ဆာလို့ ကိုယ့်ဘာ သာကိုယ် ဟင်း ထွက်ချက်တတ်ပါတယ် ။ အဲဒီ အချိန် ဆိုလျှင် အိမ်သာနဲ့ ကျွန်တော့် အခန်း နဲ့ ဆက်ထား တဲ့ တံခါး က အလိုလို ပွင့် လာ ပါတယ် ၊ အစ က တော့ ကျွန်တော် သတိမထား မိပါ။ နောက်ပိုင်း ကျတော့ ကျွန်တော့် ခွေး က အတော် ကို ဟောင်ပါတယ် ၊ တံခါး က လည်း ပွင့် စရာ အကြောင်းတော့မရှိပါဘူး ၊ ဘာဖြစ်လို့လည်း ဆိုတော့ လက်ကိုင်ကိုလှည့်ဖွင့် ရတဲ့ တံခါး မျိုးမို့လို့ပါ ။ တစ်ရက် ကျတော့ ည ၉ နာရီလောက်ရှိပါသေးတယ် ၊ အောက် မှာ သန့်ရှင်းရေးလုပ်တဲ့ နီပေါလေး က တံခါး လာခေါက်ပါတယ် ၊ အိမ်ခန်းထဲ ကို ခေါင်းမြီးခြုံ နဲ့ အမျိုးသမီး တစ်ယောက်ဝင်သွားတာတွေ့လို့ တဲ့ ၊ အဲဒါ သူ က ကျွန်တော့်  ဆီ က အမှိုက်လာသိမ်းရင်းနဲ့ ပြောတာ ပါ ။ သူတွေ့တာ အဲဒီအမျိုးသမီး တက်သွား တာ နာရီဝက်လောက်ရှိပြီတဲ့ ။ ပြီးတော့ ကျွန်တော်တစ်ယောက်ပဲ အပေါ်ထပ်မှာ ပြန် ရောက်နေတယ့် အချိန် ဆိုတော့ ကျွန်တော့်အသိလား ပေါ့ လေ ဆိုပြီး ဒီတိုင်း ပဲမှတ်နေပါသတဲ့ ။ ကျွန်တော့် အခန်း က အမှိုက်လာ သိမ်းတော့မှ အခန်းထဲမှာ အခြား တစ်ဦးတစ်ယောက်မှ မတွေ့လို့ သူက မေး ကြည့် တာ ပါ ။ သူတို့ (ကာတာ ) နိုင်ငံမှာ သူတို့အမျိုးသမီး များ နဲ့ အရောတဝင်ဆက်ဆံလျှင် မကြိုက် ကြ ပါဘူး ၊ အဲဒီ နိုင်ငံ က ယောကျာ်း များ က ပါ ။ သူတို့ သာ အခြား နိုင်ငံခြားသား သမီး မိန်း ကလေး များ ကို ဖျက်ဆီး တတ်ကြပါတယ် ။ ပိုက်ဆံပေါတယ် ဆိုပြီးတော့ မှ လုပ်တာပါ ၊ ပျက်စီးနေတဲ့ ဖား (ဖိလစ်ပိုင် ) မိန်း ကလေး တွေ ဆိုလျှင်အများ ကြီးပါ ပဲ ။ ကဲထားပါတော့ ။
ကျွန်တော့် ကို လည်း နီပေါလေး က စေတနာနဲ့ သတိလာပေး တာပါ ။ ရေမြေခြား သွား တော့ လည်း ဒီလိုပဲ နိုင်ငံခြား သား တွေ အချင်း ချင်းပဲ တစ်ဦးနှင့်တစ်ဦး စောင့် ရှောက် ထိန်းသိမ်း ကြ ပါတယ် ။ ဒီလိုနဲ့ ကျွန်တော် လည်း နီပေါလေး ပြော တဲ့ အမျိုးသမီးကို တွေ့ချင်လာ လို့ (ပေတလောကမှ အက်မင် များ လို ) သရဲ ဖမ်း ဖို့ ကြံစည် မိပါသေးတယ် ၊ တစ်ကယ်တော့ မဖမ်း ရဲပါဘူး ၊ ကျွန်တော် က ဟန် ကိုယ့်ဖို့သာ ရှိတဲ့လူပါ ။ဒါပေမယ့် နောက်ပိုင်း ကျ တော့ ပို ပိုဆိုးလာ ပါတယ် ။ တစ်ခြား ဘာ မှ မဖြစ်ပေမယ့်  ၊ ကျွန်တော် လူရိပ် လူယောင် မတွေ့ရပေမယ့်အခန်း တံခါး ကတော့ သူ့အလိုလို (လူဖွင့်သလို) မျိုး ပွင့် လာ တတ်ပါတယ် ၊ ကျွန်တော့်ခွေး ကလည်းး အဲဒီအချိန်ဆိုရင် တံခါး ကို ထိုး ထိုးဟောင် ပါတယ် ။ ကြာလာတော့ ကျွန်တော် စိတ် ထဲ နည်း နည်း တော့ တုန်လှုပ် မိတာ အမှန်ပါ ။ ဘုရားစာ ဆိုလည်း ကုလား သရဲ ဆိုတော့ နား လည် ချင်မှ နားလည်မှာလား လို့ တွေးမိလို့လေ ။ ကျွန်တော် ဒါနဲ့ ပဌာန်း ရွတ်ပြီး အိပ်ယာဝင် ပါတယ် ၊ ဘုရား စာ အုပ် ကို ရှေ့ချပြီး ရွတ်တာပါ။ နောက်ပိုင်း ကျွန်တော့် အခန်း ဘက် ကို လာ တာ တော့ နည်း သွား ပါတယ်။ တစ်ခြား နှစ်ခန်း ဘက်ကိုတော့ပတ်သောင်းကျန်းဆဲပါ။ ဒါပေမယ့် ခွေး ကမဟောင်တော့ပေမယ့် တစ်ခါတစ်လေ တံခါး လက်ကိုင်ကိုလှည့်သလိုမျိုး က တော့ဖြစ်ဆဲပါပဲ။
ကျွန်တော် ဟင်းချက်တဲ့အချိန်မျိုး ည ၁၀ နာရီ ၁၁ နာရီ လောက်ဆိုရင် အမြဲတမ်း တံခါး က တစ်ခုခု ထူး ခြား မြဲ ၊ ဒီအမျိုးသမီး ခေါင်းမြီးခြုံ ကိုလည်း တွေ့ တာ ၊ လူ ပြော များ လာ တာ က နီပေါလေး တစ်ယောက်တင်မဟုတ်တော့ပါဘူး ၊ အခြား မြန်မာ များပါ တွေ့လာ ကြ တာပါ ။ သူတို့အခန်း တွေ ထဲ ကို ဝင် သွား တာ ကို အရှင်း ကြီးမြင် လိုက် တာ က တော့ ဟို ဘက်အခန်း မှ မြန်မာ နှစ်ယောက်ပါ။
ဒီလိုပဲ အင် ဒို နီးရှား က လူ လည်း တစ်ည ကျတော့ညကြီးမင်းကြီး ကျွန်တော့် တံခါး ကို လာ ခေါက်ပါတယ် ၊ ချွေးတွေ နဲ့ပါ ၊ အခန်း တိုင်း အဲကွန်း အပြည့် နဲ့ နေ တာပါ ။ ဘာဖြစ်လည်း မေး တော့ သူ့အခန်း တံခါး ကို လော့ခ်ချပြီး အိပ် တာ တစ်ရေး နိုးတော့ အခန်း တံခါးက ပွင့် နေတာ တွေ့တဲ့အကြောင်း ။ ဒါနဲ့သူလည်း မေ့ပြီး လော့ခ်မချဖြစ်တာ နေမှာဆိုပြီး ပြန်ပိတ်အိပ်ကြောင်း ။ နောက်တစ်ခါ တစ်ရေး နိုးတော့ ဘေး က သူ့စားပွဲပေါ်မှာ ခေါင်းမြီးခြုံ နဲ့ ကုလား မ တစ်ယောက် တစ်ရှုံ့ ရှုံ့ နဲ့ ငိုနေ တာ ကို တွေ့  မိကြောင်း ၊သူလည်း အံသြပြီးတော့ ရုတ်တရက်ထ လိုက်တာ အဲဒီ ကုလား မ ပျောက်သွား တယ် ဆိုပြီး တော့ သူ့အခန်း မှာ မအိပ်ရဲတော့တာနဲ့ ကျွန်တော့်အခန်း မှာ တစ်ည အိပ်ပါရစေဆိုပြီး လာ ပြောတာ ပါ ။ ကျွန်တော် က တော့ မကြောက်ဘူး လေ ၊ သိတယ်မှတ်လား ၊ လူ တစ်ယောက်တည်း မှ မဟုတ်တာ ၊ ကျွန်တော့် ခွေး လည်း ရှိတာ ကိုး ဟီးးး။
ကျွန်တော် ကြုံဖူး တဲ့ ပေ တ နဲ့သက်ဆိုတဲ့ အကြောင်း အရာ များ က တော့ဒီလောက်ပါပဲ ၊ နောက်တစ်ခါပြော ပြ ဖြစ်မယ် ဆိုလျှင် သူများ ပြော ပြ တဲ့ အကြောင်း အရာ များ ပဲ ပြော ပြ ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော့် ကိုယ်တွေ့မရှိတော့လို့ပါ ။ ဒါပေမယ့်သူများ ပြော တိုင်းလည်း ကျွန်တော် က ဘယ်နေရာမှာလည်း ၊ ဘယ်သူတွေ့တာလည်း ၊ မင်း ကိုယ်တိုင် ကြုံတာလား လို့မေး လွန်း လို့ ကျွန်တော့ကို သိပ်မပြော ပြ ချင် ကြပါဘူး ။
အက်မင်များလိုလဲ ကျွန်တော် က စိတ်ချောက်ခြားေ အာင် မရေး တတ်သေးပါဘူး ဗျာ ။ ဒီတော့ဖတ် ရတာ အဆင် မပြေဖြစ်လျှင်လည်း သည်းခံပြီးသာဖတ် ပေး ကြပါ ၊ ကျွန်တော် က အကြောင်းအရာ နဲ့ နေရာ ကိုပဲ အဓိက ဖြော်ပ တတ်လို့ပါ ။
(နောက်တစ်ခါ ဆိုလျှင် ကျွန်တော့်အမေ ပြော ပြ တဲ့ စစ်ကိုင်းတိုင်း ကသာ ရဲ့ တစ်ဖက်ကမ်း ကမ်းနီ ဘက်မှာ ရှိတဲ့ ဘုန်း ကြီး ကျောင်း အို ကြီး တစ်ခု က မကျွတ်မလွတ်တဲ့ နိုင်ငံခြားသား သုံး ယောက် အကြောင်းပြော ပြ ပါ့မယ် ။ ဖတ်ပြီးသူများ အနေနှင့်တော့ကွဲလွဲမှုများ ရှိခဲ့ပါလျှင် ကျွန်တော် ၏ မှားယွင်းမှုသာဖြစ်ပါကြောင်း ကြိုတင် အသိပေးတောင်းပန် ပါတယ် )

0 ကွန်မန့်ရေးရန်:

Post a Comment