Wednesday, June 20, 2012

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်နိုင်ရန် ယာယီကော်မတီဖွဲ့

Inbox
x

Dr Sithu dr.sithu1981@gmail.com




ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ
ပြန်ဆောက်နိုင်ရန် ယာယီကော်မတီဖွဲ့
ရန်ကုန်၊ ဇွန်-၁၈
သမိုင်းအစဉ်အလာကြီးမားခဲ့သောရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံ
ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကျောင်းသားသမဂ္ဂ အဆောက်အအုံ
ပြန်လည်တည်ဆောက်ရေးကော်မတီ(ယာယီ)ကို ဇွန် ၁ ရက်က
ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ကော်မတီကို နာ ယက၊ အကြံပေး၊ လုပ်ငန်းဆပ် ကော်မတီတို့ဖြင့်
ဖွဲ့စည်းသွားမည် ဖြစ်ပြီး ကော်မတီအဖွဲ့တွင် ၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊
ကိုဌေးကြွယ်တို့ပါဝင်ကာ နာယကအဖွဲ့တွင် ဆရာကြီး ဒဂုန်တာရာလည်းပါဝင်သည်။
“အတည်ဖွဲ့နိုင်ဖို့ လော လောဆယ်အတိအကျ မပြောနိုင် သေးဘူး။ ဒါပေမဲ့
အမြန်ဆုံးဖြစ် အောင် ကြိုးစားမှာပါ။ ၁၉၆၂ ခုနှစ်ရှေ့က မျိုးဆက်ဟောင်းတွေ
၁၉၇၄-၇၅ ခုနှစ်က မျိုးဆက် သစ်တွေ၊ ၈၈ အဖွဲ့က မင်းကိုနိုင် တို့အဖွဲ့တွေ၊
လူငယ်မျိုးဆက်တွေ နဲ့ အဓိကပါဝင်ဖွဲ့စည်းသွားမှာပါ” ဟု
ကျောင်းသားသမဂ္ဂအဆောက် အအုံ ပြန်လည်တည်ဆောက် ရေးကော်မတီယာယီမှ
ကော်မတီဝင်ကိုညိုထွန်းက ပြောသည်။
ထို့ပြင် အဆိုပါ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ရာတွင်
တည်ဆောက်ရေးဆိုင်ရာ ဒီဇိုင်းများအတွက် စက်မှုတက္ကသိုလ်မှ မြို့ပြ
အင်ဂျင်နီယာကျောင်းသားဟောင်းများကို
ပါ တစ်ပါတည်းခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျောင်းသားသမဂ္ဂ ပြန် လည်တည်ဆောက်ရေးဆိုတာ အ မျိုးသားပြန်လည်သင့်မြတ်ရေးအ
တွက် အရမ်းကိုအရေးပါပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားတွေ
အားလုံးစုစုံခဲ့တာပါ” ဟု ၈၈ မျိုး ဆက်ကျောင်းသားအဖွဲ့မှ ဦးကိုကို ကြီးက
ပြောသည်။
ဇွန်လဆန်းပိုင်းက နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးခေါင်းဆောင်
ဒေါက်တာ ဦးမြင့်ကလည်း ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်
တည်ဆောက်ရေးအတွက် အိတ် ဖွင့်ပေးစာတစ်စောင်ကို ပြည်သူများထံ
ဖြန့်ဝေခဲ့သည်။
ရန်ကုန်တက္ကသိုလ် ကျောင်း သားသမဂ္ဂ အဆောက်အအုံကို၁၉၃၀ ဇွန်လတွင်
ဆောက်လုပ်ပြီးစီးခဲ့ပြီး နိုဝင်ဘာ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ထို့နောက်
၁၉၆၂ ဇူလိုင် ၈ ရက်တွင် မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသည်

          7day news journal

0 ကွန်မန့်ရေးရန်:

Post a Comment