Wednesday, June 20, 2012

ကားဝယ်မလို့

ဇွန်၁၇ရက်နေ့က နေပြည်တော်ကsss(super seven stars)ကားအရောင်းပြခန်းကိုရောက်တယ်
ခပ်တည်တည်ပဲ ... ၄ ယောက်သား ကားတွေကိုကြည့်ကြတာ
ကားတွေက စုံနေတာပဲ ... ပါဂျဲရိုး, ပရာဒို, ဟာရီးရား, အယ်လဖတ်,.......အားကြီးပဲ
ကားတွေရှေ့မှာ ကဒ်ပြားလေးတွေနဲ့ ရေးထားတယ်
ဥပမာ...ပရာဒို အစိမ်းပုပ်ရောင်ဆို  အပေါ်စာက 147 သိန်းလို့ရေးပြီး အောက်မှာ 11 သိန်း 24 လ
ဒါမျိုးတွေ ရေးထားတော့ 100 နဲ့ 150
ကြားလောက်တွေပေါ့နှော်
("ဟ... ဒါဈေးလောက်ကတော့ 2 စီးလောက် ၀ယ်ပစ်လိုက်မယ်"လို့ 'ကျူရှင်ဆရာ' က ပြောတယ်
သူက သူဌေးပေါက်စဆိုတော့ ပြောအားရှိတာပေါ့ ... အခုလာတာလည်း သူ့ light truck နဲ့လာကြတာ
ကျူရှင်ဆရာက ပရာဒိုကိုကြိုက်တာ ... မျက်လုံးက အဲဒီက မခွာဘူး...
သူက လွင်မိုး ပါဂျဲရိုးနဲ့ မြန်မာပတ်တာကို အားကျနေတာ)
ကျူရှင်ဆရာ့ဘော်ဒါ 'လယ်သမား' (ရွာက အုပ်ချုပ်ရေးမှူး)ကလည်း နည်းနည်းစိတ်ကူးယဉ်နေပြီ
သူကတော့ အယ်လဖတ်တဲ့ ... သူက ၀ယ်သာမ၀ယ်နိုင်သေးတာ
အလွန် စတိုင်ထုတ်ချင်တာ ... အခုလည်း သူတစ်ယောက်ပဲ ပိုက်ဆံအိတ်ကြီး ကိုင်လာတာ
ပိုက်ဆံအိတ် 60000 ကျော်တန်၊ ရေဘင်မျက်မှန်၊ 555 စီးကရက်ဘူးက လက်ကကိုင်လို့ဆိုတော့
အရောင်းပြခန်းက ကောင်မလေးက သူ့နားပဲ ကပ်တတ်ကပ်တတ် ... ရှင်းပြနေတာပါ
ကျန်တဲ့ 2 ယောက်ကတော့ အဖော်ဆိုပါတော့ ... မကွေးတိုင်းထဲက လာကြတာ
7 day News ဂျာနယ်မှာ sss က ကြော်ငြာတစ်ခါပါလာကတည်းက စိတ်ကူးယဉ်နေကြတာ
ကားတစ်စင်းစီပုံမှာ ရေးထားတာ ကားဈေးနှုံးတွေမှတ်ပြီး 30%တွေဘာတွေတွက်ပြီး ချီတက်လာခဲ့ကြတာ
ငွေ သိန်း 100 လောက်နဲ့ ကားပိုင်ဖြစ်နိုင်ပြီ ဘာညာနဲ့ ဂျာနယ်တွေမှာ ရေးတဲ့သူတွေကလည်း ရေးနေကြတော့
နယ်မှာတော့ ဂျာနယ်ဖတ်ပြီး စိတ်ကူးယဉ်တဲ့သူတွေ အများသား
"ဟ... ဒီဈေးလောက်ကတော့ 2 စီးလောက် ၀ယ်ပစ်လိုက်မယ်"လို့ 'ကျူရှင်ဆရာ' က ပြောတယ်
ကျူရှင်ဆရာပြောတာကို အနားမှာရပ်နေတဲ့ အရောင်းပြခန်းကကောင်မလေးကြားတော့
"ဦးလေး ... အဲဒါတွေက 30% ရေးထားတာ" တဲ့
မနည်းမျက်နှာပျက်မသွားအောင် ဣနြေ္ဒဆည်ပြီး "အိမ်း သိတယ်" လို့ ခပ်တည်တည် နေလိုက်ရတယ်
အဲဒီမှာ အဖော်ပါလာတဲ့ သချာင်္ဆရာတော်တာက ကောင်မလေးကပ်နေတဲ့ ဗိုလ်စတိုင်နားသွားပြီး
"မင့်သမီးက အဲဒီအရောင် ကြိုက်ပါ့မလား" လို့ စကားဝင်ဖာတယ်
ဟုတ်တယ်လေ ... ပြန်ဖို့ ဇာတ်လမ်း စသင့်နေပါပြီ
ဣနြေ္ဒမပျက် တပ်ဆုတ်သင့်နေပြီ
ဒါပေမယ့်လည်း ... အရစ်ကျနဲ့ရောင်းမှာရယ် ... ၀ယ်နိုင်တဲ့အခါကျရင်(စိတ်ကူး) သိပြီးဖြစ်အောင်ရယ်
ရောက်လက်စနဲ့ရယ်ဆိုတော့ ကျူရှင်ဆရာနဲ့ လယ်သမားဗိုလ်စတိုင် မျက်နှာပြောင်ပြောင်နဲ့
ကားတွေကို ဆက်ငေးနေကြတယ်
သချာင်္ဆရာက ဆက်ဖာပါတယ် ... ကောင်မလေးကိုမေးတယ်
"ဒါအကုန်ပဲလား" ...တဲ့
                                                                                                                   ဇော်ထွန်း
(ကြော်ငြာပေးလို့ ပရာဒိုတစ်စီးပေးမယ်ဆို zawtun3304@gmail.com ကိုဆက်သွယ်ပါလို့...အဟင့်)

0 ကွန်မန့်ရေးရန်:

Post a Comment