Wednesday, June 20, 2012

အိန္ဒိယနိုင်ငံ၌ ဘတ်စ်ကားတိမ်းမှောက် ၃၂ ဦးသေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ



အိန္ဒိယနိုင်ငံ၌ ဘတ်စ်ကားတိမ်းမှောက် ၃၂ ဦးသေဆုံး၊ ၂၀ ကျော်ဒဏ်ရာရအိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရတ်ရှစထရာပြည်နယ်တွင် ဘတ်စ်ကားတစ်စီး တံတားပေါ်မှ တိမ်းမှောက်ထိုးကျသွားသဖြင့် အနည်းဆုံး ၃၂ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ နယူးဒေလီမြို့တော် တောင်ဘက် ၇၂၆ မိုင်အကွာ အော့စမန်နာဘတ်မြို့ ဆင်ခြေဖုံးဒေသရှိ တံတားပေါ်မှ အဆိုပါ ဘတ်စ်ကားသည် ဇွန် ၁၇ ရက်က တံတားအောက်သို့ ထိုးကျတိမ်းမှောက်သွားခြင်းဖြစ်သည်။ လိုက်ပါလာသူများမှာ မဟာရတ်ရှစထရာပြည်နယ် အာမက်နာဂါခရိုင်မှ နေအိမ်သို့အပြန်တွင် ယင်းသို့ ကားမှောက်သည့် အဖြစ်ဆိုးနှင့် ကြုံရခြင်းဖြစ်သည်။ (အင်တာနက်)

0 ကွန်မန့်ရေးရန်:

Post a Comment