Friday, May 18, 2012

ဖုတ်ကောင်ဖြစ်ပွားမှုပျံ့နှံ့ခြင်းဖြစ်နိုင်ခြေရှိကြောင်း သိပ္ပံနည်းကျအကြောင်းပြချက် ၅ ခု (အပြည့်အစုံ)

Inbox
x

Ko Zombie zombiemyanmarblog@gmail.com
4:38 PM (22 hours ago)

to mrsorcerer, auroragenerati.
ဖုတ်ကောင်ဖြစ်ပွားမှုပျံ့နှံ့ခြင်း ဖြစ်နိုင်ခြေရှိကြောင်း သိပ္ပံနည်းကျ အကြောင်းပြချက် ၅ ခု
          ဖုတ်ကောင်များအမှန်တကယ် ရှိ/မရှိ နဲ့ ပတ်သက်ပြီး တစ်ချို့က ငြင်းပွားနေကြတယ် လို့ထင်ပါတယ်။ Mail ကနေတစ်ဆင့် လှမ်းမေးကြတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ။ ကျွန်တော်ကတော့ ဖုတ်ကောင်တကယ်ရှိ/မရှိ ဆိုတာထက် ဖုတ်ကောင်ဖြစ်ပွားမှု ပျံ့နှံ့ခြင်း တစ်နည်းအားဖြင့် Zombie Apocalypse ဖြစ်ပေါ်လာရင် ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ သိထားပြီး အဆင့်သင့်ဖြစ်နေစေချင်တာပါပဲ။ အဲဒါမှ ကပ်ဆိုးကြီးကြုံလာတဲ့အခါ အသက်ရှင်သန် ကျန်ရစ်မှာ ဖြစ်ပါတယ်။ အပေါ်မှာရေးထားတဲ့ ခေါင်းစဉ်ကတော့ ဖုတ်ကောင်ဖြစ်ပွားမှုပျံ့နှံ့ခြင်း ဖြစ်နိုင်တဲ့ အကြောင်းအရာများကို သိပ္ပံနည်းကျ လေ့လာထားပြီး ဖြစ်နိုင်ခြေ အကြောင်းပြချက် ၅ ခုကို ဖော်ပြထားတာဖြစ်ပါတယ်။ ဖုတ်ကောင်များ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ကြောင်းကို သိပ္ပံ စမ်းသပ်ချက်တွေနဲ့ အခိုင်အမာရှင်းပြထားပါတယ်။ ကျွန်တော်တို့ သိရှိထားသင့်တဲ့ အကြောင်းအရာ များဖြစ်တဲ့အတွက်ကြောင့် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။
          ကျွန်တော်တို့ လူသားတွေမှာ အကြောက်တရားတွေ အမြဲဖုံးလွှမ်းလျက်ရှိပါတယ်။ ဥပမာအနေနဲ့ ကလေးတစ်ယောက်ကို သချုင်္ီင်းကုန်းအတွင်း ညဘက်၌ တစ်ယောက်ထဲထားခဲ့ပါက ကြောက်စိတ်များ အလိုလို ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီကလေးကို ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ သေနတ်ပေးထားရင်တောင် ကြောက်စိတ် ဆိုတာဖြစ်လာမှာပါ။ အဲဒါက လူတွေရဲ့ ဗီဇမှာပါလာတဲ့ ကြောက်စိတ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုအတွင်း အထူးသဖြင့် ဘာသာရေးကစလို့ ရုပ်ပြစာအုပ်အဆုံး ဖုတ်ကောင်များနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အများအပြားရှိပါတယ်။ အဲဒီ ဖုတ်ကောင်တွေဟာ တကယ်ဖြစ်ပေါ်နိုင်လား၊ လူတွေကိုကြောက်ရွံ့ထိတ်လန့်စေဖို့ တမင်ဖန်တီး ပြောဆိုတာတွေလားဆိုတာကို ယနေ့တိုင် လူတွေငြင်းခုန်နေကြတုန်းပါပဲ။ စာဖတ်သူကော ဖုတ်ကောင်တွေ တကယ်ဖြစ်ပေါ်လာနိုင်တယ်လို့ ယုံပါသလား။ ကျွန်တော်ဆက်လက်တင်ပြမယ့် အကြောင်းအရာများကို ဖတ်ကြည့်လိုက်ပါခင်ဗျာ။ ဖုတ်ကောင်တွေ အမှန်တကယ်ဖြစ်ပေါ်လာနိုင်တဲ့ သိပ္ပံနည်းကျ အကြောင်းပြချက် ၅ ခု ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
(၁) ဦးနှောက်ကပ်ပါးပိုး (Brain Parasite - Toxoplasmosa Gondii)
(၂) အာရုံကြောဆိုင်ရာ အဆိပ်များ (Neurotoxins)
(၃) ရောဂါဖြစ်ပွားမှုပြင်းထန်သော ဗိုင်းရပ်စ်ပိုးများ (The Real Rage Virus)
(၄) အာရုံကြောဆိုင်ရာ cell များ အသစ်ပြန်လည် ဖြစ်ပေါ်လာခြင်း (Neurogenesis)
(၅) ကိုယ်အင်္ဂါအတွင်းရှိ အလွန်သေးငယ်သော စက်ရုပ်များ (Nanobots)
ဒီအကြောင်းပြချက်များကို ရေးထားတာတော့ ကြာပါပြီ။ ၂ လ လောက်ရှိပြီ။ ကျွန်တော်မအားသေးလို့ မတင်ဖြစ်တာပါ။
အခုတော့ ပြည့်ပြည့်စုံစုံဖြစ်အောင် တင်ထားပါတယ်။ စိတ်ပါဝင်စားသူများကို ၀င်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
အောက်ပါ link တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။
http://zombiemyanmar.blogspot.com --

0 ကွန်မန့်ရေးရန်:

Post a Comment