7:52 PM
Latha Mobile 0945 000 1727

လင်းဇော်ထက် linnzawhtike@gmail.com
|
|
7:41 PM (9 minutes ago)
|
|
|
|
|
စိန်မာဒင်
အမည်ဖြင့် တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့ပြီး
မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို)၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်မာဒင်
အသက် (၇၉)နှစ်သည် ၁၃.၅.၂၀၁၂ ရက်နေ့ နံနက် (၇း၄၅) နာရီအချိန်တွင်
သုခကမ္ဘာအထူးကုဆေးရုံကြီး၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါဖြင့်
ကွယ်လွန်သွားခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍
ကျန်ရစ်သောရုပ်ခန္ဓာအား သယ်ဆောင်၍ ရေဝေးသုဿန်အအေးခန်းသို့ ကူညီဖေးမ
ပို့ဆောင်ပေးခဲ့ပြီး ၁၇.၅.၂၀၁၂ ရက်နေ့ နေ့လည် (၁) နာရီအချိန်၌
ရေဝေးသုဿန်တွင် ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင်
အနုပညာရှင်များ၊ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းများနှ
င့်အတူ
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများတို့မှ စည်ကားသိုက်မြိုက်စွာ
ကူညီဖေးမခဲ့ကြသည်။ ဦးစိန်မာဒင်သည် “မဟာရန်ကုန်စံပြ” ဇာတ်သဘင်အား
ထူထောင်ခဲ့ရာ ယနေ့ချိန်ထိ သက်တမ်း အားဖြင့် (၄၈)နှစ်တိုင်ခဲ့ပြီဖြစ်သည်။
“ဖိုးတဝမ်နှင့် ရွှေမင်းသား” ဇာတ်ထုပ်၊ မြနန်းရှင် သိုက်သမိုင်းစသည့်
သိုက်သမိုင်းများလည်း အောင်မြင်မှုများရရှိခဲ့ပြီး “အရိန္ဒမာ”
ဇာတ်တော်ကြီးဖြင့်လည်း အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သည်။ မြန်မာပြည်ရှိ
ပရိသတ်များ၏ အမြင်တွင်စိမ်းနေသည့် ဘဲလေးအက အား တစ်ခေတ် တစ်ခါတုန်းက
“အသည်းအေးတဲ့ ဘဲလေး” အဖြစ် မိတ်ဆက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ နာမည်ကြီး
လူကြိုက်များသည့် ဇာတ်မင်းသားတစ်ယောက် ဖြစ်ရုံမက သားနှင့် မြေးများဖြစ်သည့်
မိုးဝင်း၊ မိုးမင်းနှင့် ဟန်ဇာမိုးဝင်းတို့၏ ခေတ်တွင်လည်း ဇာတ်သဘင်လောက၌
လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြား သူများဖြစ်အောင်
ပြုစုပျိုးထောင်နိုင်ခဲ့သူတစ်ဦ
းလည်းဖြစ်ပေသည်။




(ကျော်သူ)
Posted in:
0 ကွန်မန့်ရေးရန်:
Post a Comment