Friday, May 18, 2012

ဝါယာရှောစ့်ကြောင့် စမ်းချောင်းဈေး၌ မီးလောင်မှုဖြစ်ပွား

Inbox
x

လင်းဇော်ထက်
12:57 PM (24 minutes ago)

to mrsorcerer
Inline image 1
 မေလ ( ၁၈ )ရက်နေ့ နံနက် ၁နာရီ ၅မိနစ် အချိန် က စမ်းချောင်း မြို့နယ် ၊ကျွန်းတော( မြောက် )ရပ်ကွက်ဗဟို လမ်းရှိ ရှမ်းလမ်းဈေးခေါ် ဂွဈေး၌ လျှပ်စစ်ဝါယာရှောစ့်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိုဈေး၌ ဆိုင်ခန်းပေါင်း ( ၃၁၈)ခန်းရှိသည့်အနက် ဆိုင်ခန်း ( ၂၃၃ )ခန်းမီးလောင် ပျက်စီးခဲ့ ပြီး ငွေကျပ် ( ၃၄၉ ဒဿမ ၅ ) သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှသိရသည်။ ထိုမီးလောင်မှုမှာ အဆိုပါဈေးအတွင်းရှိ ဈေးရုံအမှတ် ရုံ ( ဃ )၊ဆိုင်ခန်း အမှတ် ( ၁ )တွင်ဖွင့်လှစ်ထားသော ဒေါ်သန်းအေး၏ ဆိုင်၌လေးပေ မီးချောင်း ဖွင့်ထားရာမှ အပူလွန်ကဲရာ မီးလောင်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းနှင့် မီးလောင်မှုအား မီးသတ်ဦးစီး ဌာနမှ မီးသတ်ယာဉ် ( ၃၈ )စီး၊ အထောက်အကူပြုယာဉ် ( ၆ )စီး၊အုပ်ချုပ်မှုယာဉ် ၉စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့်မီးလောင်မှုဖြစ်ပွားအပြီး တစ်နာရီခွဲခန့် တွင် မီးငြိမ်း သွားခဲ့ကြောင်းသိရ သည်။ထိုမီးလောင်မှုနှင့် ပတ်သတ်၍ စမ်းချောင်းရဲစခန်းမှ ဒေါ်သန်းအေးအား ( ပ )၁၄၈ / ၂၀၁၂ ( ပုဒ်မ )၂၈၅ ဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
Inline image 2
(EMG)   ဖေ့ဘုတ်မှာဆက်ကြည့်

0 ကွန်မန့်ရေးရန်:

Post a Comment