Wednesday, May 16, 2012

ကလေးငယ်တစ်ဦးကျောက်ကပ်အစားထိုးကုသရန် အလှူရှင်လိုအပ်နေ



လှိုင်သာယာမြို့နယ်၊ ရွှေလင်  ပန်းရပ်ကွက်၊ ဘောလုံးကွင်း၊ မြေ  တိုင်း ၂၆ နေ ဒေါ်သန်အေးနှင့် ဦးလှစိုးတို့၏ သမီးဖြစ်သူ မထက်ထက်အောင်မှာမွေးရာပါ ကျောက်ကပ်ချို့ယွင်းနေသဖြင့် အစားထိုးကုသနိုင်ရန် အလှူရှင်  လိုအပ်နေကြောင်း သိရသည်။
အဆိုပါ မထက်ထက်အောင်  မှာ မွေးရာပါစအိုပေါက်မပါရှိခြင်း ကျောက်ကပ်ချို့ယွင်းနေခြင်းကြောင့် ဆက်လက်အသက်ရှင်နိုင်ရန် ခွဲစိတ်ကုသမှုများပြုလုပ်ရန်လိုအပ်  လျက်ရှိသည်။
““စအိုပေါက်ကိုတော့ ဆေးရုံ က အကူအညီနဲ့ ဖောက်ခဲ့ပါတယ်၊ အခုကျောက်ကပ်တစ်ခြမ်းပဲပါ တယ်ဆိုတာတော့ ဒီ ၈လပိုင်းက မှ သိရတာ၊ ဆေးရုံက သိန်း ၁၀၀ လောက်ကုန်မယ်ပြောတယ်၊ ဒီ လောက်ကြီးဆိုတော့ သူတို့လည်း အဆင်မပြေဘူးတဲ့၊ အလှူရှင်ကို ရှာပါလို့ပြောတယ်၊ မွေးရာပါဖြစ် နေတာပါ၊ စအိုဖောက်ရင်း အာရုံ ကြောလည်းထိမိသွားပါတယ်၊ ကလေးကို ဆေးကုတာက တစ်ပတ်   ၁၀၀၀၀ကုန်ပါတယ်၊ ပိုက်ဆံမရှိ ရင် ဆေးကဒ်လေးဝယ်တိုက်ပါ တယ်၊ ကလေးက အာရုံကြောထိမိ၊ ကျောက်ကပ်မကောင်းတော့ ဆီး အမြဲထွက်ကျနေတယ်၊ ကိုက်ခဲ တယ်၊ ဆေးရုံကတော့ ကျောက် ကပ်အရမ်းအားနည်းလာရင် ဆေး  ရုံတက်ရမယ်၊ ဆေးထိုးပေးမယ်လို့  ပြောပါတယ်၊ ကလေးအတွက် အလှူရှင်ကိုတော့ရှာပါတဲ့။ ကလေး  က အသက် ၈ နှစ်ပါပြီ””ဟု မထက်ထက်အောင်၏ မိခင် ဒေါ်သန်းအေးကပြောသည်။


Hot News မှ ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment